Wednesday, August 22, 2012

ဂျင်းဘောင်းဘီဝတ်တဲ့ အိန္ဒိယ မိန်းကလေးများ အက်ဆစ်နဲ့တိုက်ခိုက်ခံရမယ့် အန္တရာယ်ကြုံ

“သြဂုတ်လ၂၀ ရက်နေ့ကနေ မိန်းကလေးတွေ ဂျင်းအ၀တ်အစားမ၀တ်ကြနဲ့။ ဂျင်းဝတ်စုံဝတ်ထားတဲ့ ဘယ်မိန်းကလေးကိုမဆို အက်ဆစ်နဲ့ တိုက်ခိုက်ရလိမ့်မယ်။”
ဒါကတော့ အိန္ဒိယနိုင်ငံ ဂျာခန်ပြည်နယ်က ရန်ချီမြို့တော်ရဲ့နံရံတွေပေါ်မှာ မင်နီတောက်တောက်နဲ့ လက်ရေးစာလုံးကြီးတွေနဲ့ရေးသားထားတဲ့ ခြိမ်းခြောက်မှုပါပဲ။
ဒီခြိမ်းခြောက်စာဟာ ဂျာခန်လွတ်မြောက်ရေးအဖွဲ့လို့ခေါ်တဲ့ အုပ်စုအဖွဲ့တခုဆီက လာတာပါ။ သောမတ်စ် ရိုက်တာစ် ဖောင်ဒေးရှင်းက မနှစ်က လုပ်တဲ့ စစ်တမ်းတခုအရ ကမ္ဘာပေါ်မှာ အမျိုးသမီးတွေ နေထိုင်ဖို့ အန္တရာယ်အရှိဆုံး နိုင်ငံတွေထဲမှာ အိန္ဒိယနိုင်ငံက အဆင့် ၄ ဖြစ်ပါတယ်။
ဒီအကြောင်း အေရှားကောလင်းသတင်းထောက် ရှိတ်ခ် အဇီဇူ ရာမန်က သတင်းပေးပို့ထားပါတယ်။ ဒီဘာသာပြန် သတင်းဆောင်းပါးကို မိုးမြင့်ဇင်က ဘာသာပြန်ပြီး ယုယမိုးက စီစဉ် တင်ဆက် ထားတာဖြစ်ပါတယ်။ အသံဖိုင်မှာ နားဆင်နိုင်ပါပြီ။

No comments:

Post a Comment

My Blog List