Tuesday, January 29, 2013

ဇန်န၀ါရီလအတွင်း မြန်မာ့အသင်း နိုင်ငံတကာ ခြေစမ်းပွဲ ၂ ပွဲကစားမည်

Photo: ဇန်န၀ါရီလအတွင်း မြန်မာ့အသင်း နိုင်ငံတကာ ခြေစမ်းပွဲ
၂ ပွဲကစားမည်
Monday, January 28, 2013

မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းသည် လာမည့် ဇန်န၀ါရီလအတွင်း နိုင်ငံတကာ ခြေစမ်းပွဲ ၂ ပွဲကစားရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် မီဒီယာ
ဒါရိုက်တာ ဦးစိုးမိုးကျော်က ပြောကြားသည်။

မြန်မာအသင်းသည် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ဖိလစ်ပိုင် လက်ရွေးစင်အသင်း နှင့်လည်းကောင်း၊ ဖေဖော်ဝါရီလ ၂၂
ရက်နေ့တွင် မလေး ရှား ယူ-၂၃ လက်ရွေးစင် အသင်းနှင့် လည်းကောင်း ခြေစမ်းပွဲ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

“သုဝဏ္ဏကွင်းမှာ ဖိလစ်ပိုင်နဲ့ ကစားမယ့်ပွဲကို ညနေ ၅ နာရီမှာ
ကစားမှာပါ။ ဖိလစ်ပိုင်အသင်းရဲ့ တောင်ဆိုမှုကြောင့်ပါ” ဟု ဦးစိုးမိုးကျော်က ပြောကြားသည်။

ဖိလစ်ပိုင်လက်ရွေးစင်အသင်းတွင် အင်္ဂလန်၊ စပိန်၊ ဂျာမနီ
အစရှိသော ဥရောပနိုင်ငံကြီးများတွင် သွားရောက်ကစားနေ
ကြသော ကြေးစားကစား သမားများ ပါဝင်ကြောင်း သိရသည်။

ဂျာမနီ ဘွန်ဒက်စ်လီဂါလိဂ် ဟော့ဖန်ဟိန်းအသင်းတွင် ကစား
နေသည့် ကွင်းလယ်ကစားသမား မားကတ်နှင့် အင်္ဂလန် ဘရစ္စ တိုးအသင်းတွင် ကစားနေသည့် ဂိုးသမား အီသာရိတ်တို့ ဖိလစ် ပိုင်အသင်းတွင် ပါဝင်မည်ဖြစ်သည်။

နည်းပြအဖွဲ့ဝင် ၁၂ ဦး၊ ကစားသမား ၂၃ ဦးပါဝင်မည့် ဖိလစ်ပိုင်
အသင်းသည် လာမည့် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ရန်ကုန်မြို့
သို့ ရောက်ရှိ မည်ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ဂျာမနီလူမျိုး နည်းပြ မစ်ချယ်ဝှီး ကိုယ်တွင်သည့် ဖိလစ်ပိုင်အသင်း
သည် ကမ္ဘာ့အဆင့် ၁၄၇ ဖြင့် ရပ်တည်နေပြီး မြန်မာအသင်းမှာ
ကမ္ဘာ့ အဆင့် ၁၆၂ တွင် ရပ်တည်နေကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် (၂၅)ဦးစာရင်းမှာ ဂိုး - သီဟစည်သူ (ရတနာပုံ)၊
ကျော်ဇင်ဖြိုး (မကွေး)၊ ပြည့်ဖြိုးအောင် (ဆောက်သမ်း) နောက်တန်း - ရန်အောင်ဝင်း၊ ရဲဇော်ထက်အောင်၊ ဇော်မင်းထွန်း၊ သက်နိုင် (ရတနာပုံ)၊ အောင်ဟိန်းကျော် (ဇေယျာရွှေမြေ)၊ ဇော်ဇော်ဦး (ဧရာဝတီ)၊ ပြည့်ဖြိုးအောင် (ရန်ကုန် ယူနိုက်တက်)၊ နန္ဒကျော်
(မကွေး)၊ သိန်းသန်းဝင်း (KBZ) အလယ်တန်း - ဖြိုးကိုကိုသိန်း၊
ညီညီမင်း၊ နန္ဒလင်း ကျော်ချစ် (ဧရာဝတီ)၊ ရန်အောင်ကျော်၊
အောင်မိုး၊ စည်သူအောင်၊ ရာဇာဝင်းသိန်း (ရန်ကုန် ယူနိုက်တက်)၊
မောင်မောင်စိုး၊ ထူးထူးအောင် (မကွေး) ရှေ့တန်း - ကျော်ကိုကို (ရန်ကုန်)၊ ကောင်းစည်သူ (ရတနာပုံ)၊ ကျော်ဇေယျာဝင်း၊ စိုးမင်းဦး
(KBZ) တို့ ဖြစ်ကြကြောင်း သိရသည်။


ဟိန်းသူ
The Myanma Ageမြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည်လာမည့်ဇန်န၀ါရီလအတွင်း
 နိုင်ငံတကာခြေစမ်းပွဲ၂ပွဲကစားရန်စီစဉ်နေကြောင်း မြန်မာနိုင်ငံဘောလုံ
အဖွဲ့ချုပ် မီဒီယာ ဒါရိုက်တာ ဦးစိုးမိုးကျော်က ပြောကြားသည်။
မြန်မာအသင်းသည် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ဖိလစ်ပိုင် လက်ရွေးစင်အသင်း နှင့်လည်းကောင်း၊ ဖေဖော်ဝါရီလ ၂၂ရက်နေ့တွင် မလေးရှားယူ၂၃လက်ရွေးစင်အသင်းနှင့်လည်းကောင်းခြေစမ်းပွဲပြုလုပ်
 သွားမည် ဖြစ်ကြောင်း သိရသည်။
“သုဝဏ္ဏကွင်းမှာ ဖိလစ်ပိုင်နဲ့ ကစားမယ့်ပွဲကို ညနေ ၅ နာရီမှာ ကစား မှာပါ။ ဖိလစ်ပိုင်အသင်း ရဲ့ တောင်ဆို မှုကြောင့်ပါ” ဟု ဦးစိုးမိုးကျော်က ပြောကြားသည်။ ဖိလစ်ပိုင် လက်ရွေးစင်အသင်းတွင် အင်္ဂလန်၊ စပိန်၊ ဂျာမနီအစရှိသော ဥရောပနိုင်ငံကြီးများတွင် သွားရောက် ကစားနေကြသော ကြေးစားကစား သမားများ ပါဝင်ကြောင်း သိရသည်။
ဂျာမနီ ဘွန်ဒက်စ်လီဂါလိဂ် ဟော့ဖန်ဟိန်းအသင်းတွင် ကစားနေသည့် ကွင်းလယ်ကစားသမား မားကတ်နှင့် အင်္ဂလန် ဘရစ္စ တိုးအသင်းတွင် ကစားနေသည့် ဂိုးသမား အီသာရိတ်တို့ ဖိလစ် ပိုင်အသင်းတွင် ပါဝင်မည်ဖြစ်သည်။ နည်းပြအဖွဲ့ဝင် ၁၂ ဦး၊ ကစားသမား ၂၃ ဦးပါဝင်မည့် ဖိလစ်ပိုင် အသင်းသည် လာမည့် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ရန်ကုန်မြို့သို့ ရောက်ရှိ မည်ဟု မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ဂျာမနီလူမျိုး နည်းပြ မစ်ချယ်ဝှီး ကိုယ်တွင်သည့် ဖိလစ်ပိုင်အသင်းသည် ကမ္ဘာ့အဆင့် ၁၄၇ ဖြင့် ရပ်တည်နေပြီး မြန်မာအသင်းမှာကမ္ဘာ့ အဆင့် ၁၆၂ တွင် ရပ်တည်နေကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင် (၂၅)ဦးစာရင်းမှာ ဂိုး - သီဟစည်သူ (ရတနာပုံ)၊ကျော်ဇင်ဖြိုး (မကွေး)၊ ပြည့်ဖြိုးအောင် (ဆောက်သမ်း) နောက်တန်း - ရန်အောင်ဝင်း၊ ရဲဇော်ထက်အောင်၊ ဇော်မင်းထွန်း၊ သက်နိုင် (ရတနာပုံ)၊ အောင်ဟိန်းကျော် (ဇေယျာရွှေမြေ)၊ ဇော်ဇော်ဦး (ဧရာဝတီ)၊ ပြည့်ဖြိုးအောင် (ရန်ကုန် ယူနိုက်တက်)၊ နန္ဒကျော်(မကွေး)၊ သိန်းသန်းဝင်း (KBZ) အလယ်တန်း - ဖြိုးကိုကိုသိန်း၊ညီညီမင်း၊ နန္ဒလင်း ကျော်ချစ် (ဧရာဝတီ)၊ ရန်အောင်ကျော်၊အောင်မိုး၊ စည်သူအောင်၊ ရာဇာဝင်းသိန်း (ရန်ကုန် ယူနိုက်တက်)၊မောင်မောင်စိုး၊ ထူးထူးအောင် (မကွေး) ရှေ့တန်း - ကျော်ကိုကို (ရန်ကုန်)၊ ကောင်းစည်သူ (ရတနာပုံ)၊ ကျော်ဇေယျာဝင်း၊ စိုးမင်းဦး(KBZ) တို့ ဖြစ်ကြကြောင်း သိရသည်။


ဟိန်းသူ
The Myanma Age

No comments:

Post a Comment

My Blog List