Thursday, August 23, 2012

တန်ပိုကောက်ခံမှုကြောင့် ကုန်ဈေးနှုန်းတက်


ဆောက်လုပ်ရေးဝန်ကြီးဌာနက မိမိသဘောဖြင့် မတရားသောဥပဒေကို ပြဋ္ဌာန်းမှုကြောင့် မော်တော်ကားများဟာ ယာဉ်စီး ခ၊ ကုန်တင်ခတွေ မြင့်တက်ကုန်ပြီ။ (ဟိုင်းလပ်) ကားဟာ (ကညန) မှ နိုင်ငံခြားတင်သွင်းချိန်ထဲက (၂.၃) တန်၊ ကုန် (၈၅၀) ကီလိုကရမ် သက်မှက်ထားပါတယ်။ ထိုသက်မှက်ချိန်မှာ ကားအမိုးနှင့် ဂက်စ်အိုးမပါဘူး၊ ကားအမိုးနှင့် ဂက်စ်အိုး ပေါင်းက (၂.၅၀) တန် ၀န်းကျင်ရှိပါတယ်။

အဲ။ ကညန က သက်မှက်တန်ချိန် ကားအမိုးတန်ချိန် ဂက်စ်အိုးတန်ချိန် ကုန်တင်ခွင့်တန်ချိန် ကားတန်ချိန်ပေါင်းလိုက်ပါ က (၃.၅၀) တန်ချိန် ရှိပါတယ်။ အဲဒါဟာ ဥပဒေအမှန်ပါ။ အခုဆောက်လုပ်ရေးဝန်ကြီးဌာနက ဟိုင်းလပ်ကို (၂.၇၅) တန် သက်မှက်ပြီး အနည်းငယ်ကျော်တာနဲ့ (၃၅၀၀၀) ကျပ်ဒဏ်ကျေးဆိုပြီး တောင်းပါတယ် တနေ့ကုန် ကားမောင်းတာ တောင် (၃၅၀၀၀) ကျပ်မရဘူး။ ဘယ်အရာကိုကြည်ပြီး ဥပဒေထုပ်တာလဲမသိဘူး ကားသမားတွေ ယဉ်ပိုင်ရှင်တွေက သွားပြောရင် ဆောက်လုပ်ရေးဝန်ထမ်းနဲ့ ရွှေသံလွှင်ကုမ္ပဏီကလူတွေပေါင်းပြီး၊ သွားပြောသူကို ပြသနာရှာတယ် ဆဲရေး တိုင်းထွာမှုတွေ ပြုလုပ်ပါတယ်။
ယခင်က ပိသာ(၃၀) အလေးချိန်ရှိသော အိတ်တအိက်ကို(၅၀၀) ကျပ် ပေးရပြီး အခုတန်ပိုကောက်ခံမှုကြောင့် (၁၀၀၀) ကျပ်ပေးရတယ်။ အခြေခံလူတန်းစားတွေရဲ့ ကားစီးခပါမြင့်တက်သွားတယ်။တမြို့ကကုန်ပစ္စည်း အခြားတမြို့ကို မသယ် တော့ဘူး တန်ပိုခပေးရတာကြောင့် သယ်ရင်လည်း ရောင်းဝယ်မှုက မကိုက်တော့ဘူး။ ကုန်ဈေးနှုန်းတွေတက်ကုန်လို့ အဆင်မပြေတော့ဘူး။ အဲဒါက ပဲခူးဘုရားကြီးအထွက်က ရွှေသံလွှင်ကုမ္ပဏီနဲ့ ဆောက်လုပ်ရေးဝန်းကြီးဌာနရဲ့ လုပ်ရပ် ကြောင့် ကုန်ဈေးနှုန်းတက်တဲ့ အကြောင်းပါ။
၎င်းနည်းတူ ပဲခူးအ၀င်က မက်စ်မြန်မာကုမ္ပဏီကလည်း (၁၂-၈-၂၀၁၂)နေထဲက ၀င်ရိုးနှစ်ချောင်းပါ (၆) ဘီးကားကြီးကို တန်ပိုတွေကောက်ပါတယ်။ (ကညန) ဥပဒေနဲ့အညီ တရားဝင်သက်မှက်ထားတာ ၀န်ရိုးနှစ်ချောင်းပါ (၆) ဘီးကားကို ယာဉ်-၈-တန်၊ ကုန်-၈-တန်ပေါင်း (၁၆) တန်ကို (၂၀၀၀) ခုနှစ်က (၁၀/၂၀၀၀) ရုံး အမိန်စာနဲ့ သက်မှက်ထားတာပါ။ အခုမှ ဆောက်လုပ်ရေးဝန်ကြီးဌာနက ၀င်းရိုးနှစ်ချောင်းပါ (၆) ဘီးကာတွေကို (၁၃) တန်ပဲခွင့်ပြုမယ်ဆိုပြီး (၂၀-၈-၂၀၁၂) နေ့ က နိုင်ငံပိုင်သတင်းစာကနေ ကြေညာတယ်၊ ကုန်တင်ရတာက အဆင်မပြေတော့ဘူး ကုန်တင်ခတွေ ဈေး တက်လာတယ်။ ကားသမားဘက်ကပြန်ကြည်တော့လည်း ဆီထည့်ရတာရယ်၊ လမ်းတံတားကြေးရယ်၊ အဲဒီအထဲက ယဉ်ထိမ်းရဲက ပိုက်ဆံစောင့်တောင်းသေးတယ်၊ မပေးရင်အပြစ်မရှိ အပြစ်ရှာဖမ်းတော့ ကုန်တင်ခတွေဈေးတက်တယ်။ ကားသမာရော၊ ကုန်သည်ရော၊ ရောင်းသူဝယ်သူပါ အဆင်မပြေတော့ပါ။ ကုန်ဈေးနှုန်းတွေတက်တဲ့ဒဏ်ကို ပြည်သူတွေ ခံစားလာရပါတယ်။
ကားကိုယာဉ်စစ်ဆေးမှုနှင့် တန်ချိန်သက်မှက်မှုဟာ ကုန်လမ်းပိုဆောင်ရေးဦးစီးဌာန (ကညန) ရဲ့ အလုပ်ပါ၊ ဆောက်လုပ် ရေး ၀န်ကြီးဌာနရဲ့ အလုပ်မဟုက်ပါဘူး။ ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ အလုပ်က (ကညန က သက်မှက်ပေးထားသော တန်ချိန်နှုန်းထားထက် ကျော်တင်ပါက ဒဏ်ကြေးတောင်ခံပြီး ဥပဒေအရအရေးယူမှုနှင့် လမ်းပိုင်းများတွင် လမ်းအသုံးပြု ခကောက်ခံရေး အလုပ်ပါ။ အခုက (ကညန) လုပ်ရမယ့်အလုပ်ကို ယာဉ်ဥပဒေနားမလည်ဘဲ စည်းကျော်ပြီး ဆောက်လုပ် ရေးဝန်ကြီးဌာနကလုပ်တော့ ပြည်သူတွေအတွက် ကုန်ဈေးနှုန်းတွေတက်ပြီး၊ ပြည်သူတွေ သောကဝေနေတယ်၊ဒီကိစ္စကို (ကညန) ကလည်း လုံးဝ (လုံးဝ) မကျနပ်ဘူး။ ဒါဟာ ဥပဒေဘောင်ကျော်သည်ဆိုပြီး (ကညန) အရာ ရှိတဦးက ပြောပြ ပါတယ်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ ပြည်သူတွေဆင်းရဲနွမ်းပါးမှုပပျောက်ရေး စီမံချက်ဟာလည်း သဲထဲရေသွန်သလို ဖြစ် သွားပါတယ်။ ဆင်းရဲသူပိုဆင်းရဲအောင်၊ ချမ်းသာသောသူ ဒုက္ခရောက်အောင် ပြုလုပ်ပြီး ကုမ္ပဏီကြီးတွေဖြစ်တဲ့ ရွှေသံ လွင်ကုမ္ပဏီ၊ မက်စ်မြန်မာကုမ္ပဏီတွေ ချမ်းသာအောင် ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ပေါင်းပြီး လုပ်နေတဲ့သဘော ဆောင်နေပါတယ်။ ဒီကိစ္စကို နိုင်ငံတော်သမ္မတ၊ ရထားပိုဆောင်ရေးဝန်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီး၊ ပြည်သူလွှက်တော် ဥက္ကဋ္ဌ၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကောင်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ကို ယာဉ်ပိုင်ရှင် များ၊ ကုန်သည်များမှ တောင်ဆိုမှုစာတွေ ပေးပို့မှာဖြစ်ပြီး ပြည်သူ့လွှက်တော်ကိုယ်စားလှယ်များကို မိတ္တူပေးပို့မည် ဖြစ် တယ်။

No comments:

Post a Comment

My Blog List