Tuesday, January 29, 2013

ကြွေးမြီလျှော့ပေးရာမှ ရလာမည့် အရင်းအမြစ်များကို ဖွံ့ဖြိုးရေး စီမံကိန်းများတွင် အသုံးပြုမည်

Photo: ကြွေးမြီလျှော့ပေးရာမှ ရလာမည့် အရင်းအမြစ်များကို ဖွံ့ဖြိုးရေး
စီမံကိန်းများတွင် အသုံးပြုမည်
Monday, January 28, 2013

ဇန်နဝါရီ ၂၅ ရက်က ပါရီကလပ်အဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ်များအား
မြန်မာကိုယ်စားလှယ်အဖွဲ့တို့ ပြင်သစ်နိုင်ငံ၊ ပါရီမြို့တွင် တွေ့ဆုံဆွေးနွေး
ပြီးနောက် မြန်မာ့ကြွေးမြီ သက်သာစေရန် ရလဒ်တခု ရရှိခဲ့ကာ ထိုသို့ လျှော့ပေးရာမှ ဖြစ်ပေါ်ရရှိလာမည့် အရင်းအမြစ်များကို ဖွံ့ဖြိုးရေး စီမံကိန်းများနှင့် ဆင်းရဲမှု လျှော့ချရေး လုပ်ငန်းများတွင် အသုံးပြု
သွားမည်ဟု နိုင်ငံပိုင် မီဒီယာများမှ ထုတ်ပြန်ကြေညာခဲ့သည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာမှ အောင်မြင်မှုအဖြစ် ကြွေးမြီအားလုံး၏ ၆၀ ရာခိုင်နှုန်း သို့မဟုတ် အမေရိကန်ဒေါ်လာ သန်း ၆,၀၀၀ ခန့် သက်သာစေရန်အတွက် ရလဒ်တခု ရရှိခဲ့သည်။ ထို့အပြင် အခြားနိုင်ငံ
များကလည်း ကြွေးမြီများကို သက်သာစွာ လျှော်ပစ်ပေးရန် အဆင်သင့်ရှိရာ လာမည့် ၆ လအတွင်း ကြွေးမြီများကို လျှော်ပေးကြမည် ဖြစ်သည်။

ပါရီကလပ် မြီရှင်များသို့ မြန်မာမှ ပေးရန် ကျန်ကြွေးငွေ၏ ၅၀ ရာခိုင်နှုန်းကို အထူးအစီအစဉ် တရပ်အဖြစ် မြီရှင်နိုင်ငံများက လျှော်ပေးမည်ဖြစ်ကာ ကျန်အကြွေးကို ဆိုင်းငံ့ကာလ ၇ နှစ်အပါအဝင် ၁၅ နှစ်အတွင်း
ပြန်လည်ပေးဆပ်ရန် အားလုံးသဘောတူညီခဲ့ကြသည်ဟု ဆိုသည်။

အလားတူ နော်ဝေနိုင်ငံက မြန်မာမှ ၎င်းတို့ ရရန်ကြွေးငွေ အမေရိကန်ဒေါ်လာ ၅၃၄ သန်းကို လျှော်ပေးရန် သဘောတူညီခဲ့ပြီး ဂျပန်နိုင်ငံကလည်း ကျန်ကြွေးမြီ အမေရိကန်ဒေါ်လာ သန်း ၃,၀၀၀ ကျော်ကို လျှော်ပေးရန် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ခင်မျိုးသွယ်
မဇ္ဈိမဇန်နဝါရီ ၂၅ ရက်က ပါရီကလပ်အဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ်များ အား မြန်မာကိုယ်စားလှယ်အဖွဲ့တို့ ပြင်သစ်နိုင်ငံ၊ ပါရီမြို့တွင်တွေ့ဆုံ
ပြီးနောက် မြန်မာ့ကြွေးမြီ သက်သာစေရန် ရလဒ်တခု ရရှိခဲ့ကာ ထိုသို့ လျှော့ပေးရာမှ ဖြစ်ပေါ်ရရှိလာမည့် အရင်းအမြစ်များကို ဖွံ့ဖြိုးရေး စီမံကိန်းများနှင့် ဆင်းရဲမှု လျှော့ချရေး လုပ်ငန်းများတွင် အသုံးပြုသွား
မည် ဟု နိုင်ငံပိုင် မီဒီယာများမှ ထုတ်ပြန်ကြေညာခဲ့သည်။ထိုသို့ တွေ့ဆုံဆွေးနွေးရာမှ အောင်မြင်မှုအဖြစ် ကြွေးမြီအားလုံး၏ ၆၀ ရာခိုင်နှုန်း သို့မဟုတ် အမေရိကန်ဒေါ်လာ သန်း ၆,၀၀၀ ခန့် သက်သာစေရန်အတွက် ရလဒ်တခု ရရှိခဲ့သည်။ ထို့အပြင် အခြားနိုင်ငံများကလည်း ကြွေးမြီများကို သက်သာစွာ လျှော်ပစ်ပေးရန် အဆင်သင့်ရှိရာ လာမည့် ၆ လအတွင်း ကြွေးမြီများ ကို လျှော်ပေးကြ မည် ဖြစ်သည်။
ပါရီကလပ် မြီရှင်များသို့ မြန်မာမှ ပေးရန် ကျန်ကြွေးငွေ၏ ၅၀ ရာခိုင်နှုန်းကို အထူးအစီအစဉ် တရပ် အဖြစ် မြီရှင်နိုင်ငံများက လျှော်ပေးမည်ဖြစ်ကာ ကျန်အကြွေးကို ဆိုင်းငံ့ကာလ ၇ နှစ်အပါအဝင် ၁၅ နှစ်အတွင်းပြန်လည်ပေးဆပ်ရန် အားလုံးသဘောတူညီခဲ့ကြသည်ဟု ဆိုသည်။
အလားတူ နော်ဝေနိုင်ငံက မြန်မာမှ ၎င်းတို့ ရရန်ကြွေးငွေ အမေရိကန်ဒေါ်လာ ၅၃၄ သန်းကို လျှော်ပေးရန် သဘောတူညီခဲ့ပြီး ဂျပန်နိုင်ငံကလည်း ကျန်ကြွေးမြီ အမေရိကန်ဒေါ်လာ သန်း ၃,၀၀၀ ကျော် ကို လျှော်ပေးရန် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။


မဇ္ဈိမ

No comments:

Post a Comment

My Blog List