Sunday, January 28, 2013
မကြာမီထွက်ရှိမည့် တန်ဖိုးနည်းဖုန်း၏ သတ်မှတ်ဈေးနှုန်းသည် ပြည်သူများအတွက် ၀မ်းသာစရာ စိတ်ချမ်းမြေ့စရာ တန်ဖိုးဖြင့် ထွက်ပေါ်လာလိမ့်မည်ဖြစ်ကြောင်း ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းသန်းက ပြောကြားသည်။
ယနေ့ကျင်းပပြုလုပ်သော ပထမအကြိမ်အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး န၀မနေ့တွင် တန်ဖိုးနည်းဖုန်းချပေးရေးနှင့် ပတ်သက်၍ သတ်မှတ်ထားသော ဈေးနှုန်းကို သိလိုကြောင်း ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၄ မှ ဒေါက်တာမြတ်ဥာဏစိုး၏ မေးခွန်းကို ပြန်လည်ဖြေကြားရာတွင် အထက်ပါအတိုင်း ကတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။
ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် တန်ဖိုးနည်းဖုန်းများကို မကြာမီ ထုတ်ပေးသွားမည်ဖြစ်ပြီး ဈေးနှုန်းသတ်မှတ်မှုကိုလည်း မကြာမီထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Messenger News Journal
ဗွီအိုအေ မြန်မာနံနက်ခင်း
-
အပြည်ပြည်ဆိုင်ရာ စံတော်ချိန် ၂၃၃၀ ၊ မြန်မာစံတော်ချိန် နံနက် ၆ နာရီကနေ ၇
နာရီထိ (၁) နာရီကြာ ထုတ်လွှင့်နေတဲ့ ဒီ ရေဒီယိုအစီအစဉ်မှာ မြန်မာ၊ ဒေသတွင်းနဲ့
နိုင်ငံ...
10 hours ago
No comments:
Post a Comment