
အဲ့ဒီ အတွက် တိုင်းကြားချက် တွေရှိခဲ့ရင် ပြစ်မှုဆိုင်ရာ ဥပဒေ၊ ရဲလက်စွဲ ဥပဒေများ အရ အရေးယူ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ခရီးသည်တင် ကားများမှ ပိုက်ဆံများ ပစ်ချပေး ရင်တော့ အဆိုပါ ခရီးသည်တင် ကားများကိုပါ အရေးယူ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ယာဉ်ထိန်း ရဲတပ်ဖွဲ့ကို ဖွဲ့စည်းပုံ အသစ်နဲ့ ဆောင်ရွက်နေပြီး စည်ပင် သာယာ နယ်နိမိတ် ၃၁ မြို့နယ်မှာ တစ်မြို့နယ် တပ်ဖွဲ့တစ်စုနဲ့ စည်ပင် သာယာ နယ်နိမိတ်ပြင်ပ ၁၄ မြို့နယ်ကို နှစ်မြို့နယ် တပ်ဖွဲ့စု တစ်ဖွဲ့စီနဲ့ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ အဆိုပါ တပ်ဖွဲ့စု တစ်စု မှာတော့ ဒုရဲမှူး အဆင့်ရှိသူ တစ်ဦး၊ ရဲအုပ် ၄ ဦး၊ ဒုရဲအုပ် ၃ ဦးနဲ့ အခြားအဆင့် ၂၈ ဦး စုစုပေါင်း ၃၆ ဦး ပါဝင်ဖွဲ့စည်း ထားတယ်လို့ သိရပါတယ်။
Mrtv - 4
ဓာတ်ပုံ - Popular Myanmar News Journal
No comments:
Post a Comment