Thursday, January 31, 2013

နိုင်ငံခြားဧည့် မြဝတီနယ်စပ်ဂိတ်မှ ပြည်တွင်းသို့ ဆိုင်ကယ်ဖြင့် ဝင်ရောက် လည်ပတ်ခွင့်ပြု

Photo: နိုင်ငံခြားဧည့် မြဝတီနယ်စပ်ဂိတ်မှ ပြည်တွင်းသို့ ဆိုင်ကယ်ဖြင့် 
ဝင်ရောက် လည်ပတ်ခွင့်ပြု
Thursday January 31, 2013

ခရီးသွားဧည့်များအား မြဝတီနယ်စပ်ဂိတ်မှ ဆိုင်ကယ်စီး၍ တိုက်ရိုက်လည်ပတ်ခွင့်ပြုလိုက်ခြင်းကြောင့် ပိုပြီး သွားလာရ
အဆင်ပြေလာကြောင်း ခရီးသွားလုပ်ငန်းရှင်များ ထံမှ သိရသည်။

“ မြဝတီ၊ ကော့ကရိတ်၊ ဘား အံလမ်းကြောင်းက လမ်းမကောင်း ဘူးဆိုပေမယ့် သွားလို့ ရနေတာ ပေါ့နော်။ မော်လမြိုင်ဘက် ရောက် ရင် လမ်းကောင်းသွားပြီး သွားရတာ ချောမွေ့တယ်” ဟု All Asia Exclusive  မှ ဦးဖြိုးဝေရာဇာက ပြောသည်။

မြဝတီ နယ်စပ်ဂိတ်မှ မြန်မာ ပြည်တွင်းသို့ တိုက်ရိုက်ဝင်ရောက် ၍ လည်ပတ်နိုင်ရန်အတွက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာနမှ ယခုလတွင် တရားဝင် သွား လာခွင့် ပြုလိုက်ခြင်းဖြစ်ပြီး ယင်း
လမ်းကြောင်းမှာ အမြန်လမ်းပေါ် ချက်ချင်းရောက်၍ လုံခြုံရေးလည်း အဆင်ပြေကြောင်း ဇန်နဝါရီ ၂၃ ရက်တွင် ဟိုတယ်/ခရီးဝန်ကြီးနှင့် ခရီးသွားလုပ်ငန်းရှင်များ တွေ့ဆုံ ပွဲတွင် ပြောသည်။

လက်ရှိတွင် မြဝတီ နယ်စပ် ဂိတ်အပြင် လွိုင်ကော်ဘက်မှလည်း ဂိတ်ပေါက်ဖွင့်ရန် ဖြစ်နိုင်ခြေရှိပြီး အဆိုပါ ဂိတ်တစ်ပေါက် ထပ်မံဖွင့် ဖြစ်ပါက လွိုင်ကော်မှ အင်းလေး၊ နေပြည်တော် စသဖြင့် ခရီးစဉ်များ သွားလာနိုင်ပြီး ဆိုင်ကယ်စီးစွန့် စား၍ ခရီးသွားလိုသူများအတွက် အဆင်ပြေမည့်
လမ်းကြောင်းတစ်ခု ဖြစ်လာနိုင်ကြောင်း ဦးဖြိုးဝေ ရာဇာက သုံးသပ်သည်။

“ မြဝတီက အခုဝင်လို့ရပြီ ဆိုတာ နယ်စပ်ဝင်ပေါက် တစ်ခုအဖြစ် သတ်သတ်မှတ်မှတ်လေး ရှိနေပြီ။ လွိုင်ကော်က စဖွင့်ဖို့ ကြိုးစားနေတာ
ဆိုတော့ ဘယ်လိုအခြေအနေ ရှိသေးလဲ ဆိုတာတော့ မသိသေးဘူး” ဟု ၄င်းက ဆက်ပြောသည်။

မြဝတီဂိတ်နှင့် လွိုင်ကော် ဂိတ် နှစ်ခုစလုံး ဖွင့်မည်ဆိုပါက လွိုင်ကော်ဂိတ်မှာ လမ်းကောင်း သည့် ဂိတ်ဖြစ်သဖြင့် ဝင်ရလွယ်ကူမည် ဆိုသော်လည်း
နိုင်ငံခြား ခရီးသွားများ အတွက် ပြည်တွင်းသို့ ဝင်ရောက်ရန် လူဝင်မှု
ကြီးကြပ် ရေးမှလည်း စည်းမျဉ်းများ ဖြေ လျှော့ခြင်း၊ ခွင့်ပြုခြင်းများ
ပြုလုပ် ပေးမည်ဆိုလျှင် လွိုင်ကော်ဂိတ်မှ ဝင်ရောက်ရန် ပိုအဆင်ပြေမည်
ဖြစ်ကြောင်း သိရသည်။

မြဝတီဂိတ်မှ ဆိုင်ကယ်စီးခရီးသွားများ ဝင်ရောက်မည်ဆိုပါက မြဝတီမှ တစ်ဆင့် မော်လမြိုင်၊ ကျိုက်ထို၊ ကျိုက်ထီးရိုး၊ ပဲခူးနှင့် ဘားအံမြို့များသို့ သွားရောက် လည်ပတ် နိုင်ပြီး လွိုင်ကော်ဂိတ်ဖွင့်မည်ဆိုလျှင် လွိုင်ကော်မှ တစ်ဆင့် ကယားပြည်နယ်သို့ ချိတ်ဆက်သွားလာရန် ခရီးစဉ်သစ်များ တိုးချဲ့သွားနိုင်မည် ဖြစ်ကြောင်း သိရသည်။

၂ဝ၁၂ ခုနှစ်တွင် မြန်မာနိုင်ငံ သို့ နယ်စပ်ဂိတ်မှ ဝင်ရောက် လည်ပတ်သူ
နိုင်ငံခြားသား ဧည့် အရေအတွက်မှာ ၄၅၄၉၄၂ ဦးရှိ ကြောင်း သိရသည်။

ခိုင်နွယ်ဦး
Popular Myanmar News Journalခရီးသွားဧည့်များအား မြဝတီနယ်စပ်ဂိတ်မှ ဆိုင်ကယ်စီး၍ တိုက်ရိုက် လည်ပတ်ခွင့်ပြုလိုက်ခြင်းကြောင့်ပိုပြီးသွားလာရအဆင်ပြေလာကြောင်း ခရီးသွားလုပ်ငန်းရှင်များ ထံမှ သိရသည်။
“ မြဝတီ၊ ကော့ကရိတ်၊ ဘား အံလမ်းကြောင်းက လမ်းမကောင်း ဘူးဆိုပေမယ့် သွားလို့ ရနေတာ ပေါ့နော်။ မော်လမြိုင်ဘက် ရောက် ရင် လမ်းကောင်းသွားပြီး သွားရတာ ချောမွေ့တယ်” ဟု All Asia Exclusive မှ ဦးဖြိုးဝေရာဇာက ပြောသည်။
မြဝတီ နယ်စပ်ဂိတ်မှ မြန်မာ ပြည်တွင်းသို့ တိုက်ရိုက်ဝင်ရောက် ၍ လည်ပတ်နိုင်ရန်အတွက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာနမှ ယခုလတွင် တရားဝင် သွား လာခွင့် ပြုလိုက်ခြင်းဖြစ်ပြီး ယင်းလမ်းကြောင်း မှာ အမြန်လမ်းပေါ် ချက်ချင်းရောက်၍ လုံခြုံရေးလည်း အဆင်ပြေကြောင်း ဇန်နဝါရီ ၂၃ ရက်တွင် ဟိုတယ်/ခရီးဝန်ကြီးနှင့် ခရီးသွားလုပ်ငန်းရှင်များ တွေ့ဆုံ ပွဲတွင် ပြောသည်။
လက်ရှိတွင် မြဝတီ နယ်စပ် ဂိတ်အပြင် လွိုင်ကော်ဘက်မှလည်း ဂိတ်ပေါက်ဖွင့်ရန် ဖြစ်နိုင်ခြေရှိပြီး အဆိုပါ ဂိတ်တစ်ပေါက် ထပ်မံဖွင့် ဖြစ်ပါက လွိုင်ကော်မှ အင်းလေး၊ နေပြည်တော် စသဖြင့် ခရီးစဉ်များ သွားလာနိုင်ပြီး ဆိုင်ကယ်စီးစွန့် စား၍ ခရီးသွားလိုသူများအတွက် အဆင်ပြေမည့်လမ်းကြောင်း တစ်ခု ဖြစ်လာနိုင်ကြောင်း ဦးဖြိုးဝေ ရာဇာက သုံးသပ်သည်။

“ မြဝတီက အခုဝင်လို့ရပြီ ဆိုတာ နယ်စပ်ဝင်ပေါက် တစ်ခုအဖြစ် သတ်သတ်မှတ်မှတ်လေး ရှိနေပြီ။ လွိုင်ကော်က စဖွင့်ဖို့ ကြိုးစားနေတာဆိုတော့ ဘယ်လိုအခြေအနေ ရှိသေးလဲ ဆိုတာတော့ မသိသေးဘူး” ဟု ၄င်းက ဆက်ပြောသည်။

မြဝတီဂိတ်နှင့် လွိုင်ကော် ဂိတ် နှစ်ခုစလုံး ဖွင့်မည်ဆိုပါက လွိုင်ကော်ဂိတ်မှာ လမ်းကောင်း သည့် ဂိတ်ဖြစ်သဖြင့် ဝင်ရလွယ်ကူမည် ဆိုသော်လည်းနိုင်ငံခြား ခရီးသွားများ အတွက် ပြည်တွင်းသို့ ဝင်ရောက်ရန် လူဝင်မှုကြီးကြပ် ရေးမှလည်း စည်းမျဉ်းများ ဖြေ လျှော့ခြင်း၊ ခွင့်ပြုခြင်းများပြု လုပ် ပေးမည် ဆိုလျှင် လွိုင်ကော်ဂိတ်မှ ဝင်ရောက်ရန် ပိုအဆင်ပြေမည်ဖြစ်ကြောင်း သိရသည်။

မြဝတီဂိတ်မှ ဆိုင်ကယ်စီးခရီးသွားများ ဝင်ရောက်မည်ဆိုပါက မြဝတီမှ တစ်ဆင့် မော်လမြိုင်၊ ကျိုက်ထို၊ ကျိုက်ထီးရိုး၊ ပဲခူးနှင့် ဘားအံမြို့များသို့ သွားရောက် လည်ပတ် နိုင်ပြီး လွိုင်ကော်ဂိတ်ဖွင့်မည်ဆိုလျှင် လွိုင်ကော်မှ တစ်ဆင့် ကယားပြည်နယ်သို့ ချိတ်ဆက်သွားလာရန် ခရီးစဉ်သစ်များ တိုးချဲ့သွားနိုင် မည် ဖြစ်ကြောင်း သိရသည်။

၂ဝ၁၂ ခုနှစ်တွင် မြန်မာနိုင်ငံ သို့ နယ်စပ်ဂိတ်မှ ဝင်ရောက် လည်ပတ်သူနိုင်ငံခြားသား ဧည့် အရေအတွက် မှာ ၄၅၄၉၄၂ ဦးရှိ ကြောင်း သိရသည်။

ခိုင်နွယ်ဦး
Popular Myanmar News Journal

No comments:

Post a Comment

My Blog List