Sunday, August 19, 2012
လူထုကျန်းမာရေးအတွက် ချင်းစိမ်း တစ်တက်
ချင်းတက်(ချင်းစိမ်း)သည် နာတာရှည် ဆီးချို၊ သွေးချိုရောဂါဝေဒနာ ရှင်များ အတွက် သွေးထဲတွင်ရှိသည့်သကြားဓာတ်ပမာဏကို ထိန်းချုပ်ပေးနိုင်သည်ဟု အင်တာနက်သတင်းတစ်ရပ်တွင် ဖော်ပြသည်။ချင်းတက်၏စွမ်းရည်သတ္တိမှာ ကြွက်သားဆဲလ်များ အသုံးပြုနေသော သွေးဂလူးကို့စ်များအား ထိန်းထား နိုင်စွမ်းရှိသည်ဟု အစီရင်ခံစာသစ်တစ်ခုကလည်း ဖော်ပြသည်။ သွေး၌ သကြားဓာတ်ပမာဏကို လျော့နည်းစေနိုင်သော အင်ဆူလင်ရှိနေသည့် ကြွက်သားဆဲလ်များသို့ ဂလူးကို့စ်များ ဝင်ရောက်ခြင်းကိုလည်း ချင်းတက်၏အဆီအနှစ်က စွမ်းဆောင်ပေးသည်ဟု ဆစ်ဒနီတက္ကသိုလ်မှ လေ့လာမှုကို ဦးဆောင်နေသူ ပါမောက္ခ ဘေဆယ်လ်ယူဖိုဂယ်က ထုတ်ဖော်ပြောကြားသည်။ ဂလူးကို့စ် သကြားဓာတ်တိုးလာစေရန် သက်ဆိုင်သော အစိတ်အပိုင်းမှာလည်း ချင်းတက်၏ အဓိကကျသော ဖီနောလစ်(Phenolic) အပိုင်းဖြစ် သည်။ ပုံမှန် အခြေ အနေတွင် သကြားဓာတ်ပမာဏ သည်ကျဉ်းမြောင်းသော အကွာအဝေး အတွင်း တင်းကျပ်စွာ ထိန်းချုပ်ခြင်းခံရသည်။ ခန္ဓာကိုယ်တွင် ဂလူးကို့စ်များဖယ်ထုတ်ခံရသည့် အဓိကနေရာသည် အရိုးနှင့်ဆိုင်သောကြွက် သားများရှိ ရာ နေရာဖြစ်သည်ဟု ဆစ်ဒနီကြေညာချက်အရ ယူဖိုဂယ်ကပြော သည်။ဆေးသုတေသီပညာရှင်များက ချင်းတက် အမြစ်ယောင်တစ်ခုလုံးမှ အဆီအနှစ်များ ကို ရယူခဲ့ကြပြီး ထုတ်ယူထားသော အဆီ အနှစ်ကို ရှင်သန်နေသည့် ကြွက်သားဆဲလ်များသို့ သွင်းခြင်းဖြင့် ဂလူးကို့စ်၌ လည်း အဆီအနှစ်များ တိုးလာခြင်းဖြစ်သည်။ တိုးလာသောအဆီအနှစ်များသည် ချင်းတက်အဆီအနှစ် များဖြစ်ကြောင်း ဆစ်ဒနီဆေးပညာရှင်များ ဖြစ်သည့် ကောလင်းဒတ်နှင့် ဗန်ထရန်တို့ကပြောသည်။ ထို့ကြောင့် သကြားဓာတ်ပမာဏကို ချင်းတက်အဆီအနှစ်များက ကောင်းမွန်စွာ ထိန်းပေးနိုင် သည်ဟု လေ့လာမှုတွင် ဖော်ပြသည်။ (အင်တာနက်)
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment