Wednesday, September 12, 2012
အင်ဒိုချိုင်းနားဒေသ ငါးနိုင်ငံပေါင်းစည်း၍ ကမ္ဘာ့ဆန်ဈေးကွက်ကို တည်ငြိမ်သော ဈေးနှုန်းတစ်ရပ်ဖြင့် ယှဉ်ပြိုင်နိုင်စေရေးအတွက် ငါးနိုင်ငံ ဆန်ကုန်သည်များ အသင်းချုပ် ဖွဲ့စည်းရန်အပြီးသတ် ဆွေးနွေးမှု ပြု လုပ်တော့ မည်ဖြစ်ကြောင်း ၅-၉-၂၀၁၂ ရက်က သတင်းရရှိသည်။မြန်မာအပါအဝင် ငါးနိုင်ငံ စုစည်းထားသော ဆန်ကုန်သည် အသင်းချုပ် တည်ထောင်ရေးအတွက် ထိုင်းနိုင်ငံက ဦးဆောင်ပြင်ဆင်နေခြင်း ဖြစ်ပြီး ကမ္ဘာ့ဆန်တင်ပို့မှုတွင် အဆိုပါ အာဆီယံငါးနိုင်ငံက သုံးပုံနှစ်ပုံအထိ ဈေးကွက်ရှိနေကြောင်း သိရသည်။ “စီးပွားကူးသန်းက သတင်းတွေ အရတော့ ထိုင်းက ဆန်ဈေးနှုန်းတွေ ကျဆင်းနေတဲ့အတွက် ဈေးတွေကို လျှော့ချပြီး အာဆီယံထဲကို ဆန်ထိုးထည့် တာတွေ လုပ်လာနိုင်တယ်။ သူတို့က ဆန်ဈေးနှုန်း တည်ငြိမ်စေချင်နေတယ်။ ကမ္ဘာ့ဈေးကွက်ဝင်တာလည်း ဒီလို ခိုင်မာတဲ့အဖွဲ့အစည်း တစ်ခုကနေ ဈေးကွက်ဝင်မှပဲ ကမ္ဘာ့ဈေးကွက် ဝင်နိုင်မှာလေ” ဟု မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်း အသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထိုင်းနိုင်ငံအနေဖြင့် ၂၀၁၂ ခုနှစ်အတွင်း ဆန်တန်ချိန် ၈ ဒသမ ၅၉ သန်းကို တင်ပို့သွားရန် စီစဉ်နေပြီး ဗီယက်နမ်နိုင်ငံက ၂၀၁၁ ခုနှစ်အတွင်းက ဆန်တန်ချိန် ၇ ဒသမ ၂ သန်းအထိ တင်ပို့ရောင်းချနိုင်ခဲ့သည်ဟု သိရကာ မြန်မာနိုင်ငံအနေဖြင့် ၎င်းတို့၏ ၁၀ ပုံ တစ်ပုံ (၁၀ ရာခိုင်နှုန်း) မျှပင် ရောင်းချနိုင်ခြင်း မရှိသေးကြောင်း သိရသည်။ “အောက်တိုဘာလမှာတော့ အင်ဒိုချိုင်းနား ငါးနိုင်ငံကစီးပွားရေးဝန်ကြီးေ တွ တွေ့ဆုံပြီး ဆွေးနွေးဖို့ ရှိနေပါတယ်” ဟု ၎င်းက ဆက်လက် ပြော ကြားသည်။ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံများက ၂၀၁၁ မှ လက်ရှိကာလအထိ ဆန်တန်ချိန် သန်း ၂၀ ကို ရောင်းချ ထားပြီးဖြစ်ကာ ကမ္ဘာ့ဆန် တင်ပို့ရောင်းချမှုပမာဏ တန်ချိန် သန်း ၃၀ ၏ သုံးပုံနှစ်ပုံသော ဈေးကွက်ကို ရယူထားခြင်းကြောင့် ငါးနိုင်ငံ ပေါင်းစည်း ဆန်ကုန်သည်အသင်းချုပ် ဖြစ်လာစေ သင့်ကြောင်းလည်း ထိုင်းနိုင်ငံက အဆိုပြုထားသည်ဟု ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၃ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။
No comments:
Post a Comment