Tuesday, January 29, 2013

ရန်ကုန် အခပေး ကားပါကင်များ ဧပြီ ၁ ရက်မှာ ဖျက်သိမ်းတော့မည်

Photo: ရန်ကုန် အခပေး ကားပါကင်များ ဧပြီ ၁ ရက်မှာ ဖျက်သိမ်းတော့မည်
Monday, January 28, 2013 
 
ဧပြီလ ၁ ရက်နေ့မှစ၍ ကန်ထရိုက်စနစ်ဖြင့် အငှားချထားသည့် ရန်ကုန်မြို့တွင်း ကားပါကင်များကို ဖျက်သိမ်းမည်ဟု ရန်ကုန်မြို့တော် အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဦးလှအောင် က ပြောသည်။

ယာဉ်ကြော ပိတ်ဆို့မှုဖြစ်ပွားရခြင်း၏ အကြောင်းအရင်း အများစုတွင် အခပေး ကားပါကင်များကြောင့် ဖြစ်သည်ဟုလည်း ဦးလှအောင် က ဆိုသည်။

မြို့တော် စည်ပင်ဝန်ထမ်းတဦးကလည်း “ကန်ထရိုက်စနစ်နဲ့ အခပေး ကားပါကင် လုပ်ဆောင်တဲ့ လုပ်ငန်းရှင်တွေနဲ့ မူလစာချုပ် ချုပ်ဆိုစဉ်
ကတည်းက တနှစ်စာချုပ်မှာပဲ မြို့ပြယာဉ်ကြော ကြပ်တောက်မှုနဲ့ ယာဉ်ကြော ပိတ်ဆို့မှုတွေ ရှိလာတဲ့အခါမှာ ကားပါကင်တွေကို သက်ဆိုင်ရာဌာနရဲ့ သဘောနဲ့ ဖျက်သိမ်းမယ်ဆိုတာ ပါဝင်ချုပ်ဆို
ထားပြီးသားပါ။ ဒါကြောင့် အခုလို စီစဉ်မှုမှာ ကန်ထရိုက်တွေနဲ့ ပြဿနာ မရှိလာနိုင်ပါဘူး။ ကန်ထရိုက်ပေးထားတဲ့ ကားပါကင်ကြေး
တွေကတော့ တနေရာနဲ့တနေရာ မတူကြဘူး” ဟု ပြောသည်။

ယခုအခါတွင် ရန်ကုန်မြို့တွင်း ၆ မြို့နယ်ဖြစ်သည့် ကျောက်တံတား၊ 
လသာ၊ လမ်းမတော်၊ ပန်းပဲတန်း၊ ဗိုလ်တထောင်နှင့် ပုစွန်တောင် မြို့နယ်များအား ဖြတ်သန်း သွားလာရာဖြစ်သည့် ဗိုလ်ချုပ်လမ်း၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်း၊ ကုန်သည်လမ်း စသည့်နေရာများနှင့် ကမ်းနားလမ်း တလျှောက်ရှိ ကွန်ကရစ်တိုးချဲ့လမ်းနှင့် ကမ်းနားလမ်း ကြားမြေကွက်လပ်များ၌ အခမဲ့ ယာဉ်ရပ်နားစခန်းများကို စည်ပင်မှ
ဖော်ထုတ်ပေးထားသည်။

ထို့အပြင် ကြည့်မြင်တိုင် အထက်လမ်း (ဟံသာဝတီထိပ်မှ ဗားဂရာအထိ) မြို့နယ်များ အပါအဝင် စမ်းချောင်း၊မြေနီကုန်း၊ ကမာရွတ်၊ အလုံ၊ လှိုင် စသည့်မြို့နယ်များ တွင်လည်း အခမဲ့ ယာဉ် ရပ်နား စခန်းများကို စည်ပင်မှ ဆက်လက်ဖော်ထုတ်လျက်ရှိ၍ ဧပြီလ မတိုင်မီ အခမဲ့ ယာဉ်ရပ်နားခွင့် ရတော့မည်ဟု မြို့တော်စည်ပင်က ဆိုသည်။

ရတနာဦး
မဇ္ဈိမဧပြီလ ၁ ရက်နေ့မှစ၍ ကန်ထရိုက်စနစ်ဖြင့် အငှားချထားသည့် ရန်ကုန်မြို့တွင်း ကားပါကင်များကို ဖျက်သိမ်းမည်ဟု ရန်ကုန်မြို့တော် အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဦးလှအောင် က ပြောသည်။
ယာဉ်ကြော ပိတ်ဆို့မှုဖြစ်ပွားရခြင်း၏ အကြောင်းအရင်း အများစုတွင် အခပေး ကားပါကင်များကြောင့် ဖြစ်သည်ဟုလည်း ဦးလှအောင် က ဆိုသည်။မြို့တော် စည်ပင်ဝန်ထမ်းတဦးကလည်း “ကန်ထရိုက်စနစ်နဲ့ အခပေး ကားပါကင် လုပ်ဆောင်တဲ့ လုပ်ငန်း ရှင်တွေနဲ့ မူလစာချုပ် ချုပ်ဆိုစဉ်ကတည်းက တနှစ်စာချုပ်မှာပဲ မြို့ပြယာဉ်ကြော ကြပ်တောက်မှုနဲ့ ယာဉ်ကြော ပိတ်ဆို့မှုတွေ ရှိလာတဲ့အခါမှာ ကားပါကင်တွေကို သက်ဆိုင်ရာဌာနရဲ့ သဘောနဲ့ ဖျက်သိမ်း မယ်ဆိုတာ ပါဝင်ချုပ်ဆိုထားပြီးသားပါ။ ဒါကြောင့် အခုလို စီစဉ်မှုမှာ ကန်ထရိုက်တွေနဲ့ ပြဿနာ မရှိ လာနိုင်ပါဘူး။ ကန်ထရိုက်ပေးထားတဲ့ ကားပါကင်ကြေးတွေကတော့ တနေရာနဲ့တနေရာ မတူကြဘူး” ဟု ပြောသည်။

ယခုအခါတွင် ရန်ကုန်မြို့တွင်း ၆ မြို့နယ်ဖြစ်သည့် ကျောက်တံတား၊ လသာ၊ လမ်းမတော်၊ ပန်းပဲတန်း၊ ဗိုလ်တထောင်နှင့် ပုစွန်တောင် မြို့နယ်များအား ဖြတ်သန်း သွားလာရာဖြစ်သည့် ဗိုလ်ချုပ်လမ်း၊ အနော် ရထာလမ်း၊ မဟာဗန္ဓုလလမ်း၊ ကုန်သည်လမ်း စသည့်နေရာများနှင့် ကမ်းနားလမ်း တလျှောက်ရှိ ကွန်က ရစ်တိုးချဲ့လမ်းနှင့် ကမ်းနားလမ်း ကြားမြေကွက်လပ်များ၌ အခမဲ့ ယာဉ်ရပ်နားစခန်းများကို စည်ပင်မှဖော် ထုတ်ပေးထားသည်။

ထို့အပြင် ကြည့်မြင်တိုင် အထက်လမ်း (ဟံသာဝတီထိပ်မှ ဗားဂရာအထိ) မြို့နယ်များ အပါအဝင် စမ်းချောင်း၊မြေနီကုန်း၊ ကမာရွတ်၊ အလုံ၊ လှိုင် စသည့်မြို့နယ်များ တွင်လည်း အခမဲ့ ယာဉ် ရပ်နား စခန်း များကို စည်ပင်မှ ဆက်လက်ဖော်ထုတ်လျက်ရှိ၍ ဧပြီလ မတိုင်မီ အခမဲ့ ယာဉ်ရပ်နားခွင့် ရတော့မည်ဟု မြို့တော်စည်ပင်က ဆိုသည်။


မဇ္ဈိမ

No comments:

Post a Comment

My Blog List