Tuesday, January 29, 2013

ဒန်းနစ် (စ်) မက်ဒိုနယ်ကို သမ္မတ၏ ဦးစီး အရာရှိချုပ် ခန့်အပ်

Photo: ဒန်းနစ် (စ်) မက်ဒိုနယ်ကို သမ္မတ၏ ဦးစီး အရာရှိချုပ် ခန့်အပ်
Sunday, January 27, 2013

အမေရိကန် သမ္မတ ဘားရက် အိုဘားမားသည် ၎င်း၏ သမ္မတ ဒုတိယ သက်တမ်း အတွက် ဝန်ကြီး အဖွဲ့ကို ပြောင်းလဲ ဖွဲ့စည်းမှုများ ပြုလုပ် ခဲ့ရာတွင် အမျိုးသား လုံခြုံရေး ဆိုင်ရာ ဒုတိယ အကြံပေး အရာရှိ အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဒန်းနစ် (စ်) မက်ဒိုနယ်ကို သမ္မတ၏ ဦးစီး အရာရှိချုပ် အဖြစ် ဇန်နဝါရီ ၂၅ ရက်က ပြောင်းလဲ ခန့်အပ် ခဲ့သည်ဟု သိရသည်။

ဝါရှင်တန် ဒီစီရှိ အိမ်ဖြူတော်၌ ကျင်းပသော အဆိုပါ အခမ်း အနားတွင် အိုဘားမားသည် မက်ဒိုနယ်၏ လုပ်ကိုင်ရည်ကို ချီးကျူး ပြောကြားပြီး
နိုင်ငံခြားရေးရာ ကိစ္စရပ်များတွင် မက်အား အကြံပေး အဖြစ် နှစ်ပေါင်း များစွာ အားထား ခဲ့ရကြောင်းကို ထုတ်ဖော် ပြောကြား ခဲ့သည်။

မက်သည် အရာရှိချုပ် ရာထူးမှ နုတ်ထွက်တော့မည့် ဂျက်ခ်လျူး၏
နေရာတွင် အစားထိုး၍ တာဝန် ထမ်းဆောင် သွားမည် ဖြစ်ပြီး ဂျက်ခ်လျူးကို ဘဏ္ဍာရေး ဝန်ကြီးဌာန၏ အကြီးအကဲ အဖြစ် ခန့်အပ် ရွေးချယ် ခဲ့သည်ဟု သိရသည်။

မက်သည် အမေရိကန် ပြည်သူများ အတွက် အလုပ်အကိုင် ဖန်တီးရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ ဘဏ္ဍာရေး လိုငွေပြမှုကို လျှော့ချရေးနှင့် ရာသီဥတု ပြောင်းလဲမှုကို လျှော့ချရေး ကဲ့သို့သော ကိစ္စရပ်များ တွင် အရေးပါသည့် အကြံဉာဏ်များကို ပေးနိုင်သည်ဟု အိမ်ဖြူတော် အခမ်း အနားတွင် အိုဘားမားက ပြောကြား ခဲ့သည်။

မက်ကို ၁၉၆၉ ခုနှစ်တွင် မင်နီဆိုတာ ပြည်နယ်၌ မွေးဖွား ခဲ့သည်ဟု သိရသည်။ မက်သည် အမေရိကန် လွှတ်တော် အတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကြံပေး အဖွဲ့များတွင် အဖွဲ့ဝင် တစ်ဦး အဖြစ် ပါဝင် ခဲ့ပြီး လွှတ်တော်ရေးရာ လက်ထောက် အဖြစ်လည်း တာဝန် ထမ်းဆောင် ခဲ့သည်။ ထို့အပြင် အိမ်ဖြူတော်၌ သမ္မတအို ဘားမား၏ ယုံကြည် အားထားရဆုံး အကြံပေး တစ်ဦး အဖြစ် ဖော်ပြ ခံခဲ့ရပြီး သမ္မတနှင့် ပုဂ္ဂိုလ် ရေးအရ ရင်းနှီး ကျွမ်းဝင်မှု ရှိသူ တစ်ဦး ဖြစ်ကြောင်းလည်း သိရသည်။

မက်၏ လစ်လပ်သွားသော နေရာတွင် ဒုတိယ သမ္မတ ဂျိုးဘိုင်ဒင်၏ အမျိုးသား လုံခြုံရေး ဆိုင်ရာ အကြံပေး ဖြစ်သူ အန်တိုနီ ဘလင်တန်က လွှဲပြောင်း တာဝန်ယူ သွားမည် ဖြစ်သည်ဟု သိရသည်။

http://www.myawady.net.mm/allnews/global/item/5432-2013-01-27-11-40-49#.UQVHQ528B8E

မြ၀တီအမေရိကန် သမ္မတ ဘားရက် အိုဘားမားသည် ၎င်း၏ သမ္မတ ဒုတိယ သက်တမ်း အတွက် ဝန်ကြီး အဖွဲ့ကို ပြောင်းလဲ ဖွဲ့စည်းမှုများ ပြုလုပ် ခဲ့ရာတွင် အမျိုးသား လုံခြုံရေး ဆိုင်ရာ ဒုတိယ အကြံပေး အရာရှိ အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဒန်းနစ် (စ်) မက်ဒိုနယ်ကို သမ္မတ၏ ဦးစီး အရာရှိချုပ် အဖြစ် ဇန်နဝါရီ ၂၅ ရက်က ပြောင်းလဲ ခန့်အပ် ခဲ့သည်ဟု သိရသည်။
ဝါရှင်တန် ဒီစီရှိ အိမ်ဖြူတော်၌ ကျင်းပသော အဆိုပါ အခမ်း အနားတွင် အိုဘားမားသည် မက်ဒိုနယ်၏ လုပ်ကိုင်ရည်ကို ချီးကျူး ပြောကြားပြီး
နိုင်ငံခြားရေးရာ ကိစ္စရပ်များတွင် မက်အား အကြံပေး အဖြစ် နှစ်ပေါင်း များစွာ အားထား ခဲ့ရကြောင်းကို ထုတ်ဖော် ပြောကြား ခဲ့သည်။မက်သည် အရာရှိချုပ် ရာထူးမှ နုတ်ထွက်တော့မည့် ဂျက်ခ်လျူး၏နေရာတွင် အစားထိုး၍ တာဝန် ထမ်းဆောင် သွားမည် ဖြစ်ပြီး ဂျက်ခ်လျူးကို ဘဏ္ဍာရေး ဝန်ကြီးဌာန၏ အကြီးအကဲ အဖြစ် ခန့်အပ် ရွေး ချယ် ခဲ့သည်ဟု သိရသည်။

မက်သည် အမေရိကန် ပြည်သူများ အတွက် အလုပ်အကိုင် ဖန်တီးရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ ဘဏ္ဍာရေး လိုငွေပြမှုကို လျှော့ချရေးနှင့် ရာသီဥတု ပြောင်းလဲမှုကို လျှော့ချရေး ကဲ့သို့သော ကိစ္စရပ်များ တွင် အရေးပါသည့် အကြံဉာဏ်များကို ပေးနိုင်သည်ဟု အိမ်ဖြူတော် အခမ်း အနားတွင် အိုဘားမား က ပြောကြား ခဲ့သည်။

မက်ကို ၁၉၆၉ ခုနှစ်တွင် မင်နီဆိုတာ ပြည်နယ်၌ မွေးဖွား ခဲ့သည်ဟု သိရသည်။ မက်သည် အမေရိကန် လွှတ်တော် အတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကြံပေး အဖွဲ့များတွင် အဖွဲ့ဝင် တစ်ဦး အဖြစ် ပါဝင် ခဲ့ပြီး လွှတ်တော်ရေးရာ လက်ထောက် အဖြစ်လည်း တာဝန် ထမ်းဆောင် ခဲ့သည်။ ထို့အပြင် အိမ်ဖြူတော်၌ သမ္မတအို ဘားမား၏ ယုံကြည် အားထားရဆုံး အကြံပေး တစ်ဦး အဖြစ် ဖော်ပြ ခံခဲ့ရပြီး သမ္မတနှင့် ပုဂ္ဂိုလ် ရေးအရ ရင်းနှီး ကျွမ်းဝင်မှု ရှိသူ တစ်ဦး ဖြစ်ကြောင်းလည်း သိရသည်။
မက်၏ လစ်လပ်သွားသော နေရာတွင် ဒုတိယ သမ္မတ ဂျိုးဘိုင်ဒင်၏ အမျိုးသား လုံခြုံရေး ဆိုင်ရာ အကြံပေး ဖြစ်သူ အန်တိုနီ ဘလင်တန်က လွှဲပြောင်း တာဝန်ယူ သွားမည် ဖြစ်သည်ဟု သိရသည်။

http://www.myawady.net.mm/allnews/global/item/5432-2013-01-27-11-40-49#.UQVHQ528B8E

မြ၀တီ

No comments:

Post a Comment

My Blog List