Monday, January 28, 2013

ဝင်ငွေခွန် ၅ ရာခိုင်နှုန်း ကောက်ခံရငွေလွှဲပြောင်းပေးအပ်

ရှမ်းပြည်နယ် တောင်ကြီးမြို့ ကျောင်းကြီးစု ရပ်ကွက် အနောက်မြို့ ပတ်လမ်း မြို့နယ်အခွန် ဦးစီးဌာနမှူး ရုံး၌ ဇန်နဝါရီ ၂၅ ရက် နံနက် ၁ဝ နာရီခွဲက ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ် တတိယ သုံးလပတ်ကုန် အထိ ကောက်ခံ ရရှိသော ဝင်ငွေခွန်မှ စည်ပင်သာယာ အတွက် ဝင်ငွေခွန် ၅ ရာခိုင်နှုန်းကို

တောင်ကြီးမြို့နယ် စည်ပင် သာယာရေး အဖွဲ့သို့ လွှဲပြောင်း ပေးအပ်ပွဲ ကျင်းပရာ ပြည်တွင်း အခွန်များ ဦးစီးဌာန ရှမ်းပြည်နယ် အခွန် ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ထွန်းနိုင်၊ ဒုတိယ ညွှန်ကြားရေးမှူး၊ တောင်ကြီးမြို့နယ် အခွန်ဦးစီး ဌာန လက်ထောက် ညွှန်ကြားရေးမှူး၊ အခွန်ဦးစီး အရာရှိ များနှင့် ဝန်ထမ်းများ၊ တောင်ကြီးမြို့နယ် စည်ပင် သာယာရေး အဖွဲ့ဦးစီး အရာရှိနှင့် ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ကြသည်။

အခမ်း အနားတွင် ပြည်တွင်း အခွန်များ ဦးစီးဌာန ရှမ်းပြည်နယ် အခွန်ဦးစီး ဌာန ညွှန်ကြားရေးမှူး ဦးတင်ထွန်းနိုင်က အဖွင့်အမှာ စကားပြော ကြားသည်။ ဆက်လက်၍ တောင်ကြီးမြို့နယ် အခွန်ဦးစီး ဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးမြင့်သွင်က မြို့နယ်စည်ပင် သာယာရေး အဖွဲ့သို့ ဝင်ငွေခွန် ၅ ရာခိုင်နှုန်း ကောက်ခံ ရရှိငွေ ပေးအပ်ရခြင်း အကြောင်း ရှင်းလင်း ပြောကြားပြီး တောင်ကြီးမြို့နယ် စည်ပင် သာယာရေး အဖွဲ့သို့ ငွေကျပ် ၉ဝ ဒသမ ၆၄၈ သန်းကို လွှဲပြောင်း ပေးအပ်ရာ တောင်ကြီးမြို့နယ် စည်ပင် သာယာရေး အဖွဲ့ဦးစီး အရာရှိ ဦးမျိုးနိုင်ဦးက လက်ခံ ရယူကြောင်း သတင်း ရရှိသည်။
 
from မြ၀တီ

No comments:

Post a Comment

My Blog List