Apple ကုမ္ပဏီ၏ ထုတ်ကုန်များအတွက် ကလေးလုပ်သားများ၏ လုပ်အားကို အသုံးပြုခဲ့ကြောင်း ကုမ္ပဏီ ၏ မှတ်တမ်းအရ ဖော်ထုတ် သိရှိလာရသည်။ Appleသည် ၎င်းတို့၏ ကုန်စည်များကို ထုတ်လုပ်ရာတွင် အသက်မပြည့်သေးသည့် ကလေးလုပ်သား အနည်းဆုံး (၁၀၆)ဦးကို (၂၀၁၂)ခုနှစ်အတွင်း အသုံးပြု ခဲ့ကြောင်း အတွင်းရေး မှတ်တမ်း တစ်ခုက ဖော်ပြထားခဲ့သည်။
အဆိုပါ ကလေးလုပ်သားများသည် Apple၏ စက်ရုံခွဲ (၁၁)ခုတို့တွင် တာဝန်ယူခဲ့ရကြောင်း သိရှိရသည်။ ထို့အပြင် Appleတွင်လုပ်ခလစာ ပြဿနာများနှင့် အတင်းအကျပ်ကိုယ်ဝန်ရှိမရှိ စစ်ဆေးစေမှုများ လည်း ဖြစ်ပေါ် ခဲ့ကြောင်း အဆိုပါ မှတ်တမ်းက ဖော်ပြထားခဲ့သည်။
Planet Myanmar Network

No comments:
Post a Comment