Thursday, August 23, 2012

မန္တလေးမြို့သစ် တည်ဆောက်မည့် စီမံကိန်းအတွက် CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ဦးဆောင်ပြီး အများပိုင်ကုမ္ပဏီဖွဲ့စည်းကာ အကြိုပြင်ဆင်နေ


မန္တလေးတိုင်းဒေသကြီးအတွင်း မြေဧက ၂၀၀၀၀ ကျော်ပေါ်တွင် မြို့သစ်တည်ဆောက်မည့် စီမံကိန်းအတွက် CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးကဦးဆောင်ပြီး မြို့တော်သစ် ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိတက် ဖွဲ့စည်းဆောင်ရွက်ရန် အကြို ပြင်ဆင်နေကြောင်း  သတင်းရရှိသည်။

မန္တလေးမြို့သစ် တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ''အခုမြို့သစ် တည်ဆောက်ရေး စီမံကိန်းအတွက် အများပိုင် ကုမ္ပဏီဖွဲ့ပြီး ဆောင်ရွက်မှာ ဖြစ်ပါတယ်။ မန္တလေးမှာ အစုရှယ်ယာရှင်တွေ ခေါ်တော့ အစုရှယ်ယာရှင် ၃၀၀၀ ကျော်ရောက်လာပြီး ဘီလျံ ၂၀၀ နီးပါးလောက် အစုရှယ်ယာထည့်ဖို့ ရောက်လာပါတယ်။ ရန်ကုန်မှာတော့ အခုမှခေါ်တာပါ။ အဆိုပြုလွှာတွေကို အရင်လက်ခံထားမယ်။ စီမံကိန်းစလို့ရပြီဆိုမှ ရှယ်ယာဘယ်လောက်ထည့် မယ်ဆိုတာ ခေါ်မှာဖြစ်ပါတယ်''ဟုလည်း မြို့တော်သစ် ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိတက် ဖွဲ့စည်းရန် အဆိုပြုလွှာများ ပေးအပ်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

မြို့တော်သစ်စီမံကိန်းသည် ဧရိယာစုစုပေါင်း ၂၂၀၀၀ ဧကပါဝင်ပြီး မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ငါးမိုင်ခွဲခန့် အကွာအဝေးတွင်ရှိကြောင်း စီမံကိန်းနှင့်ပတ်သက်သော လက်ကမ်းစာစောင်များ၌ ဖော်ပြထားချက်များအရ သိရှိရသည်။
''စီမံကိန်းထဲမှာ မြေဧကနှစ်သောင်းကျော် သုံးသောင်းနီးပါး ပါဝင်ပါတယ်။ စီမံကိန်းဧရိယာထဲမှာ လယ်မြေတွေပါဝင်တဲ့အတွက် ဒေသခံတွေက ဒီစီမံကိန်းကို လက်မခံရင်ဆက်မလုပ်ပါဘူး။ နောက်ပြီး ဒီစီမံကိန်းက တရားဝင် မဟုတ်သေးပါဘူး။ စီမံကိန်းအတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က လေလံခေါ်ဦးမှာပါ။ ကျွန်တော်တို့က လေလံဝင်ဆွဲမယ်။ လေလံရတယ်ဆိုရင် MIC ကို တင်ရအုံးမယ်။ MIC က ခွင့်ပြုမှ ဆက်လက်ဆောင်ရွက် လို့ရမှာပါ။ ဒေသခံတွေ လက်မခံရင် ဘာမှဆက်မလုပ်ပါဘူး''ဟုလည်း အဆိုပါ အခမ်းအနားတွင် ၎င်းက ဆက်လက်ပြော ကြားခဲ့သည်။

No comments:

Post a Comment

My Blog List