Thursday, January 31, 2013

မျောက်တစ်ကောင် ပါဝင်သော အာကာသယာဉ် အီရန် လွှတ်တင်

Photo: မျောက်တစ်ကောင် ပါဝင်သော အာကာသယာဉ် အီရန် လွှတ်တင်
Wednesday, January 30, 2013

အီရန် နိုင်ငံသည် သက်ရှိ မျောက်တစ်ကောင်ကို ဂြိုဟ်ပတ်လမ်း အတိုင်း အာကာသ အတွင်းသို့ လွှတ်တင် ခဲ့ပြီးနောက် ၎င်းမျောက်သည် ကမ္ဘာမြေသို့ ဘေးကင်းစွာဖြင့် ပြန်လည်ဆင်းသက် လာခဲ့ကြောင်း 
အင်တာ နက် သတင်းတစ်ပုဒ် အရ သိရသည်။

အဆိုပါ မျောက်ကို Kavoshgar Pishgam ဒုံးပျံနှင့်အတူ ဇန်နဝါရီ ၂၈ ရက်က လွှတ်တင်ခဲ့ခြင်း ဖြစ်ကြောင်း နှင့် ၎င်းမျောက်သည် အာကာသ အတွင်းသို့ အမြင့် ၁၂ဝ ကီလိုမီတာ အထိ ရောက်ရှိသွား ခဲ့သည်ဟု သိရသည်။

ယခု လွှတ်တင်သည့် ဒုံးပျံ စီမံကိန်းတွင် ၎င်းတို့ အနေဖြင့် လူသားနှင့် အနီးစပ်ဆုံး တူညီမှု ရှိသော မျောက် အမျိုးအစားကို အာကာသ အတွင်းသို့ ပေးပို့ခဲ့ကြောင်း၊ ရည်ရွယ်ချက်မှာ ပျံသန်းမှု အခြေ အနေနှင့် အာကာသ အတွင်း သက်ရှိများ နေထိုင်နိုင်ရန် အသက်ရှင်ရေး
ထောက်ပံ့ပေးသည့် စနစ်များကို စမ်းသပ်ရန် အတွက် ဖြစ်ကြောင်း အီရန် အာကာသ အေဂျင်စီမှ ညွှန်ကြားရေးမှူး ဟာမစ် ဖာဇီလီက ပြောကြားသည်။

မျောက်ကို အာကာသ အတွင်း လွှတ်တင်ရာတွင် မျောက် လိုက်ပါသွားသည့် အာကာသယာဉ် အခန်းကို အလုံပိတ် ထားခဲ့ရကြောင်း၊ ၎င်း အလုံပိတ် အခန်း အတွင်း၌ ကာဗွန်ဒိုင် အောက်ဆိုဒ်ကို စုပ်ယူနိုင်ပြီး အောက်ဆီဂျင်ကို ထုတ်လွှတ် ပေးနိုင်သည့် ကိရိယာ များကို တပ်ဆင် ပေးခဲ့ရကြောင်း၊ အာကာသ အတွင်းမှ ရရှိသော အရေးပါသည့် အချက်အလက် အားလုံးကို ကမ္ဘာမြေသို့ ပေးပို့သွားမည် ဖြစ်ကြောင်းနှင့် ဒုံးပျံ အတွင်း၌ တပ်ဆင်
ထားသည့် ကင်မရာများသည် အဖြစ်အပျက် အားလုံးကို မှတ်တမ်းတင် ထားမည်ဖြစ် ကြောင်း ဟာမစ်က ထပ်လောင်း ပြောကြားသည်။

http://www.mwdmedia.net/2013/01/blog-post_1542.html

မြဝတီအီရန် နိုင်ငံသည် သက်ရှိ မျောက်တစ်ကောင်ကို ဂြိုဟ်ပတ်လမ်း အတိုင်း အာကာသ အတွင်းသို့ လွှတ်တင် ခဲ့ပြီးနောက် ၎င်းမျောက် သည် ကမ္ဘာမြေသို့ ဘေးကင်းစွာဖြင့် ပြန်လည်ဆင်းသက် လာ ခဲ့ကြောင်း အင်တာ နက် သတင်းတစ်ပုဒ် အရ သိရသည်။
အဆိုပါ မျောက်ကို Kavoshgar Pishgam ဒုံးပျံနှင့်အတူ ဇန်နဝါရီ ၂၈ ရက်က လွှတ်တင်ခဲ့ခြင်း ဖြစ်ကြောင်း နှင့် ၎င်းမျောက်သည် အာကာသ အတွင်းသို့ အမြင့် ၁၂ဝ ကီလိုမီတာ အထိ ရောက်ရှိသွား ခဲ့သည်ဟု သိရသည်။ယခု လွှတ်တင်သည့် ဒုံးပျံ စီမံကိန်းတွင် ၎င်းတို့ အနေဖြင့် လူသားနှင့် အနီးစပ်ဆုံး တူညီမှု ရှိသော မျောက် အမျိုးအစားကို အာကာသ အတွင်းသို့ ပေးပို့ခဲ့ကြောင်း၊ ရည်ရွယ်ချက်မှာ ပျံသန်းမှု အခြေ အနေနှင့် အာကာသ အတွင်း သက်ရှိများ နေထိုင်နိုင်ရန် အသက်ရှင်ရေးထောက်ပံ့ပေးသည့် စနစ်များကို စမ်းသပ်ရန် အတွက် ဖြစ်ကြောင်း အီရန် အာကာသ အေဂျင်စီမှ ညွှန်ကြားရေးမှူး ဟာမစ် ဖာဇီလီက ပြောကြားသည်။

မျောက်ကို အာကာသ အတွင်း လွှတ်တင်ရာတွင် မျောက် လိုက်ပါသွားသည့် အာကာသယာဉ် အခန်းကို အလုံပိတ် ထားခဲ့ရကြောင်း၊ ၎င်း အလုံပိတ် အခန်း အတွင်း၌ ကာဗွန်ဒိုင် အောက်ဆိုဒ်ကို စုပ်ယူနိုင်ပြီး အောက်ဆီဂျင်ကို ထုတ်လွှတ် ပေးနိုင်သည့် ကိရိယာ များကို တပ်ဆင် ပေးခဲ့ရကြောင်း၊ အာကာသ အတွင်းမှ ရရှိသော အရေးပါသည့် အချက်အလက် အားလုံးကို ကမ္ဘာမြေသို့ ပေးပို့သွားမည် ဖြစ်ကြောင်းနှင့် ဒုံးပျံ အတွင်း၌ တပ်ဆင်
ထားသည့် ကင်မရာများသည် အဖြစ်အပျက် အားလုံးကို မှတ်တမ်းတင် ထားမည်ဖြစ် ကြောင်း ဟာမစ်က ထပ်လောင်း ပြောကြားသည်။

http://www.mwdmedia.net/2013/01/blog-post_1542.html

မြဝတီ

No comments:

Post a Comment

My Blog List