Wednesday, August 22, 2012

ကချင်စ စ်ဘေးဒု က္ခသည်များ တရုတ်အစိုးရ လက်မခံတော့

တရုတ်နိုင်ငံနယ်စပ်အနီးနောင်တောင်းဒေသတွင်ထွက်ပြေးတိမ်းရှောင်နေသော မြန်မာနိုင်ငံဘက်မှ စစ်ဘေးဒုက္ခသည်များကို တရုတ်အစိုးရက လက်မခံ ဘဲ နေရပ်ပြန်ရန်ညွှန်ကြားသဖြင့် ယမန်နေ့နှင့် ယနေ့(သြဂုတ် ၂၁နှင့်၂၂ရက်) တို့တွင် ဒုက္ခသည်များ မြန်မာနိုင်ငံဘက်ခြမ်း မန်စီမြို့နယ်သို့ပြောင်းရွေ့ပေးနေရကြောင်း စစ်ဘေးဒုက္ခသည်များကို အဓိကအကူညီပေးနေသော ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ်မှ ဦးဂွမ်ရှော်ကပြောသည်။
တရုတ်နိုင်ငံနောင်တောင်းဒေသတွင်းသို့ ကချင်ပြည်နယ်တွင်းစစ်ပွဲ များကြောင့်ထွက်ပြေတိမ်းရှောင်နေသူများမှာ ယန်လူနှင့်လောင်ဖိုင် စခန်းနှစ်ခုတွင်နေထိုင်နေကြရာမှ
တရုတ်နိုင်ငံအစိုးရ၏ နေရပ်ပြန် ရန်ညွှန်ကြားမှုကြောင်း မြန်မာနိုင်ငံဘက်ခြမ်း မန်စီမြို့နယ် အတွင်း သို့ ပြောင်းရွေ့ရခြင်းဖြစ်သည်။အချို့မှာ မန်စီမြို့နယ်တွင်းမှ လနဇုန်၊ မန်ဝိန်းကြီးစသည့်နေရာများသို့ရွေ့ပြောင်းဖွယ်ရှိကြောင်းလည်း သတင်းရရှိသည်။
“မိုးကလည်း တအားရွာတော့ တအားဒုက္ခရောက် တယ်။နေရေး ထိုင်ရေး၊ စားရေးသောက်ရေးကအစ အရမ်းခက်ခဲတယ်”ဟု ဦးဂွမ်ရှော် က ယနေ့နံနက် ဖုန်းဖြင့် ဆက်သွယ်မေးမြန်းမှု့ကိုဖြေကြားခဲ့သည်။
တရုတ်နိုင်ငံမှ မြန်မာနိုင်ငံဘက်သို့ ပြန်လည်ပြောင်းရွေ့လာရသော စစ်ဘေးဒုက္ခသည်အရေအတွက် မှာစခန်းနှစ်ခုပေါင်း တစ်ထောင်ကျော် မည်ဟု ခန့်မှန်းထားပြီး ကျောင်းသူကျောင်းသာ ၈၀၀ဦး၊ဆရာ၊ဆရာမ ၄၂ဦးတို့ပါဝင်ကြောင်း ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ်မှ သိရသည်။

No comments:

Post a Comment

My Blog List