Monday, January 28, 2013

မန္တလေးမြို့မှ ဓာတ်ဆီဆိုင်တစ်ဆိုင်တွင် မီးလောင်

ယနေ့ ( ၂၈ . ၁ . ၂၀၁၃ ) ရက်နေ့ ညနေ ( ၅ ) နာရီခန့်က မန္တလေးမြို့ ၇၈ လမ်း ၊ လမ်း ၄၀ ဒေါင့်ပေါ်ရှိ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း က ဖွင့်လှစ်ထားသော ၂၄ နာရီ ဓာတ်ဆီဆိုင်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပါသည် ။ ပထမဘောက်ဆာကားချစဉ် ပေါ့ဆမှုကြောင့် လောင်ကျွမ်းပြီ ဆိုင်ရှိဝန်ထမ်းများကြိုးစားမှုကြောင့် ငြိမ်းသတ်သွားသော်လည်း ဒုတိယ ကားအားဆက်လက် ကူးသွားပြီးလောင်ကျွမ်းမှုဆက်လက်ဖြစ်ပွားခဲ့ပါသည် ။ ဝန်ထမ်း၂ ဦးဒဏ်ရာ ရရှိသွားပါသည် ဟု သိရပါသည် ။ ပုံမှာ မီးလောင်ကျွမ်းခဲ့သော ဘောက်ဆာကားဖြစ်ပါသည် ။

သတင်း / ဓာတ်ပုံ ~ Pyae Sone

No comments:

Post a Comment

My Blog List