Sunday, January 27, 2013

ဗိုလ်တစ်ထောင်ဘုရား ဂေါပကအဖွဲ့ အား ဘုရားဈေးသူဈေးသားများက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ထပ်မံတိုင်ကြား

Photo: ဗိုလ်တစ်ထောင်ဘုရား ဂေါပကအဖွဲ့ အား ဘုရားဈေးသူဈေးသားများက 
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ထပ်မံတိုင်ကြား
Sunday, January 27, 2013

ဗိုလ်တစ်ထောင်ဘုရား ဂေါပကအဖွဲ့သည် စည်းကမ်းပိုင်းဆိုင်ရာ 
အားနည်း ပျက်ကွက်နေခြင်းနှင့် ဘုရားဈေးသားများ၏ နစ်နာမှု 
များအား ဖြေရှင်းပေးရန်ဈေးသူဈေးသားများက ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တိုင်ကြားထားကြောင်း သိရသည်။

`ပထမအကြိမ် နိုဝင်ဘာ ၁၆ ရက်မှာ တိုင်ကြားလို့ ခေါ်ယူစစ်ဆေး
ခဲ့ပေမယ့်အခုအချိန်အထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိလို့ ထပ်တိုင်တာပါ´ဟု ဆိုင်အမှတ် ၇ မှ ပန်းသည် မကျေးကျော်စံက
ပြောသည်။

ဗိုလ်တစ်ထောင်ဘုရား၌ ရောင်းချလျက်ရှိသော ဈေးသည်များသည်
ဆိုင်ခန်းခ လေလံနှုန်းများ တစ်နှစ်ထက်တစ်နှစ် ကြီးမြင့်လာခြင်း၊
ဈေးသည်များ၏ အခက်အခဲတို့ကို ဂေါပကအဖွဲ့နှင့် ဆွေးနွေးခဲ့ပြီး
သဘောတူညီချက်များ ရရှိခဲ့သော်လည်းအကောင်အထည်
မဖော်ခဲ့သဖြင့် ထပ်မံတောင်းဆိုရကြောင်း ဆက်ပြောသည်။

ပြည့်ဖြိုး
Popular Myanmar News Journalဗိုလ်တစ်ထောင်ဘုရား ဂေါပကအဖွဲ့သည် စည်းကမ်းပိုင်းဆိုင်ရာ အား နည်းပျက်ကွက်နေခြင်းနှင့်ဘုရားဈေးသားများ၏နစ်နာမှုများအားဖြေရှင်း
ပေး ရန်ဈေးသူဈေးသားများက ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တိုင်ကြားထားကြောင်း သိရသည်။
`ပထမအကြိမ် နိုဝင်ဘာ ၁၆ ရက်မှာ တိုင်ကြားလို့ ခေါ်ယူစစ်ဆေးခဲ့ပေ မယ့်အခုအချိန်အထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိလို့ ထပ်တိုင်တာပါ´ဟု ဆိုင်အမှတ် ၇ မှ ပန်းသည် မကျေးကျော်စံက
ပြောသည်။
ဗိုလ်တစ်ထောင်ဘုရား၌ ရောင်းချလျက်ရှိသော ဈေးသည်များသည်ဆိုင်ခန်းခ လေလံနှုန်းများ တစ်နှစ် ထက်တစ်နှစ် ကြီးမြင့်လာခြင်း၊ဈေးသည်များ၏ အခက်အခဲတို့ကို ဂေါပကအဖွဲ့နှင့် ဆွေးနွေးခဲ့ပြီးသဘော တူညီချက်များ ရရှိခဲ့သော်လည်းအကောင်အထည်မဖော်ခဲ့သဖြင့် ထပ်မံတောင်းဆိုရကြောင်း ဆက်ပြော သည်။

Popular Myanmar News Journal

No comments:

Post a Comment

My Blog List