
နိုင်ငံ၏ထုတ်လုပ်မှုကို အဓိက ဆောင်ရွက်နေသည့် စက်မှုကဏ္ဍ၌ အလုပ်လုပ်နေသောလုပ်သားများမှာလုပ်သားအားလုံး၏၁၉ရာခိုင် နှုန်း ခန့် သာ ရှိနေပြီး ယင်းမှာ စက်ရုံ၊ အလုပ်ရုံများတည်ဆောက် ရန် လို
အပ်နေမှုကို ပြသနေခြင်း ဖြစ် ကြောင်း ၄င်းကဆက်လက်ပြောသည်။ “ တစ်နှစ်တစ်နှစ် တိုးလာတဲ့ လူဦးရေအတွက် တစ်နှစ်ကို အလုပ်အကိုင် ၂ဝဝဝဝ လောက် လိုအပ်နေတယ်၊ စက်မှု ကဏ္ဍမဖွံ့ ဖြိုးရင် ဒါကို ဖြည့်ဆည်းနိုင်မှာ မဟုတ်ဘူး၊ ဒါဆိုရင် ဝန်ဆောင်မှု ဘက်မှာပဲ အလုပ်လုပ်ကိုင်ကြမယ်၊ အဲဒါက တိုင်းပြည်ရဲ့ ထုတ်လုပ်မှုကို ဆက်လက် လျော့နည်းစေ မယ်”ဟု ၄င်းက ပြောသည်။
မြေယာအသုံးပြုမှုကို လေ့လာ ကြည့်ပါကလည်း နေအိမ်များ အတွက် အသုံး ချထားမှု မှာ ၉ဝ ရာခိုင်နှုန်းခန့်ရှိပြီး စက်မှုကဏ္ဍအ တွက်အသုံးချမှုမှာ ၆ ရာခိုင်နှုန်း ခန့်သာရှိနေကြောင်း၊ အမှန်တကယ် တွင် စက်မှုကဏ္ဍအတွက် အသုံးချ မှုမှာ ၄ဝ ရာခိုင်နှုန်းခန့် ဖြစ်သင့် ကြောင်း ဒေါက်တာကျော်လတ်က
ပြောသည်။
လက်ရှိတွင်ဘဏ်များမှ ချေး ငွေအလုံအလောက် ထုတ်ချေးပေး နိုင်မှု မရှိခြင်း၊ ကမ္ဘာ့စံနှုန်း အ တိုင်း ရွှေ့ပြောင်း၍ရသော ပစ္စည်းနှင့် အသိဥာဏ်ပစ္စည်းများအား အပေါင် ထား၍ ဘဏ်များမှ ငွေချေး ယူနိုင် မှုမရှိခြင်းကြောင့် စက်ရုံ၊ အလုပ် ရုံများ တည်ထောင်ရန်အ တွက် အခက်အခဲရှိနေသည်ဟု လုပ်ငန်း ရှင်များထံမှ သိရသည်။
မြန်မာနိုင်ငံတွင် ဗဟိုဘဏ် အပြင် ပုဂ္ဂလိကဘဏ် ၁၃ ဘဏ် ရှိပြီး ပုဂ္ဂလိကဘဏ်များမှ ချေးငွေ ကို တစ်နှစ် အတိုး ၁၃ ရာခိုင်နှုန်းဖြင့်ရွှေ့ပြောင်း၍ မရသော ပစ္စည်းများ အား အပေါင်ယူကာ ချေးပေး ကြောင်း အထူးချေးငွေအဖြစ် စက်မှု လုပ်ငန်းများကိုမူတစ်နှစ် အတိုး ၁၂ ရာ ခိုင်နှုန်းနှင့် ချေးယူ ခွင့်ပြုထားကြောင်း ဘဏ်များမှ သိရသည်။
Popular Myanmar News Journal
No comments:
Post a Comment