Thursday, January 31, 2013

မူလတန်းပညာ ဆုံးခန်းတိုင်အောင် သင်ကြားနိုင်ရေး အပါအ၀င် အခြား ကဏ္ဍများအတွက် သြစတေးလျနှင့် ဗြိတိန်နိုင်ငံတို့မှ ဒေါ်လာသန်း ၅၀၀ ကျော် ထောက်ပံ့မည်

Photo: မူလတန်းပညာ ဆုံးခန်းတိုင်အောင် သင်ကြားနိုင်ရေး အပါအ၀င် အခြား
ကဏ္ဍများအတွက် သြစတေးလျနှင့် ဗြိတိန်နိုင်ငံတို့မှ ဒေါ်လာသန်း ၅၀၀ ကျော် ထောက်ပံ့မည်
Thursday January 31, 2013

မြန်မာနိုင်ငံ၏ ပညာရေးနှင့် ပတ်သက်သော ထောင်စုနှစ် ရည်မှန်းချက်
များ ပြည့်မှီရန်နှင့် ကလေးသူငယ်များ၏ မူလတန်းပညာရေး ဆုံးခန်း
တိုင်အောင် သင်ကြားနိုင်ရေး အပါအ၀င် အခြားကဏ္ဍများအတွက် သြစတေးလျနှင့် ဗြိတိန်နိုင်ငံတို့မှ ဒေါ်လာသန်း ၅၀၀ ကျော်
ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။

ဗြိတိန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဌာန၊ အမြဲတမ်း အတွင်းရေးမှူး မစ္စတာ Mark Lowcock နှင့် သြစတေးလျနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အေဂျင်စီ ညွှန်ကြားရေးမှူးချုပ် မစ္စတာ Peter Baxter တို့၏ ဇန်န၀ါရီလ ၂၉ မှ ၃၁ ရက်နေ့အထိ မြန်မာနိုင်ငံသို့ လာရောက်သော ခရီးစဉ်တွင် မြန်မာနိုင်ငံအတွင်း ပညာရေးဆိုင်ရာ ကူညီထောက်ပံ့မှု အသစ်တစ်ခုကို စတင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ဗြိတိန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဌာန၊ အမြဲတမ်း အတွင်းရေးမှူး မစ္စတာ Mark Lowcock က "မြန်မာနိုင်ငံကို လာရောက်တဲ့ ခရီးစဉ်အတွင်းမှာ လူသားချင်း စာနာထောက်ထားတဲ့ အကူအညီတွေ
ပေးနိုင်ဖို့ကို အဓိကထားပြီး လုပ်ဆောင်ခဲ့ပါတယ်။ ပညာရေးနဲ့ သက်ဆိုင်တဲ့ ကဏ္ဍတွေမှာ ကူညီဖို့အပြင် အခြားလယ်သမား ကိစ္စ၊ တိုင်းရင်းသား လူမျိုးစု ဒေသများ၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စတဲ့ နေရာတွေမှာ လက်တွေ့ကျတဲ့ အကူအညီတွေ ပေးနိုင်အောင်လည်း ကြိုးစားသွားမှာပါ။ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းဒဏ်ခံ ဧရာဝတီတိုင်း
ဒေသကြီးက ပြည်သူတွေနဲ့ တွေ့ခဲ့ရတာ ကျွန်တော်တို့အတွက်တော့
စေ့ဆော်အားပေးမှု တစ်ရပ်ပါပဲ။ ဒေသခံ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေနဲ့
နိုင်ငံတကာ ကူညီထောက်ပံ့ရေးအဖွဲ့တွေရဲ့ စနစ်တကျ ကူညီမှုရယ်
ပြည်သူတွေအတွင်း ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာရင် အောင်မြင်မှုတွေ ရှိလာနိုင်မှာပါ" ဟု ပြောကြားခဲ့သည်။

သြစတေးလျနှင့် ဗြိတိန်နိုင်ငံတို့မှ ပုဂ္ဂိုလ်နှစ်ဦး၏ မြန်မာနိုင်ငံ ပထမဦးဆုံး
အကြိမ် ခရီးစဉ်အတွင်းတွင် မြန်မာ့ပညာရေး အကျိုးတူ ပူးပေါင်း
ဆောင်ရွက်ရေး အဖွဲ့အစည်း (Myanmar Education Consortium) နှင့် ကူညီထောက်ပံ့မှု စတင်ထားပြီးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်း ဝေးလံသော ဒေသများနှင့် ဆင်းရဲသော ဒေသများ၏ ပညာရေး ကူညီထောက်ပံ့မှုများ၊ ဘုန်းတော်ကြီးသင် ပညာရေးနှင့် ရပ်ရွာအခြေပြု ပညာရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်
ထားကြောင်း သိရသည်။

သြစတေးလျနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အေဂျင်စီ ညွှန်ကြားရေးမှူးချုပ် မစ္စတာ Peter Baxter က "မြန်မာနိုင်ငံကို အတူတကွ လာရောက်လည်ပတ်ခြင်းဟာ သြစတေးလျနဲ့ ဗြိတိန်နှစ်နိုင်ငံတို့ရဲ့
နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုအတွက် ကတိက၀တ်တစ်ခု
ဖြစ်ပါတယ်။ အခြားနိုင်ငံများမှ အလှူရှင်များနှင့်အတူ မြန်မာနိုင်ငံရဲ့ ထူးခြားသော အပြောင်းအလဲများကို ထောက်ပံ့ပေးသွားမှာပါ" ဟု ပြောကြားခဲ့သည်။

၎င်းတို့နှစ်ဦး၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်းတွင် ပြည်သူ့လွှတ်တော် 
ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ အရပ်ဖက် လူမှုအဖွဲ့အစည်း အသီးသီး အစရှိသည်တို့နှင့် တွေ့ဆုံမှုများ ပြုလုပ်
ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - မစ္စတာ Mark Lowcock က ပညာရေး ထောက်ပံ့မှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားနေစဉ်

Eleven Media Groupမြန်မာနိုင်ငံ၏ ပညာရေးနှင့် ပတ်သက်သော ထောင်စုနှစ် ရည်မှန်းချက်
များ ပြည့်မှီရန်နှင့် ကလေးသူငယ်များ၏ မူလတန်းပညာရေး ဆုံးခန်း
တိုင်အောင် သင်ကြားနိုင်ရေး အပါအ၀င် အခြားကဏ္ဍများအတွက် သြစတေးလျနှင့် ဗြိတိန်နိုင်ငံတို့မှ ဒေါ်လာသန်း ၅၀၀ ကျော်ထောက်ပံ့ သွားမည်ဖြစ်ကြောင်း သိရသည်။
ဗြိတိန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဌာန၊ အမြဲတမ်း အတွင်းရေးမှူး မစ္စတာ Mark Lowcock နှင့် သြစတေးလျနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အေဂျင်စီ ညွှန်ကြားရေးမှူးချုပ် မစ္စတာ Peter Baxter တို့၏ ဇန်န၀ါရီလ ၂၉ မှ ၃၁ ရက်နေ့အထိ မြန်မာနိုင်ငံသို့ လာရောက်သော ခရီးစဉ်တွင်မြန်မာနိုင်ငံအတွင်းပညာရေးဆိုင်ရာကူညီထောက်ပံ့မှုအသစ်တစ်ခုကိုစတင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ဗြိတိန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဌာန၊ အမြဲတမ်း အတွင်းရေးမှူး မစ္စတာ Mark Lowcock က "မြန်မာနိုင်ငံကို လာရောက်တဲ့ ခရီးစဉ်အတွင်းမှာ လူသားချင်း စာနာထောက်ထားတဲ့ အကူအညီတွေပေးနိုင်ဖို့ကို အဓိကထားပြီး လုပ်ဆောင်ခဲ့ပါတယ်။ ပညာရေးနဲ့ သက်ဆိုင်တဲ့ ကဏ္ဍတွေမှာ ကူညီဖို့အပြင် အခြားလယ်သမား ကိစ္စ၊ တိုင်းရင်းသား လူမျိုးစု ဒေသများ၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စတဲ့ နေရာတွေမှာ လက်တွေ့ကျတဲ့ အကူအညီတွေ ပေးနိုင်အောင်လည်း ကြိုးစားသွားမှာပါ။ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းဒဏ်ခံ ဧရာဝတီတိုင်းဒေသကြီးက ပြည်သူတွေ နဲ့ တွေ့ခဲ့ ရတာ ကျွန်တော်တို့အတွက်တော့စေ့ဆော်အားပေးမှု တစ်ရပ်ပါပဲ။ ဒေသခံ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေနဲ့
နိုင်ငံတကာ ကူညီထောက်ပံ့ရေးအဖွဲ့တွေရဲ့ စနစ်တကျ ကူညီမှုရယ်ပြည်သူတွေအတွင်း ပူးပေါင်းဆောင် ရွက်မှုတွေ ရှိလာရင် အောင်မြင်မှုတွေ ရှိလာနိုင်မှာပါ" ဟု ပြောကြားခဲ့သည်။

သြစတေးလျနှင့် ဗြိတိန်နိုင်ငံတို့မှ ပုဂ္ဂိုလ်နှစ်ဦး၏ မြန်မာနိုင်ငံ ပထမဦးဆုံးအကြိမ် ခရီးစဉ်အတွင်း တွင် မြန်မာ့ပညာရေး အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း (Myanmar Education Consortium) နှင့် ကူညီထောက်ပံ့မှု စတင်ထားပြီးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်း ဝေးလံသော ဒေသများနှင့် ဆင်းရဲသော ဒေသများ၏ ပညာရေး ကူညီထောက်ပံ့မှုများ၊ ဘုန်းတော်ကြီးသင် ပညာရေးနှင့် ရပ်ရွာအခြေပြု ပညာရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်
ထားကြောင်း သိရသည်။

သြစတေးလျနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အေဂျင်စီ ညွှန်ကြားရေးမှူးချုပ် မစ္စတာ Peter Baxter က "မြန်မာနိုင်ငံကို အတူတကွ လာရောက်လည်ပတ်ခြင်းဟာ သြစတေးလျနဲ့ ဗြိတိန်နှစ်နိုင်ငံတို့ရဲ့
နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုအတွက် ကတိက၀တ်တစ်ခုဖြစ်ပါတယ်။ အခြားနိုင်ငံများမှ အလှူရှင် များနှင့်အတူ မြန်မာနိုင်ငံရဲ့ ထူးခြားသော အပြောင်းအလဲများကို ထောက်ပံ့ပေးသွားမှာပါ" ဟု ပြောကြားခဲ့သည်။

၎င်းတို့နှစ်ဦး၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်းတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း၊ အရပ်ဖက် လူမှုအဖွဲ့အစည်း အသီးသီး အစရှိသည်တို့နှင့် တွေ့ဆုံမှုများ ပြုလုပ်
ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - မစ္စတာ Mark Lowcock က ပညာရေး ထောက်ပံ့မှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားနေစဉ်

Eleven Media Group

No comments:

Post a Comment

My Blog List