Thursday, January 31, 2013

သံဖြူဇရပ် ယာယီဈေးတွင် ဈေးတကယ်ရောင်းချခဲ့သူများသာ ဆိုင်ခန်းပေးမည်

Photo: သံဖြူဇရပ် ယာယီဈေးတွင် ဈေးတကယ်ရောင်းချခဲ့သူများသာ ဆိုင်ခန်းပေးမည်
Wednesday, January 30, 2013
 
မွန်ပြည်နယ် သိမ်ဖြူဇရပ်မြို့နယ်တွင် ဇန်န၀ါရီလ ၁၉ရက်နေ့က မီးလောင်
ကျွမ်းခဲ့သော မြို့မဈေးအား ယာယီဈေးပြန်လည် တည်ဆောက်ပြီးစီးပါက အမှန်တကယ် ဆိုင်ခန်းဖွင့်လှစ် ဈေးရောင်းသူများသာ ဆိုင်ခန်းဖွင့်လှစ်
ခွင့်ပေးမည်ဟု မြို့မ ဈေးရှိ ဈေးသူဈေးသားများထံမှ သိရသည်။

ယခုအခါ အဆိုပါ မီးလောင်ကျွမ်းခဲ့သော မြို့မဈေးကို ယာယီဈေး
ပြန်လည်တည်ဆောက်မှု လုပ်ငန်းကို ဇန်န၀ါရီ ၂၆ရက်နေ့က စတင်ကာ ပြန်လည်တည်ဆောက်နေပြီဟု ဈေးသူဈေးသားမှပြောသည်။

မြို့မဈေးအနီးရှိ မြို့လည်ပန်းခြံတွင် ဆိုင်ခန်းပေါင်း ၃၀၀ခန့် ပါဝင်သော ဈေးအား ဈေးသူဈေးသားများ အစီအစဉ်ဖြင့် ပြန်လည်
တည်ဆောက် လျက်ရှိကြောင်း မြို့မဈေးတွင် ဆိုင်ခန်းငါးခန့် ပိုင်ဆိုင်သော ကိုဇော်ထွဋ်အောင်က ပြောသည်။

၎င်းက “ ငါးဆိုင် ၊ဆယ်ဆိုင် ပိုင်တဲ့သူလဲ တစ်ဆိုင်ပဲ ရမှာပါ။ အမှန်တကယ်
ဈေးရောင်းနေတဲ့ သူတွေပဲ ပေးမှာပါ။ ဘာလို့လဲဆိုတော့ ဈေးရောင်းတဲ့
သူတွေက အမှန်တကယ် ဆုံးရှုံးသွားလို့ပဲ ဖြစ်ပါတယ် ” ဟု ဆိုသည်။

မြို့မ ယာယီဈေးတည်ဆောက်ရန် ဈေးသူဈေးသားများ အနေဖြင့် ဆိုင်ခန်းတခန်းလွှင် ငွေကျပ် သုံးသောင်းခွဲခန့် တည်ဆောက်စရိတ်
ပေးဆောင်ရကြောင်း ကိုဇော်ထွဋ်အောင်က ပြောသည်။

အဆိုပါ ယာယီဈေးတည်ဆောက်မှုသည် ယခုအကြိမ် တည်ဆောက်မှုနှင့် ဆိုလျှင် နှစ်ကြိမ်မြောက် ဖြစ်ပြီး ပထမအကြိမ် တည်ဆောက်မှုအား မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ တည်ဆောက်ပေးကာ ၎င်းစည်ပင်သာယာရေး ကော်မတီမှပင် ပြန်လည်ဖျက်သိမ်းခဲ့ကြောင်း
ဈေးသူဈေးသားများ၏ ပြောကြားချက်အရ သိရသည်။

“ အရင်က စည်ပင်က ၀ါးနဲ့ ဆောက်ပေးတယ်။ တ၀က်လည်းပြီးရော
ဈေးသူဈေးသားရဲ့ သဘောတူချက်မပါပဲ ပြန်ဖျက်သွားတယ်။ အဲဒီတော့ ဈေးသူဈေးသားတွေ ဆူပူအုံကြွပြီး ၂၅ရက်နေ့မှာပဲ စည်ပင် ၀န်ကြီး ဒေါက်တာ တိုးတိုးအောင်က ဈေးပြန်ဆောက်ပါ။ အိမ်သာတော့ မဆောက်ရဘူး ဆိုပြီး လာရှင်းပေးသွားတယ် ”ဟု ဈေးသူဈေးသား တဦးဖြစ်သည့် ဦးညွှန့်တင်က ပြောသည်။

မြို့မဈေး မီးလောင်မှုကို  မီးသတ်တပ်ဖွဲ့မှ ငွေကျပ်သိန်းပေါင်း
နှစ်ထောင်ကျော်ဟု ခန့်မှန်းထုတ်ပြန်သော်လည်း မြို့ခံများ၏ အဆိုအရ ဆုံးရှုံးမှုမှာ သိန်းပေါင်း သောင်းနှင့် ချီရှိသည်ဟု ဆိုသည်။ ဆိုင်ခန်း တခန်းထဲပင် သိန်းလေးရာမှ ငါးရာကြား ဆုံးရှုံးမှုရှိသည်ဟု သံဖြူဇရပ်မြို့မှ
ဈေးဆိုင်ပိုင်ရှင်များက ပြောသည်။

ဆုံးရှုံးမှု တန်ဖိုးနှင့် ပတ်သတ်၍ "ကျွန်တော် တဆိုင်ထဲတောင်
လှောင်ထားတဲ့ ကုန်ပစ္စည်းတန်ဖိုးချည်းပဲ ကျပ်သိန်း ၂၀၀ လောက်
ရှိတယ်။ဈေးတဈေးလုံးဆို သိန်းပေါင်း ၂သန်းလောက်ရှိနိုင်တယ် ” ပာု ကိုဇော်ထွဋ်အောင်က ဆိုသည်။

ထို့အပြင် မြို့မဈေးတွင် လောင်ကျွမ်းခဲ့သော မီးမှာ ရှို့မီးဟု ပြည်သူအများစု
က သံသယ ရှိသဖြင့် မွန်ပြည်နယ် ခရိုင်ရဲမှူး  အပါအ၀င် ဈေးသူဈေးသားများ
ပါဝင်သော ငါးဦးအဖွဲ့အား မွန်ပြည်နယ် အစိုးရအဖွဲ့မှ စုံစမ်းစစ်ဆေးရေးခုံရုံး အဖြစ်ဖွဲ့စည်းထားကြောင်း ဈေးသူဈေးသားများမှ ပြောသည်။

အဆိုပါ မီးလောင်ကျွမ်းမှု စုံစမ်းစစ်ဆေးရေး အဖွဲ့သည်မီးလောင်မှု ဖြစ်စဉ်နှင့် 
ဆက်စပ်နေသော မျက်မြင်သက်သေ နှစ်ဦး၏ ထွက်ဆိုချက်နှင့် ပတ်သတ်၍ ဈေးအစောင့် ခြောက်ဦးနှင့် ဈေးခေါင်းတဦးတို့အား မြို့နယ်ရဲတပ်ဖွဲ့တွင် မသင်္ကာမှုဖြင့် ဖမ်းဆီး စစ်ဆေးလျက် ရှိကြောင်း
ဈေးသူဈေးသားများထံမှ သိရသည်။

စောဇင်ညီ
မဇ္ဈိမ
ဓာတ်ပုံ - Eleven Media Groupမွန်ပြည်နယ် သိမ်ဖြူဇရပ်မြို့နယ်တွင် ဇန်န၀ါရီလ ၁၉ရက်နေ့က မီးလောင်ကျွမ်းခဲ့သောမြို့မဈေးအားယာယီဈေးပြန်လည် တည်ဆောက် ပြီးစီးပါကအမှန်တကယ်ဆိုင်ခန်းဖွင့် လှစ် ဈေးရောင်း သူများသာ ဆိုင်ခန်းဖွင့်လှစ်ခွင့်ပေးမည်ဟု မြို့မ ဈေးရှိ ဈေးသူဈေးသား များထံမှ သိရသည်။
ယခုအခါ အဆိုပါ မီးလောင်ကျွမ်းခဲ့သော မြို့မဈေးကို ယာယီဈေးပြန် လည်တည်ဆောက်မှု လုပ်ငန်းကို ဇန်န၀ါရီ ၂၆ရက်နေ့ကစတင် ကာ ပြန်လည်တည်ဆောက်နေပြီဟု ဈေးသူဈေးသားမှပြောသည်။
မြို့မဈေးအနီးရှိ မြို့လည်ပန်းခြံတွင် ဆိုင်ခန်းပေါင်း ၃၀၀ခန့် ပါဝင်သော ဈေးအား ဈေးသူဈေးသားများ အစီအစဉ်ဖြင့် ပြန်လည်တည်ဆောက် လျက်ရှိကြောင်း မြို့မဈေးတွင် ဆိုင်ခန်းငါးခန့် ပိုင်ဆိုင်သော ကိုဇော်ထွဋ်အောင်က ပြောသည်။

၎င်းက “ ငါးဆိုင် ၊ဆယ်ဆိုင် ပိုင်တဲ့သူလဲ တစ်ဆိုင်ပဲ ရမှာပါ။ အမှန်တကယ်ဈေးရောင်းနေတဲ့ သူတွေ ပဲ ပေးမှာပါ။ ဘာလို့လဲဆိုတော့ ဈေးရောင်းတဲ့သူတွေက အမှန်တကယ် ဆုံးရှုံးသွားလို့ပဲ ဖြစ်ပါတယ် ” ဟု ဆိုသည်။
မြို့မ ယာယီဈေးတည်ဆောက်ရန် ဈေးသူဈေးသားများ အနေဖြင့် ဆိုင်ခန်းတခန်းလွှင် ငွေကျပ် သုံးသောင်းခွဲခန့် တည်ဆောက်စရိတ်ပေးဆောင်ရကြောင်း ကိုဇော်ထွဋ်အောင်က ပြောသည်။
အဆိုပါ ယာယီဈေးတည်ဆောက်မှုသည် ယခုအကြိမ် တည်ဆောက်မှုနှင့် ဆိုလျှင် နှစ်ကြိမ်မြောက် ဖြစ်ပြီး ပထမအကြိမ် တည်ဆောက်မှုအား မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ တည်ဆောက်ပေးကာ ၎င်းစည်ပင်သာယာရေး ကော်မတီမှပင် ပြန်လည်ဖျက်သိမ်းခဲ့ကြောင်းဈေးသူဈေး သားများ၏ ပြောကြား ချက်အရ သိရသည်။
“ အရင်က စည်ပင်က ၀ါးနဲ့ ဆောက်ပေးတယ်။ တ၀က်လည်းပြီးရောဈေးသူဈေးသားရဲ့ သဘောတူချက် မပါပဲ ပြန်ဖျက်သွားတယ်။ အဲဒီတော့ ဈေးသူဈေးသားတွေ ဆူပူအုံကြွပြီး ၂၅ရက်နေ့မှာပဲ စည်ပင် ၀န်ကြီး ဒေါက်တာ တိုးတိုးအောင်က ဈေးပြန်ဆောက်ပါ။ အိမ်သာတော့ မဆောက်ရဘူး ဆိုပြီး လာရှင်းပေး သွားတယ် ”ဟု ဈေးသူဈေးသား တဦးဖြစ်သည့် ဦးညွှန့်တင်က ပြောသည်။

မြို့မဈေး မီးလောင်မှုကို မီးသတ်တပ်ဖွဲ့မှ ငွေကျပ်သိန်းပေါင်းနှစ်ထောင်ကျော်ဟု ခန့်မှန်းထုတ်ပြန်သော် လည်း မြို့ခံများ၏ အဆိုအရ ဆုံးရှုံးမှုမှာ သိန်းပေါင်း သောင်းနှင့် ချီရှိသည်ဟု ဆိုသည်။ ဆိုင်ခန်း တခန်းထဲပင် သိန်းလေးရာမှ ငါးရာကြား ဆုံးရှုံးမှုရှိသည်ဟု သံဖြူဇရပ်မြို့မှဈေးဆိုင်ပိုင် ရှင်များက ပြော သည်။

ဆုံးရှုံးမှု တန်ဖိုးနှင့် ပတ်သတ်၍ "ကျွန်တော် တဆိုင်ထဲတောင်လှောင်ထားတဲ့ ကုန်ပစ္စည်းတန်ဖိုးချည်းပဲ ကျပ်သိန်း ၂၀၀ လောက်ရှိတယ်။ဈေးတဈေးလုံးဆို သိန်းပေါင်း ၂သန်းလောက်ရှိနိုင်တယ် ” ပာု ကိုဇော်ထွဋ်အောင်က ဆိုသည်။

ထို့အပြင် မြို့မဈေးတွင် လောင်ကျွမ်းခဲ့သော မီးမှာ ရှို့မီးဟု ပြည်သူအများစုက သံသယ ရှိသဖြင့် မွန်ပြည်နယ် ခရိုင်ရဲမှူး အပါအ၀င် ဈေးသူဈေးသားများပါဝင်သော ငါးဦးအဖွဲ့အား မွန်ပြည်နယ် အစိုးရအဖွဲ့မှ စုံစမ်းစစ်ဆေးရေးခုံရုံး အဖြစ်ဖွဲ့စည်းထားကြောင်း ဈေးသူဈေးသားများမှ ပြောသည်။

အဆိုပါ မီးလောင်ကျွမ်းမှု စုံစမ်းစစ်ဆေးရေး အဖွဲ့သည်မီးလောင်မှု ဖြစ်စဉ်နှင့် ဆက်စပ်နေသော မျက်မြင် သက်သေ နှစ်ဦး၏ ထွက်ဆိုချက်နှင့် ပတ်သတ်၍ ဈေးအစောင့် ခြောက်ဦးနှင့် ဈေးခေါင်းတဦးတို့အား မြို့နယ်ရဲတပ်ဖွဲ့တွင် မသင်္ကာမှုဖြင့် ဖမ်းဆီး စစ်ဆေးလျက် ရှိကြောင်းဈေးသူဈေးသားများထံမှ သိရသည်။


ဓာတ်ပုံ - Eleven Media Group

No comments:

Post a Comment

My Blog List