
''ဦးခွန်ထွန်းဦးတို့ ရှမ်းညီလာခံလုပ်သွားတယ်။ ဘာအတွက်လဲ ရှမ်းလူ ထု တစ်စုတစ်ဝေးတည်းဖြစ်ဖို့ပဲ။ အဲဒီလိုပဲ ကရင်လည်းတစ်စုတစ်စည်း တည်း ဖြစ်ရမယ်။ အဲဒီအတွက် ညီလာခံလုပ်တာ'' ဟု ဦးအောင်မင်း က ပြောသည်။ကရင်တိုင်းရင်းသားညီလာခံဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရ က ကူညီပေးမည်ဖြစ်ပြီး ကရင် တိုင်းရင်းသားများအားလုံးပါဝင်လာနိုင်အောင် ဆောင်ရွက်မည်ဖြစ်ကြောင်းကရင်အမျိုးသားအစည်းအရုံး (KNU) မှ ဗဟိုအလုပ်အမှုဆောင်တစ်ဦးကပြောသည်။
ညီလာခံ ကျင်းပနိုင်ရေးအတွက် ကြိုတင်ဆွေးနွေးမှုများ ပြုလုပ်ရန် KNU ခေါင်းဆောင်အချို့သည် ဇန်န၀ါရီ ၂၇ ရက်က ဘားအံမြို့သို့လာရောက်ကြောင်း သတင်းရရှိသည်။ ကရင်အမျိုးသားအစည်းအရုံး (KNU)နှင့်မြန်မာအစိုးရတို့သည် ၂၀၁၂ ဇန်န၀ါရီလတွင် အပစ်အခတ် ရပ်စဲရေးသဘောတူညီခဲ့သည်။
7Day News Journal
No comments:
Post a Comment