Tuesday, January 29, 2013

သာသနာ့နယ်မြေအောက်က ပတ်(စ်)ပို့မဲ့ နိုင်ငံကူးတိရစ္ဆာန်များ

Photo: သာသနာ့နယ်မြေအောက်က ပတ်(စ်)ပို့မဲ့ နိုင်ငံကူးတိရစ္ဆာန်များ
Monday, January 28, 2013

မွန်ပြည်နယ်၏ အထင်ကရ နယ်မြေဖြစ်သော ကျိုက်ထီးဆောင်း 
ဆရာတော် ဘုရားကြီး၏ မွေးရပ်ဌာနေဇုတ်သုပ်ရွာစံပြ ကျေးရွာကြီးတွင်
ဆောင်းကာလနှင့်အပြိုင် ပဌာန်းရေအေးများကို ပက်ဖြန်းနေကြသည်။ 

ထို့အတူပင် ကျိုက်ထီးဆောင်း ဘုရားကြီး၏ တောင်ခြေတွင် လိုင်စင်မရှိ အရောင်းအဝယ် ပြုလုပ်သူနှင့် ပတ်(စ်)ပို့မရှိ နိုင်ငံကူး အပို့ခံရမည့် တိရစ္ဆာန်များသည်လည်း ညအမှောင်ထဲတွင် အလုံပိတ် ကားကြီးပေါ်သို့ အပူတပြင်း တက်နေကြလေသည်။ 

သန်မာထွားကြိုင်းသော ကျွဲ၊ နွားများသည် စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်သော မြန်မာနိုင်ငံတွင် မနေလိုကြ၍ မွန်းကြပ်သော အလုံ
ပိတ်ကားကြီးများဖြင့် နိုင်ငံခြားကို ထွက်လိုကြခြင်း မဟုတ်ကြပေ။ 

ထိုတိရစ္ဆာန်များ လုပ်ကြွေးသော ဆန်ကိုစား၍ လောဘအဟုန်
မြင့်လာသော နွားပွဲစားများကြောင့် သားကြီးငါးကြီးကို မမီဝဲသင့်ဟု မိန့်တော်မူသော ကျိုက်ထီးဆောင်း ဆရာတော်၏ သာသနာ့နယ်မြေမှ ပဌာန်းတရားပွဲနှင့်အပြိုင် အလုံပိတ်ကားပေါ်သို့ အပြေးအလွှား တက်နေကြရခြင်း ဖြစ်လေသည်။ 

ယင်းနယ်မြေမှ ကျွဲနွားများအပြင် မိတ္ထီလာ၊ ပြည်၊ ဥက္ကံစသော နယ်မြေပေါင်းစုံမှ ကျွဲ၊ နွားသည် လှေများ၊ ကားများဖြင့်တစ်မျိုး၊
ခြေလျင်ဖြင့်တစ်ဖုံ မျိုးစုံရောက်ရှိလာကာ ဇုတ်သုတ်ကျေးရွာမှတဆင့် ကျိုက်ထီးဆောင်း- ကျိုက်ထော်-သထုံလမ်းများကို အသုံးပြုလျက် ကရင်ပြည်နယ် အတွင်းသို့ ဝင်ရောင်ကြပြီး ထိုင်းနိုင်ငံသို့ အရာင်းအဝယ်ပြုလျက် ရှိကြကြောင်း ယခင်နွားပွဲစားအဖြစ် လုပ်ကိုင်ဖူးသူများက ပြောကြသည်။

ပွဲစားများသည် ကျိုက်ထီးဆောင်း တောင်ခြေ အနီးတဝိုက်နှင့် ယခုအသစ် တည်ဆောက်လျက်ရှိသော ဇုတ်သုတ်ဆေးရုံနောက်ကျော တဝိုက်တွင် အရောင်းအဝယ် အတင်အချ ပြုလုပ်ကြကြောင်း ဒေသခံများက မျက်မြင်များက ပြောကြသည်။ 

ဇန်နဝါရီလ ၂၆ရက်နေ့ည မှောင်ရီပျိုးချိန်တွင် အမိုးပွင့် ဆယ်ဘီးကားသည်
တောင်ခြေရင်းတွင် ကားဖင်ထိုး၍ တောင်ပေါ်မှ ကားပေါ်သို့ နွားများအား နဖားကြိုးကိုင်၍ ဆွဲတင်သူနှင့် မောင်းတင်သူများသည် ဟန်ချက်ညီ
နေကြသည်။ 

ကျွမ်းကျင်လှသော အတင်အချ အလုပ်သမားများကြောင့် နွားများသည် နာရီဝက် အတွင်း၌ပင် ကားပေါ်တွင် နေရာယူပြီး အသင့်အနေအထား ရှိနေကျသည်။ ထို့နောက် မိုးကာဖြင့်အုပ်၍စတင်ထွက်ခွာသွားကြခြင်း
ဖြစ်ကြောင်း ကားအတင်အချ ပြုလုပ်သော နေရာနှင့် နီးစပ်သော
အိမ်များမှ ဒေသခံများက ပြောကြသည်။ 

ထိုလုပ်ငန်းအား အနယ်နယ် အရပ်ရပ်မှ ပွဲစားများလာရောက် လုပ်ကိုင်လျက်ရှိပြီး ဇုတ်သုတ်ကျေးရွာတွင် အဓိကပွဲစား ငါးဦးက ဦးဆောင်လုပ်ကိုင်လျက် ရှိသည်ဟု ထိုလုပ်ငန်းအား လေ့လာ
စောင့်ကြည့် နေသူများက ပြောကြသည်။ 

ဦးတင်ဝင်း(အမည်လွှဲ)က “ဇုတ်သုတ်ရွာမှာ ပွဲစားငါးရောက်လောက် 
ရှိတယ်။ ပွဲစားကိုကျော်ဌေး ဆိုတဲ့လူနဲ့ ပါဝင်ပတ်သက်တဲ့သူတွေ များပါတယ်။”ဟု ပြောကြားသည်။ 

ဇုတ်သုတ်ကျေးရွာတွင် ကျွဲ၊ နွားအတင်အချ ပြုလုပ်သောပွဲစားများသည် တစ်ကောင်လျင် နှစ်သောင်းလေးထောင်ကျပ်နှုန်းဖြင့် ယင်းကျေးရွာရှိ တာဝန်ရှိသူများသို့ ပေးကြရသည်ဟုလည်း ဆက်လက်သိရသည်။

တနေ့လျှင် အကောင်နှစ်ဆယ်ခန့် အတင်ချပြုလုပ်လျက် ရှိနေပြီး အခြားဒေသမှ ရောက်ရှိသော ကျွဲ၊ နွားများအား အငှားကျောင်းပေး
နေသူများပင် အလုပ်အကိုင် တစ်ခုအဖြစ် တွင်ကျယ်လျက်ရှိကြောင်း အငှားကျွဲကျောင်းသူများထံမှ သိရသည်။ 

ကျွဲ၊ နွားတစ်ရှဉ်းလျှင် ယခုအခါ ယင်းဒေသပေါက်ဈေး ၇သိန်းကျော် အထက်တွင်ရှိနေသည်ဟုလည်း ဒေသတွင်း နွားပွဲစား လုပ်ကိုင်နေသူ
များက ပြောကြသည်။ နိုင်ငံခြားတွင်မူ မည်မျှပေါက်ဈေး ရှိနေသည်ကို မသိရသော်လည်း ဒေသအသီးသီးမှ တောင်သူများ၏ ကျွဲ၊ နွားများသည် ဇုတ်သုတ် ကျေးရွာမှတဆင့် နိုင်ငံခြားသို့ ပြန်လမ်းမရှိ ပို့ဆောင်ခြင်း ခံနေကြရလေသည်။ 

ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ ဝက်စသည့် သားကြီး၊ ငါးကြီး မစားသော ကျိုက်ထီးဆောင်း ဒေသတွင် သားသတ်လုပ်ငန်း မရှိသော်လည်း ကျွဲ၊ နွားများသည် လိုင်စင်နိုင်ငံမဲ့ ပို့ဆောင်ခံရခြင်းများ ရှိနေသည်။ ယင်းဒေသမှ ကျွဲ၊ နွားမှောင်ခို ရောင်းဝယ်မှုများသည် တရားဝင် လုပ်ငန်းများကဲ့သို့ လုပ်ကိုင်လျက်ရှိပြီး လွန်ခဲ့သော ငါးနှစ်ခန့်မှစ၍ ပုံမှန်လုပ်ကိုင်နေသော လုပ်ငန်းတစ်ခုဖြစ်ပြီး ဒေသခံအားလုံး သိနေကြပြီး ၎င်းတို့အတွက် အထူးအဆန်း လုပ်ငန်းမဟုတ်ကြောင်း
ဒေသခံများကပြောကြသည်။ 

“တာဝန်ရှိသူတွေကလည်း ဒီလိုနေရာတွေမှာ ဒါမျိုးတွေ မဖြစ်တန်
ကောင်းဘူးလို့ ထင်ပြီးတော့ နိုင်ငံတော် အကြီးအကဲတွေ လာရင်တောင် လုံခြုံရေး မချတဲ့ အနေအထားတွေရှိတယ်။ အဲ့ဒါကြာင့် ဒီနွားမှောင်ခိုလုပ်ငန်း သက်ဆိုးရှည်နေတယ်လို့ ထင်ပါတယ်။”ဟု ကျိုက်ထီးဆောင်း ဂါပကများက ပြောကြသည်။

လွန်ခဲ့သော ငါးနှစ်ခန့်မှ စတင်သော အဆိုပါ မှောင်ခိုလုပ်ငန်းသည် တခါတရံတွင် ဖမ်းဆီးမှုများရှိသော်လည်း ထိရောက်မှုမရှိဘဲ ယနေ့အချိန်ထိ ပုံမှန်လည်ပတ်နေသော လုပ်ငန်းတစ်ခုအဖြစ် ရှိနေကြောင်း တွေ့ရသည်။ ထို့ကြောင့် ကျိုက်ထီးဆောင်း သာသနာ့ နယ်မြေတွင် ကျွဲ၊ နွားများသည် ပတ်(စ်)ပို့မပါဘဲ နိုင်ငံခြားသို့ ဆက်လက်ထွက်ခွာ နေကြဦးမည်ဖြစ်လေသည်။

အောင်သိုက်
The Myanma Ageမွန်ပြည်နယ်၏ အထင်ကရ နယ်မြေဖြစ်သော ကျိုက်ထီးဆောင်း
ဆရာတော် ဘုရားကြီး၏ မွေးရပ်ဌာနေဇုတ်သုပ်ရွာစံပြ ကျေးရွာကြီးတွင်
ဆောင်းကာလနှင့်အပြိုင် ပဌာန်းရေအေးများကို ပက်ဖြန်းနေကြသည်။
ထို့အတူပင် ကျိုက်ထီးဆောင်း ဘုရားကြီး၏ တောင်ခြေတွင် လိုင်စင်မရှိ အရောင်းအဝယ် ပြုလုပ်သူနှင့် ပတ်(စ်)ပို့မရှိ နိုင်ငံကူး အပို့ခံရမည့် တိရစ္ဆာန်များသည်လည်း ညအမှောင်ထဲတွင် အလုံပိတ် ကားကြီးပေါ်သို့ အပူတပြင်း တက်နေကြလေသည်။ သန်မာထွားကြိုင်းသော ကျွဲ၊ နွားများသည် စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်သော မြန်မာနိုင်ငံတွင် မနေလိုကြ၍ မွန်းကြပ်သော အလုံပိတ်ကားကြီးများဖြင့် နိုင်ငံခြားကို ထွက်လိုကြခြင်း မဟုတ်ကြပေ။ ထိုတိရစ္ဆာန်များ လုပ်ကြွေးသော ဆန်ကိုစား၍ လောဘအဟုန်မြင့်လာ 
သော နွားပွဲစားများကြောင့် သားကြီးငါးကြီးကို မမီဝဲသင့်ဟု မိန့်တော်မူသော ကျိုက်ထီးဆောင်း ဆရာတော် ၏ သာသနာ့နယ်မြေမှ ပဌာန်းတရားပွဲနှင့်အပြိုင် အလုံပိတ်ကားပေါ်သို့ အပြေးအလွှား တက်နေကြ ရခြင်း ဖြစ်လေသည်။

ယင်းနယ်မြေမှ ကျွဲနွားများအပြင် မိတ္ထီလာ၊ ပြည်၊ ဥက္ကံစသော နယ်မြေပေါင်းစုံမှ ကျွဲ၊ နွားသည် လှေများ၊ ကားများဖြင့်တစ်မျိုး၊ခြေလျင်ဖြင့်တစ်ဖုံ မျိုးစုံရောက်ရှိလာကာ ဇုတ်သုတ်ကျေးရွာမှတဆင့် ကျိုက်ထီးဆောင်း- ကျိုက်ထော်-သထုံလမ်းများကို အသုံးပြုလျက် ကရင်ပြည်နယ် အတွင်းသို့ ဝင်ရောင်ကြပြီး ထိုင်းနိုင်ငံသို့ အရာင်းအဝယ်ပြုလျက် ရှိကြကြောင်း ယခင်နွားပွဲစားအဖြစ် လုပ်ကိုင်ဖူးသူ များက ပြောကြသည်။

ပွဲစားများသည် ကျိုက်ထီးဆောင်း တောင်ခြေ အနီးတဝိုက်နှင့် ယခုအသစ် တည်ဆောက်လျက်ရှိသော ဇုတ်သုတ်ဆေးရုံနောက်ကျော တဝိုက်တွင် အရောင်းအဝယ် အတင်အချ ပြုလုပ်ကြကြောင်း ဒေသခံများက မျက်မြင်များက ပြောကြသည်။ ဇန်နဝါရီလ ၂၆ရက်နေ့ည မှောင်ရီပျိုးချိန်တွင် အမိုးပွင့် ဆယ်ဘီးကားသည်
တောင်ခြေရင်းတွင် ကားဖင်ထိုး၍ တောင်ပေါ်မှ ကားပေါ်သို့ နွားများအား နဖားကြိုးကိုင်၍ ဆွဲတင် သူနှင့် မောင်းတင်သူများသည် ဟန်ချက်ညီနေကြသည်။

ကျွမ်းကျင်လှသော အတင်အချ အလုပ်သမားများကြောင့် နွားများသည် နာရီဝက် အတွင်း၌ပင် ကားပေါ် တွင် နေရာယူပြီး အသင့်အနေအထား ရှိနေကျသည်။ ထို့နောက် မိုးကာဖြင့်အုပ်၍ စတင်ထွက်ခွာ သွား ကြခြင်းဖြစ်ကြောင်း ကားအတင်အချ ပြုလုပ်သော နေရာနှင့် နီးစပ်သော အိမ်များ မှ ဒေသခံ များက ပြော ကြသည်။

ထိုလုပ်ငန်းအား အနယ်နယ် အရပ်ရပ်မှ ပွဲစားများလာရောက် လုပ်ကိုင်လျက်ရှိပြီး ဇုတ်သုတ်ကျေးရွာတွင် အဓိကပွဲစား ငါးဦးက ဦးဆောင်လုပ်ကိုင်လျက် ရှိသည်ဟု ထိုလုပ်ငန်းအား လေ့လာ
စောင့်ကြည့် နေသူများက ပြောကြသည်။

ဦးတင်ဝင်း(အမည်လွှဲ)က “ဇုတ်သုတ်ရွာမှာ ပွဲစားငါးရောက်လောက် ရှိတယ်။ ပွဲစားကိုကျော်ဌေး ဆိုတဲ့လူနဲ့ ပါဝင်ပတ်သက်တဲ့သူတွေ များပါတယ်။”ဟု ပြောကြားသည်။ ဇုတ်သုတ်ကျေးရွာတွင် ကျွဲ၊ နွားအတင် အချ ပြုလုပ်သောပွဲစားများသည် တစ်ကောင်လျင် နှစ်သောင်းလေးထောင်ကျပ်နှုန်းဖြင့် ယင်းကျေးရွာရှိ တာဝန်ရှိသူများသို့ ပေးကြရသည်ဟုလည်း ဆက်လက်သိရသည်။
တနေ့လျှင် အကောင်နှစ်ဆယ်ခန့် အတင်ချပြုလုပ်လျက် ရှိနေပြီး အခြားဒေသမှ ရောက်ရှိသော ကျွဲ၊ နွားများအား အငှားကျောင်းပေးနေသူများပင် အလုပ်အကိုင် တစ်ခုအဖြစ် တွင်ကျယ်လျက်ရှိကြောင်း အငှားကျွဲကျောင်းသူများထံမှ သိရသည်။ ကျွဲ၊ နွားတစ်ရှဉ်းလျှင် ယခုအခါ ယင်းဒေသပေါက်ဈေး ၇သိန်းကျော် အထက်တွင်ရှိနေသည်ဟုလည်း ဒေသတွင်း နွားပွဲစား လုပ်ကိုင်နေသူများ က ပြောကြ သည်။ နိုင်ငံခြားတွင်မူ မည်မျှပေါက်ဈေး ရှိနေသည်ကို မသိရသော် လည်း ဒေသအသီးသီး မှ တောင်သူများ၏ ကျွဲ၊ နွားများသည် ဇုတ်သုတ် ကျေးရွာမှတဆင့် နိုင်ငံခြားသို့ ပြန်လမ်းမရှိ ပို့ဆောင်ခြင်း ခံနေကြရလေသည်။

ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ ဝက်စသည့် သားကြီး၊ ငါးကြီး မစားသော ကျိုက်ထီးဆောင်း ဒေသတွင် သားသတ်လုပ်ငန်း မရှိသော်လည်း ကျွဲ၊ နွားများသည် လိုင်စင်နိုင်ငံမဲ့ ပို့ဆောင်ခံရခြင်းများ ရှိနေသည်။ ယင်းဒေသမှ ကျွဲ၊ နွားမှောင်ခို ရောင်းဝယ်မှုများသည် တရားဝင် လုပ်ငန်းများကဲ့သို့ လုပ်ကိုင်လျက်ရှိပြီး လွန်ခဲ့သော ငါးနှစ်ခန့်မှစ၍ ပုံမှန်လုပ်ကိုင်နေသော လုပ်ငန်းတစ်ခုဖြစ်ပြီး ဒေသခံအားလုံး သိနေကြပြီး ၎င်းတို့အတွက် အထူးအဆန်း လုပ်ငန်းမဟုတ်ကြောင်းဒေသခံများကပြောကြသည်။

“တာဝန်ရှိသူတွေကလည်း ဒီလိုနေရာတွေမှာ ဒါမျိုးတွေ မဖြစ်တန်ကောင်းဘူးလို့ ထင်ပြီးတော့ နိုင်ငံတော် အကြီးအကဲတွေ လာရင်တောင် လုံခြုံရေး မချတဲ့ အနေအထားတွေရှိတယ်။ အဲ့ဒါကြာင့် ဒီနွားမှောင်ခို လုပ်ငန်း သက်ဆိုးရှည်နေတယ်လို့ ထင်ပါတယ်။”ဟု ကျိုက်ထီးဆောင်း ဂါပကများ က ပြောကြသည်။

လွန်ခဲ့သော ငါးနှစ်ခန့်မှ စတင်သော အဆိုပါ မှောင်ခိုလုပ်ငန်းသည် တခါတရံတွင် ဖမ်းဆီးမှုများ ရှိသော် လည်း ထိရောက်မှုမရှိဘဲ ယနေ့အချိန်ထိ ပုံမှန်လည်ပတ်နေသော လုပ်ငန်းတစ်ခုအဖြစ် ရှိနေကြောင်း တွေ့ ရသည်။ ထို့ကြောင့် ကျိုက်ထီးဆောင်း သာသနာ့ နယ်မြေတွင် ကျွဲ၊ နွားများသည် ပတ်(စ်)ပို့မပါ ဘဲ နိုင်ငံခြားသို့ ဆက်လက်ထွက်ခွာ နေကြဦးမည်ဖြစ်လေသည်။

အောင်သိုက်
The Myanma Age

No comments:

Post a Comment

My Blog List