Monday, March 23, 2015

တနိုင်ငံလုံး ၀မ်းနည်းခြင်း အထိမ်းအမှတ်ကာလ စင်ကာပူကြေညာ



ကွယ်လွန်သူ နိုင်ငံခေါင်းဆောင် လီကွမ်ယုကို လေးစားဂုဏ်ပြုတဲ့အနေနဲ့ မတ် ၂၃ ရက်ကနေ ၂၉ ရက်အ ထိ သီတင်းတပတ်ကြာ စင်ကာပူနိုင်ငံရဲ့ တမျိုးသားလုံးဝမ်းနည်းခြင်း အထိမ်း အမှတ်ကာလအဖြစ် ၀န်ကြီး ချုပ်က ကြေညာလိုက်ပါတယ်။


ဝမ်းနည်းခြင်းအထိမ်းအမှတ် နိုင်ငံတော်အလံကို အစိုးရုံးတွေအားလုံးမှာ ဒီကနေ့စတင် တိုင်တ၀က် လွှင့်ထူ
မှာဖြစ်ပြီး ပြည်သူတွေ သွားရောက်ဂါရ၀ပြုနိုင်ဖို့အတွက်လည်း သူရဲ့ရုပ်အလောင်းကို မတ် ၂၅ ရက်မှ ၂၈ ရက်အထိ ပါလီမန်လွှတ်တော်အဆောက်အဦမှာ ထားရှိမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သမ္မတ အိမ်တော်နဲ့ ပါလီမန်အပြင်ဘက်မှာ ထားရှိမယ့် ၀မ်းနည်းမှတ်တမ်းတွေမှာ လီကွမ်ယုအ တွက် အမှတ်တရ ဆုတောင်းတွေ ရေးနိုင်သလို ဖေ့စ်ဘွတ်နဲ့ ၀က်ဆိုက် အင်တာနက်စာမျက်နှာတွေလည်း သီးသန့် ဖွင့်လှစ်ပေးထားပါတယ်။

အလားတူ ပြည်ပနိုင်ငံတွေမှာ ဖွင့်လှစ်ထားတဲ့ စင်ကာပူသံရုံးတွေမှာလည်း ၀မ်းနည်းမှတ်တမ်းစာ အုပ်တွေ ဖွင့်လှစ်ပေးထားမယ်လို့ ကြေညာထားပါတယ်။

စင်ကာပူနိုင်ငံကို ထူထောင်သူလည်းဖြစ် ပထမဆုံး ၀န်ကြီးချုပ်လည်းဖြစ်တဲ့ လီကွမ်ယုဟာ အသက် ၉၁ နှစ် အရွယ် မတ် ၂၃ ရက် မနက် ဒေသစံတော်ချိန် ၃ နာရီ ၁၈ မိနစ်မှာ ကွယ်လွန်သွားတယ်လို့ ၀န်ကြီးချုပ်ရုံးက ထုတ်ပြန် ကြေညာပါတယ်။

လီကွမ်ယုရဲ့ နိုင်ငံတော်ဈာပနကိုတော့ မတ် ၂၉ ရက် တနင်္ဂနွေနေ့ မွန်းလွဲ ၂ နာရီမှာ စင်ကာပူ အမျိုးသား တက္ကသိုလ် ယဉ်ကျေးမှုဗဟိုဌာနမှာ ကျင်းပမှာ ဖြစ်ပါတယ်။

DVB

No comments:

Post a Comment

My Blog List