Monday, January 28, 2013

ပူတာအိုမှာ ဆန်၊ လောင်စာဆီ နဲ့ အခြေခံစားသောက်ကုန်ဈေးနှုန်း ထိုးတက်နေ

ပူတာအိုမှာ ဆန်၊ လောင်စာဆီ နဲ့ အခြေခံစားသောက်ကုန်ဈေးနှုန်း ထိုးတက်နေ

Sunday, January 27, 2013

မြန်မာနိုင်ငံမြောက်ဖျား ကချင်ပြည်နယ် ပူတာအိုခရိုင်ထဲမှာ ဒေသ မတည်ငြိမ်တဲ့အတွက် ယခုရက်ပိုင်းအတွင်း အခြေခံစားကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေ ရှားပါးပြတ်လတ်နေပြီး ဈေးနှုန်းတွေလည်း အဆမတန် ကြီးမြင့်နေပါတယ်။

ပူတာအိုဖက်ကို အဓိကကုန်ပစ္စည်း သယ်ယူပို့ဆောင်နေတဲ့ လမ်းကြောင်းဖြစ်တဲ့ မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို ကားလမ်းဟာ အခုသီတင်းပတ်တွေအတွင်း လုံခြုံရေး အခြေအနေကြောင့် အသွားအလာ နည်းလာရာမှာ ပူတာအိုဖက်မှာ ကုန်ဈေးနှုန်းတွေ မြင့်တက်နေတာပါ။

အခုရက်ပိုင်းအတွင်း ပူတာအိုမှာ ကြက်သွန်နီ တစ်ပိဿာကို ကျပ် နှစ်ထောင်ကနေ ရှစ်ထောင်အထိ ခုန်တက်သွားခဲ့တဲ့ အပြင် အခြားလူသုံးပစ္စည်းတွေလည်း အဆမတန်ဈေးကြီးမြင့်နေတယ်လို့ ပူတာအိုခရိုင် နောင်မွန်းမြို့နယ်ရဲ့ကချင် ပြည်နယ်လွှတ်တော်

ကိုယ်စားလှယ် ဦးချန်တန်ခင်က RFA ကိုပြောပြပါတယ်။

အရင်က မြစ်ကြီးနားကနေ ပူတာအိုဘက်ကိုကုန်ကားတွေနဲ့ ကုန်စည်သယ်ယူပို့ဆောင်တဲ့အခါ သုံး၊ လေးရက်နဲ့ ရောက်နိုင်ပေမဲ့ အခုလိုတိုက်ပွဲ တွေ ဖြစ်နေတဲ့ကာလမှာအနည်းဆုံးတစ်လ ကျော်ကြာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လတ်တလော လုံခြုံရေးအခြေအနေတွေအရ ကမ္ဘာလှည့်ခရီးသည်တွေကို ပူတာအိုဘက်ကို သွားရောက်လည်ပတ်ခွင့် တားမြစ်ထားပါတယ်။

RFA Burmese
မြန်မာနိုင်ငံမြောက်ဖျား ကချင်ပြည်နယ် ပူတာအိုခရိုင်ထဲမှာ ဒေသ မတည်ငြိမ်တဲ့အတွက် ယခုရက်ပိုင်းအတွင်း အခြေခံစားကုန်နဲ့ လူသုံး ကုန်ပစ္စည်းတွေ ရှားပါးပြတ်လတ်နေပြီး ဈေးနှုန်းတွေလည်း အဆ မတန် ကြီးမြင့်နေပါတယ်။
ပူတာအိုဖက်ကို အဓိကကုန်ပစ္စည်း သယ်ယူပို့ဆောင်နေတဲ့ လမ်းကြောင်းဖြစ်တဲ့ မြစ်ကြီးနား-ဆွမ်ပရာဘွမ် -ပူတာအို ကားလမ်းဟာ အခုသီတင်းပတ်တွေအတွင်း လုံခြုံရေးအခြေအနေကြောင့် အသွားအလာ နည်း
လာရာမှာ ပူတာအိုဖက်မှာ ကုန်ဈေးနှုန်းတွေ မြင့်တက်နေတာပါ။
အခုရက်ပိုင်းအတွင်း ပူတာအိုမှာကြက်သွန်နီ တစ်ပိဿာကို ကျပ် နှစ်ထောင်ကနေ ရှစ်ထောင်အထိ ခုန်တက်သွားခဲ့တဲ့အပြင် အခြားလူသုံးပစ္စည်းတွေလည်း အဆမတန်ဈေးကြီးမြင့်နေတယ်လို့ ပူတာအို ခရိုင် နောင်မွန်းမြို့နယ်ရဲ့ကချင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချန်တန်ခင်က RFA ကိုပြောပြပါ တယ်။
အရင်က မြစ်ကြီးနားကနေ ပူတာအိုဘက်ကိုကုန်ကားတွေနဲ့ ကုန်စည်သယ်ယူပို့ဆောင်တဲ့အခါ သုံး၊ လေး ရက်နဲ့ ရောက်နိုင်ပေမဲ့ အခုလိုတိုက်ပွဲ တွေ ဖြစ်နေတဲ့ကာလမှာ အနည်းဆုံးတစ်လ ကျော်ကြာတယ် လို့ ဒေသ ခံတွေက ပြောပါတယ်။
လတ်တလော လုံခြုံရေးအခြေအနေတွေအရ ကမ္ဘာလှည့်ခရီးသည်တွေကို ပူတာအိုဘက်ကို သွားရောက် လည်ပတ်ခွင့် တားမြစ်ထားပါတယ်။
RFA Burmese

No comments:

Post a Comment

My Blog List