
ထင်ပါ တယ်။ ဒါ့ကြောင့် ကျွန်မအနေနဲ့တော့ အပေးအယူလုပ်စေ့စပ်ညှိနှိုင်းမှုကနေတဆင့် အခြေခံ ဥပဒေ ပြင်ဆင်နိုင်တဲ့အခွင့်အလမ်းကို မပစ်ပယ်ပါဘူး” ဟု အရှေ့ အနောက်စင်တာသို့ အလည် အပတ်ရောက်ရှိစဉ် ပြောကြားသည်။
၂၀၁၁ တွင် သမ္မတဖြစ်လာခဲ့သည့် ယခင်ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ကလည်း လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဒေါ်စု၏ အမျိုးသားဒီမို ကရေစီအဖွဲ့ ချုပ် အနိုင်ရခဲ့ပါက ဒေါ်စုကို သမ္မတ အဖြစ် လက်ခံမည်ဟု ပြောကြားခဲ့ဖူးသည်။ သို့သော်ဝေဖန်သူများက စစ်တပ်က ပြဋ္ဌာန်းခဲ့ သော ၂၀၀၈ အခြေခံ ဥပဒေအောာက်တွင် သမ္မတနေရာကို ရရှိမည့်သူသည် အိမ်ထောင်ဖက်နှင့် ကလေးများမှာ အခြားနိုင်ငံသား အဖြစ် ခံယူ ထားသူ မဖြစ်ရဟု ပါဝင်နေရာ၊ ဗြိတိန်နိုင်ငံသား ကွယ်လွန်သူ ခင်ပွန်းသည် မိုက်ကယ်အဲရစ်နှင့် လက်ထပ်ထားသော ဒေါ်စုကို ဦးတည်၍ သမ္မတ မဖြစ်နိုင်အောင် ဦးတည် ဟန့်တား ထားကြောင်း ဆိုထားသည်။
ဒေါ်စုက အခြေခံဥပဒေနှင့်ပတ်သက်၍ ၂၀၀၈ ဖွဲ့ စည်းပုံသည် ဒီမိုကရေစီနည်းကျ မဟုတ်ကြောင်း၊ လက်ခံနိုင်ဖွယ် မဟုတ်ကြောင်း ပြောထားသည်။ ဒေါ်စုသည် ဟာဝိုင်ယီသို့ မကြာမီကပင် အလည်အပတ်ရောက်ရှိနေပြီး တောင်ကိုရီးယားသို့ ဆက်သွားမည်ဟု သိရသည်။
REF: AFP
The Myanma Age
No comments:
Post a Comment