
အာစင်ဝင်းဂါးမှာ ပြီးခဲ့သည့် ၁၇နှစ်ခန့်မှစ၍ အာဆင်နယ် နည်းပြအဖြစ် စတင်တာဝန် ယူခဲ့သော်လည်း
၈နှစ်ဆက်ဖလားလက်မဲ့ဖြစ်ခြင်းကြောင့် ပရိသတ်များ၏ အပြစ်တင်ခြင်းနှင့် ကြုံတွေ့နေရပြီး ယခုရာသီ အကုန်တွင် ချန်ပီယံလိဂ်ဝင်ခွင့် မရခဲ့ပါက အသင်းပြောင်းဖွယ် ရှိနေသည်။ ထို့ကြောင့် ရီးရဲလ်ဥက္ကဋ္ဌ ပီရက်ဇ်မှာ အာစင်ဝင်းဂါးကိုခေါ်ယူရန် စိတ်ဝင်စားနေပြီး တစ်နှစ်လုပ်ခပေါင်(၇)သန်းဖြင့်ခေါ်ယူလိမ့်မည်ဟု သတင်း များက ဖော်ပြခဲ့သည်။ ထို့အပြင် ပီအက်စ်ဂျီနှင့် ရှော်လ်ကေးတို့မှာလည်း အာစင်ဝင်းဂါးကို ခေါ်ယူရန် ကြံရွယ်နေကြောင်း သိရှိရသည်။
YoYarLay
No comments:
Post a Comment