Friday, August 24, 2012

မြိတ်မှာဆင်းမယ့်လေယာဉ်ကို ငှက်တွေဒုက္ခပေး

http://www.shumanyee.com/2011december/image/airkbz.gif
~
ကြာသပတေးနေ့နံနက်ပိုင်းက ထားဝယ်လေဆိပ်မှ မြိတ်-ကော့ေ သာင်း ခရီးစဉ် အဖြစ် ပျံသန်းသော Air KBZ လေကြောင်းလိုင်းမှ ခရီးစဉ်အမှတ် K7-319 XY-AIW သည် မိတ်လေဆိပ်သို့ ဆင်းသက်ခါနီးတွင် ငှက်များနှင့် တိုးတိုက်မိပြီးလေယာဉ်အင်ဂျင်ထဲသို့ ငှက်နှစ်ကော င် ၀င်ရောက်သွားခဲ့သည်။

လေယာဉ်မှာမူ မြိတ်လေဆိပ်သို့ အန္တရာယ်ကင်းစွာဆင်းသက်နိုင်ခဲ့ပြီး ခရီးသည်များ တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်း သိရသည်။

အခင်းဖြစ်ပွားသည့်လေယာဉ်မှာမူ ခရီးစဉ်ကို ဆက်လက်ပျံသန်းနိုင်ခြင်းမရှိဘဲ ယနေ့ညတွင် မြိတ်လေဆိပ်၌ ညအိပ်ရပ်နားနေရသည်။

ယနေ့ ခရီးစဉ်များအဆင်ပြေစေရန်အတွက် မြန်မာ့လေကြောင်းမှ MA_60 လေယာဉ်ကို ငှားရမ်းကာ အစားထိုး ပျံသန်းပေးခဲ့ကြောင်း လေကြောင်းသတင်းရပ်ကွက်ထံမှ သိရသည်။

သတင်း - ဖိုးဇော်(ထားဝယ်)
ဓာတ်ပုံ - ရှုမငြီးမဂ္ဂဇင်း

ဧရာဝတီ

No comments:

Post a Comment

My Blog List