Thursday, January 31, 2013

VISA ကဒ် အသုံးပြု၍ ပထမဆုံး ငွေပေးချေမှု စနစ်ကို ဇန်န၀ါရီလ ၃၁ ရက်နေ့မှ စ၍ မြန်မာအရှေ့တိုင်းဘဏ်မှ စတင်ဝန်ဆောင်မှု ပေးပြီ

Photo: VISA ကဒ် အသုံးပြု၍ ပထမဆုံး ငွေပေးချေမှု စနစ်ကို ဇန်န၀ါရီလ ၃၁ ရက်နေ့မှ စ၍ မြန်မာအရှေ့တိုင်းဘဏ်မှ စတင်ဝန်ဆောင်မှု ပေးပြီ 	
Thursday, 31 January 2013 

မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် VISA ကဒ် အသုံးပြု၍ ငွေပေးချေမှု စနစ်အား ဇန်န၀ါရီလ ၃၁ ရက်နေ့မှ စ၍ မြန်မာအရှ့တိုင်းဘဏ်နှင့် ချိတ်ဆက်၍ ၀န်ဆောင်မှု ပေးနေပြီဖြစ်ကြောင်း Green Elephant စားသောက်ဆိုင်တွင် ကျင်းပခဲ့သော ဗီဇာကဒ် စတင်မိတ်ဆက်ပွဲ အခမ်းအနားမှ သိရသည်။

အာရှနှင့် ပစိဖိတ် ခရီးအဖွဲ့ အစည်းအရုံး PATA ၏ စာရင်းအရ ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံသို့ လာရောက်သည့် ကမ္ဘာလှည့် ခရီးသည်များ တစ်သန်းကျော်ထိ ရှိလာသည့်အတွက် ယခုကဲ့သို့ ဗီဇာကဒ်နှင့် စတင်မိတ်ဆက်မှုအာ့း စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာ
အရှေ့တိုင်းဘဏ်၏ ဒါရိုက်တာ ဒေါ်ကြည်ကြည်သန်းက ပြောပြခဲ့သည်။

ဒေါ်ကြည်ကြည်သန်းက "ဗီဇာကဒ်နဲ့ ငွေပေးချေမှုက ကုန်သည်နဲ့ စားသုံးသူတွေကို များစွာအဆင်ပြေစေပါတယ်၊ မြန်မာအရှေ့တိုင်းဘဏ် အနေနဲ့ ၁၉၉၅ ခုနှစ်တုန်းကလည်း ခရက်တစ်ကဒ်ကို ပထမဆုံး ထုတ်ဝေခဲ့ဘူးပါတယ်၊ အခု စီးပွားရေး ပြန်ဖွင့်လိုက်တဲ့အခါ ပထမဦးဆုံး ဗီဇာကဒ် အသုံးပြုခွင့်ရလိုက်တဲ့ ဘဏ်ဖြစ်တဲ့အတွက် များစွာ ဂုဏ်ယူ
ပါတယ်။ ယခုကဲ့သို့ ဗီဇာနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အရင်က အလှမ်းဝေးခဲ့တဲ့ နိုင်ငံတကာ ငွေပေးချေမှု စနစ်နယ်ပယ်ကို လက်လှမ်း
မှီတော့မှာပါ" ဟု ပြောပြခဲ့သည်။

မြန်မာနိုင်ငံသည် ၂၀၁၂ ခုနှစ်မှစ၍ မက်ကရို စီးပွားရေး ပြုပြင် ပြောင်းလဲ
မှုများ လုပ်လာမှုနှင့်အပြိုင် ဘဏ်လုပ်ငန်းများ ပွင့်လန်းလာမှုနှင့်အတူ ပြီးခဲ့သည့် ၂၀၁၂ ခု စက်တင်ဘာလမှ စတင်ကာ မာစတာကဒ်အား စတင်သုံးစွဲခွင့် ရရှိခဲ့ကြောင်းနှင့် ဗီဇာကဒ် သုံးစွဲခွင့်မှာမူ ယခုမှ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

"မာစတာကဒ် သုံးစွဲခွင့်ကို ၂၀၁၂ ခုနှစ်ထဲမှာပဲ ရရှိခဲ့တယ်။ အခုတော့ ဗီဇာကဒ်ကို စတင်မိတ်ဆက်တာပေါ့။ ဗီဇာကဒ်ကိုပဲ ကမ္ဘာလှည့် ခရီးသွားတွေ ပိုသုံးစွဲနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်" ဟု
ဒေါ်ကြည်ကြည်သန်းမှလည်း ပြောကြားခဲ့သည်။

ယခုကဲ့သို့ ဗီဇာကဒ်သုံးစွဲမှုကို မြန်မာအရှေ့တိုင်းဘဏ်၏ အေတီအန်မ် စက်ရှိသည့် နေရာများတွင် ဗီဇာကဒ်ထည့်၍ မြန်မာငွေအား တိုက်ရိုက်ထုတ်ယူနိုင်ပြီ ဖြစ်ကြောင်းနှင့် ယင်းဝန်ဆောင်မှုအား
မြန်မာအရှေ့တိုင်းဘဏ်နှင့်အတူ ကမ္ဘောဇဘဏ်နှင့် CB Bank တို့မှလည်း ရရှိထားကြောင်း သိရှိရသည်။

"အခု ဗီဇာကဒ်ကို ခွင့်ပြုပေးလိုက်တယ် ဆိုပေမယ့် မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့တော့ ဗီဇာကဒ်ကိုင်ပြီး အမေရိကားသွားလို့ မရသေးဘူးပေါ့။ ဒါပေမယ့် နိုင်ငံခြားသားကတော့ ဗီဇာကဒ်နဲ့ မြန်မာနိုင်ငံမှာ သုံးစွဲခွင့်ရသွားပါပြီ" ဟု ၎င်းက ဆိုသည်။ စားသောက်ဆိုင်အနေနှင့်မူ လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံရှိ Green Elephant ဆိုင်လေးဆိုင်
လုံးတွင် ၀န်ဆောင်မှု စတင်ပေးနပြီ ဖြစ်ကြောင်း သိရှိရသည်။

မာစတာကဒ် ကုမ္ပဏီနှင့် ဗီဇာကဒ် ကုမ္ပဏီနှစ်မျိုးစလုံးမှာ အမေရိကန် အခြေစိုက်ကုမ္ပဏီများ ဖြစ်ကြောင်းနှင့် လောလောဆယ် အခြေအနေတွင်
ပြည်တွင်းသုံးစွဲမှုကိုသာ ခွင့်ပြုပေးထားကြောင်းနှင့် ပြည်ပတင်ပို့သည့် ပို့ကုန်အတွက်မူ ဗီဇာကဒ် သုံးစွဲခွင့်မရသေးကြောင်း သိရှိရသည်။

ဓာတ်ပုံ - Green Elephant စားသောက်ဆိုင်တွင်ကျင်းပခဲ့သော ဗီဇာကဒ် စတင် မိတ်ဆက်ပွဲအခမ်းအနား

Eleven Media Groupမြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် VISA ကဒ် အသုံးပြု ၍ ငွေပေးချေ မှု စနစ်အား ဇန်န၀ါရီလ ၃၁ ရက်နေ့မှ စ၍ မြန်မာ အရှ့တိုင်းဘဏ်နှင့် ချိတ်ဆက်၍ ၀န်ဆောင်မှု ပေးနေပြီဖြစ်ကြောင်း Green Elephant စားသောက်ဆိုင်တွင် ကျင်းပခဲ့သော ဗီဇာကဒ် စတင်မိတ်ဆက်ပွဲ အခမ်းအနားမှ သိရသည်။
အာရှနှင့် ပစိဖိတ် ခရီးအဖွဲ့ အစည်းအရုံး PATA ၏ စာရင်းအရ ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံသို့ လာရောက်သည့် ကမ္ဘာလှည့် ခရီးသည်များ တစ်သန်းကျော်ထိ ရှိလာသည့်အတွက် ယခုကဲ့သို့ ဗီဇာကဒ်နှင့် စတင်မိတ်ဆက်မှုအာ့းစတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းမြန်မာအရှေ့တိုင်းဘဏ်၏ဒါရိုက်တာ ဒေါ်ကြည်ကြည်သန်းက ပြောပြခဲ့သည်။
ဒေါ်ကြည်ကြည်သန်းက "ဗီဇာကဒ်နဲ့ ငွေပေးချေမှုက ကုန်သည်နဲ့ စားသုံးသူတွေကို များစွာအဆင်ပြေစေ ပါတယ်၊ မြန်မာအရှေ့တိုင်းဘဏ် အနေနဲ့ ၁၉၉၅ ခုနှစ်တုန်းကလည်း ခရက်တစ်ကဒ်ကို ပထမဆုံး ထုတ်ဝေခဲ့ဘူးပါတယ်၊ အခု စီးပွားရေး ပြန်ဖွင့်လိုက်တဲ့အခါ ပထမဦးဆုံး ဗီဇာကဒ် အသုံးပြုခွင့်ရလိုက်တဲ့ ဘဏ်ဖြစ်တဲ့အတွက် များစွာ ဂုဏ်ယူပါတယ်။ ယခုကဲ့သို့ ဗီဇာနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အရင်က အလှမ်းဝေးခဲ့တဲ့ နိုင်ငံတကာ ငွေပေးချေမှု စနစ်နယ်ပယ်ကို လက်လှမ်းမှီတော့မှာပါ" ဟု ပြောပြခဲ့သည်။

မြန်မာနိုင်ငံသည် ၂၀၁၂ ခုနှစ်မှစ၍ မက်ကရို စီးပွားရေး ပြုပြင် ပြောင်းလဲမှုများ လုပ်လာမှုနှင့်အပြိုင် ဘဏ်လုပ်ငန်းများ ပွင့်လန်းလာမှုနှင့်အတူ ပြီးခဲ့သည့် ၂၀၁၂ ခု စက်တင်ဘာလမှ စတင်ကာ မာစတာကဒ်အား စတင်သုံးစွဲခွင့် ရရှိခဲ့ကြောင်းနှင့် ဗီဇာကဒ် သုံးစွဲခွင့်မှာမူ ယခုမှ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

"မာစတာကဒ် သုံးစွဲခွင့်ကို ၂၀၁၂ ခုနှစ်ထဲမှာပဲ ရရှိခဲ့တယ်။ အခုတော့ ဗီဇာကဒ်ကို စတင်မိတ်ဆက်တာပေါ့။ ဗီဇာကဒ်ကိုပဲကမ္ဘာလှည့်ခရီးသွားတွေပိုသုံးစွဲနိုင်မယ်လို့လည်းမျှော်လင့်ပါတယ်"ဟုဒေါ်ကြည်ကြည်သန်းမှလည်း ပြောကြားခဲ့သည်။

ယခုကဲ့သို့ ဗီဇာကဒ်သုံးစွဲမှုကို မြန်မာအရှေ့တိုင်းဘဏ်၏ အေတီအန်မ် စက်ရှိသည့် နေရာများတွင် ဗီဇာကဒ်ထည့်၍ မြန်မာငွေအား တိုက်ရိုက်ထုတ်ယူနိုင်ပြီ ဖြစ်ကြောင်းနှင့် ယင်းဝန်ဆောင်မှုအားမြန်မာ အရှေ့တိုင်းဘဏ်နှင့်အတူ ကမ္ဘောဇဘဏ်နှင့် CB Bank တို့မှလည်း ရရှိထားကြောင်း သိရှိရသည်။

"အခု ဗီဇာကဒ်ကို ခွင့်ပြုပေးလိုက်တယ် ဆိုပေမယ့် မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့တော့ ဗီဇာကဒ် ကိုင်ပြီး အမေရိကားသွားလို့ မရသေးဘူးပေါ့။ ဒါပေမယ့် နိုင်ငံခြားသားကတော့ ဗီဇာကဒ် နဲ့ မြန်မာနိုင်ငံမှာ သုံးစွဲခွင့်ရသွားပါပြီ" ဟု ၎င်းက ဆိုသည်။ စားသောက်ဆိုင်အနေနှင့်မူ လက်ရှိအခြေအနေ တွင် မြန်မာနိုင်ငံ ရှိ Green Elephant ဆိုင်လေးဆိုင်လုံးတွင် ၀န်ဆောင်မှု စတင်ပေးနပြီ ဖြစ်ကြောင်း သိရှိရသည်။

မာစတာကဒ်ကုမ္ပဏီနှင့်ဗီဇာကဒ်ကုမ္ပဏီနှစ်မျိုးစလုံးမှာအမေရိကန်အခြေစိုက်ကုမ္ပဏီများ ဖြစ်ကြောင်းနှင့် လောလောဆယ် အခြေအနေတွင်ပြည်တွင်းသုံးစွဲမှုကိုသာ ခွင့်ပြုပေးထားကြောင်းနှင့် ပြည်ပတင်ပို့သည့် ပို့ကုန်အတွက်မူ ဗီဇာကဒ် သုံးစွဲခွင့်မရသေးကြောင်း သိရှိရသည်။

ဓာတ်ပုံ - Green Elephant စားသောက်ဆိုင်တွင်ကျင်းပခဲ့သော ဗီဇာကဒ် စတင် မိတ်ဆက်ပွဲအခမ်းအနား

Eleven Media Group

1 comment:

  1. မြန်မာနိုင်ငံသားတွေအတွက် ပြည်တွင်းမှာပဲ VISA ကဒ်ကို သုံးလို့ရနိုင်ပီးလားခဗျ၊ငွေထုတ်တာက အစပေါ့.ကျေးဇူးပြုပီး

    ReplyDelete

My Blog List