Wednesday, August 22, 2012

လားရှိုးမြို့ဒေသခံ ထောင်ချီ ရေဘေးဒုက္ခတွေ့ကြုံနေရ

လားရှိုးမြို့၌ စံချိန်တင်လောက်အောင် ရေကြီးမှုကြောင့် ရပ်ကွက် ၆ ခု မှ ဒေသခံ ၂၀၀၀ ကျော် ရေဘေးဒုက္ခတွေ့ ကြံနေရသောကြောင့် ဘုန်းကြီးကျောင်းမှ အစာရေစာနှင့် အသုံးအဆောင်ပစ္စည်းများ ဝေငှပေးနေကြောင်း ဒေသခံ လူငယ်များကပြောသည်။
water_float_at_lashio_eleven_
လားရှိုးမြို့ရပ်ကွက် ၁ အတွင်း ရေကြီး (ဓါတ်ပုံ-Eleven Media Group)

ဒီနေ့ မူစယ် - မန္တလေး သွားလို့မရသေးဘူး။ အေတီတံတားဖြတ်လို့မရသေးဘူး။ ဟိုဖက်ထိပ် ဒီဖက်ထိပ် ရေလွှမ်းနေသေး တယ်။ ရပ်ကွက်ထဲက အိမ်တချို့မှာတော့ ရေကျသွားပြီ။ စခန်းမှာ နားနေတဲ့ ရေဘေးဒုက္ခသည်တွေတချို့လည်း ကိုယ့်အိမ် ကိုယ်ပြန်ပြီး ရှင်းလင်းရေးလုပ်နေကြပြီ။ အထောက်အပံ့ပစ္စည်းတွေတော့ ဘုန်းကြီးကျောင်းတွေကနေ သွားဝေကြတယ်”  ဟု လားရှိုးဒေသခံ နန်းဆိုင် ကပြောသည်။
ယခုလ ၁၉ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လားရှိုးမြို့ ရပ်ကွက် ၁၊ ၇ ၊၈ ၊၉ ၊၁၁ ၊ ၁၂ တို့  ရေလွှမ်းမိုးမှုခံရသဖြင့် လူနေအိမ်ခြေ  ရာနှင့်ချီနစ်မြှုပ်ကာ ဒေသခံ ၂၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း၊ မန္တလေး-မူစယ် ကားများလည်း အစီးပေါင်း ထောင်ချီပိတ်မိနေကြောင်း လားရှိုးရောက် မူစယ်သားတဦးကလည်း ပြောသည်။

ယခုနှစ်ရေကြီးမှုမှာ မကြုံစဖူး စံချိန်တင်လောက်ကြောင်း ယခုရက်ပိုင်း နမ္မတူနှင့်မန်စံကားများပင် လားရှိုးသို့ မလာနိုင် ကြောင်း ဒေသခံ နောက်တဦးကလည်း ပြောပြသည်။

၁၉ ရက်နေ့က မိုးရွာတာ ၂၀ နာရီလောက်ကြာတယ်။ နမ့်ယောဝ်ချောင်း၊ နမ့်လျှို့ချောင်း၊ နမ့်ပါခီးချောင်း ရေတွေလျှံတဲ့ အပြင် လွယ်ယို့ဘက်မှာဆို တောင်ကျချောင်းရေလေ။ မြို့တွင်းလမ်းတွေဆိုရင်လည်း ပိတ်မိနေတဲ့ကားတွေကို လမ်းတဖက် မှာ ရပ်ထားခိုင်းပြီးတော့ ကျန်တဖက်ကိုဘဲ သွားလာနေရတယ်။ ချောင်းဘေးရှိ လယ်တွေလဲ မြှုပ်ကုန်တယ်။ နမ္မတူ အသွားလမ်း အီနိုင်းတံတားကတော့ ခုထိ မြှုပ်နေတုန်းဘဲ ။ ဒီနေ့တော့ မိုးတိတ်သွားပြီ။ မနေ့က မူစယ်ကလာတဲ့ကျမသူငယ်ချင်း အေးရှားဝေါလ်ဂိတ်မှာ အိပ်ရတယ်။

တောင်ကျရေကြောင့် ဆည်ရေ၊ ကန်ရေဖောက်ချသဖြင့် မြို့တွင်းရေလွှမ်းခြင်းဖြစ်ကြောင်း၊ စေတနာရှင်တချို့၏ ကူညီမှု ကြောင့် ဒုက္ခသည်စခန်းကို ရပ်ကွက် ၁ တွင် ၄ နေရာ၊ ရပ်ကွက် ၇ တွင် ၁ နေရာနှင့် ရပ်ကွက် ၉ တွင် ၁ နေရာ ဖွင့်ထားပေး ကြောင်း၊ ရေဘေးဒုက္ခသည်များ လွှတ်ရာရှောင်ပြေးမှုကြောင့် မိမိနေအိမ်များ ဖောက်ထွင်းခိုးယူမှု ခံရသူများလည်း ရှိကြောင်း သိရ၏။

လားရှိုးမြို့ ရေကြီးမှုကြောင့် ရေစီးနှင့်မျောပါသွားသည့်သူများလည်းရှိသည်ဟု သတင်းများထွက်နေပါသည်။

အလားတူ ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မွန်၊ ကရင်ပြည်နယ်များမှ စုစုပေါင်း ၅၅ မြို့နယ်မှာ ယခုနှစ် အဆိုးဆုံး ရေလွှမ်းပြီး လယ်မြေဧက ငါးသိန်းကျော် နစ်မြှုပ်ပျက်စီးကြောင်း Eleven သတင်းဌာနက ဖော်ပြထားသည်။


No comments:

Post a Comment

My Blog List