မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း ( MPBA )မှ
ကြီးမှုးကျင်းပသည့် စာအုပ်ဈေးရောင်းပွဲတော်၊ စာပေဟောပြောပွဲနှင့် ၂၀၁၁
ခုနှစ် အကောင်းဆုံး ထုတ်ဝေသူဆုပေးပွဲ အခမ်းအနား ဖွင့်ပွဲကို ဇန်န၀ါရီ ၃၁ ရက် မနက် ၉ နာရီ က အမျိုးသားကဇာတ်ရုံတွင် ကျင်းပ ခဲ့သည်။ယင်းအခမ်းအနား၌၂၀၁၁ ခုနှစ်အတွက် အကောင်းဆုံး ထုတ်ဝေသူဆုကို သံအမတ်ကြီး
(ငြိမ်း)ဦးသက်ထွန်းရေးသားသည့် Wave of influence စာအုပ်အတွက်
လောကအလင်းစာအုပ်တိုက်မှ ရရှိခဲ့သည်။ယင်းပွဲတွင်စာအုပ်တိုက်ပေါင်း
၁၀၀ ကျော်မှ စာအုပ်မျိုးစုံကို တစ်နေရာတည်း ၀ယ်ယူခွင့်
ရရှိရန်စီစဉ်ထားပြီး ဖွင့်ပွဲနှင့်အတူ နေ့လည်တစ်နာရီမှစ၍
ဆရာလယ်တွင်း သားစောချစ်၊ ဆရာမ ခင်ဆွေမြင့်(မြန်မာစာ)နှင့် ဆရာမ
မစန္ဒာတို့ကဟောပြောမှုပြုလုပ်ခဲ့သည်။အဆိုပါပွဲတော်ကိုဇန်န၀ါရီ ၃၁ ရက်နေ့မှ ဖေဖော်ဝါရီ ၃ ရက်နေ့အထိနေ့စဉ် မနက် ၉ နာရီမှ ညနေ ၆ နာရီအထိ ကျင်းပမည်ဖြစ်ရာ ဇန်န၀ါရီ ၁ရက်နေ့နေ့လည် တွင် ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)၊ ကိုတာနှင့် ဆရာမဒေါ်သန်းမြင့်အောင်၊ ၂ ရက်နေ့တွင် ဦးဘုန်း(ဓာတုဗေဒ)၊ လင်းသိုက်ညွန့်(မြန်မာမြေ)နှင့် ဆရာမ ဂျူး၊ ၃ ရက်နေ့တွင်ဆရာချစ်ဦးညို၊ ဆရာကျော်ဝင်းနှင့် ဆရာဖေမြင့်တို့က ဟောပြောမည်
ဖြစ်ကြောင်းသိရသည်။
AKS
ဓာတ်ပုံ အောင်နိုင်စိုး ( ကစ္ဆပ )
Popular Myanmar News Journal
No comments:
Post a Comment