Thursday, August 23, 2012

ကိုယ်ထည်ခေါက်သိမ်းနိုင်သော မော်တော်ကား အသေးစားလေးများ ရောင်းချမည်

ကားပါကင်ထိုးရာတွင် အခက်အခဲများ ရှိတတ်ခြင်းကို ကျော်လွှားနိုင်ရန် တီထွင်ထားသော မော်တော်ယာဉ် အမျိုးအစားသစ် တစ်ခုကို လာမည့်နှစ်တွင် စတင် ရောင်းချသွားမည် ဖြစ်သည်။ အဆိုပါ မော်တော်ကား အသေးစားလေးများသည် ကားပါကင်ထိုးသည့်အခါ နေရာကျဉ်းမြောင်းစေရန် ကားကိုယ် ထည်ကို ခေါက် သိမ်း သေးငယ်သွားစေမည်ဟု သိရှိရသည်။

ကားပါကင်ထိုးရာတွင် အခက်အခဲများ ရှိတတ်ခြင်းကို ကျော်လွှားနိုင်ရန် တီထွင်ထားသော မော်တော်ယာဉ် အမျိုးအစားသစ် တစ်ခုကို လာမည့်နှစ်တွင် စတင် ရောင်းချသွားမည် ဖြစ်သည်။ အဆိုပါ မော်တော်ကား အသေးစားလေးများသည် ကားပါကင်ထိုးသည့်အခါ နေရာကျဉ်းမြောင်းစေရန် ကားကိုယ် ထည်ကို ခေါက်သိမ်း သေးငယ်သွားစေမည်ဟု သိရှိရသည်။ MIT၏ Changing Places သုတေသန အုပ်စုသည် DENOKINNနှင့် ပူးပေါင်းပြီး Hiriko Foldအမည်ရှိ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ရည်ရွယ်ချက်နှင့် ကိုက်ညီသော မော်တော်ကားလေးများကို စတင် ဖန်တီးနေပြီ ဖြစ်သည်။

Hiriko Foldသည် သေးငယ် ကျစ်လစ်သော လျှပ်စစ်ကားလေး တစ်မျိုးဖြစ်ပြီး အသေးငယ်ဆုံး ပါကင် မြေနေရာအတွက်ပင် အဆင်ပြေအောင် ဒီဇိုင်းထုတ်ထားသည်။ အကယ်၍ ပါကင်ထိုးရမည့် နေရာ သည် ကားအရွယ်ထက် ပိုသေးနေပါက ကားကို အရွယ်အစား ပိုမိုသေးငယ်အောင် ညှစ်ယူခေါက်သိမ်းနိုင် မည် ဖြစ်သည်။ နှစ်ယောက်စီး ကားငယ်လေးများသည် လျှပ်စစ်အား အပြည့်သွင်းထားပါက (၇၅)မိုင်ထိ ခရီးပေါက်အောင် မောင်းနှင်နိုင်သည်။ ကားငယ်လေးများကို (၂၀၁၃)ခုနှစ်တွင် စတင်ရောင်းချမည်ဖြစ်ပြီး တစ်စင်းလျှင် ပေါင်စတာလင် တစ်သောင်းမျှ ဈေးနှုန်းကျသင့်ဖွယ်ရှိသည်။


ဥရောပ ကော်မရှင်၏ ဥက္ကဋ္ဌဖြစ်သူ ဟိုဆေး မန်နျူရယ်လ် ဘာရိုဆိုက Hiriko၏ စီမံကိန်းသည် ဥရောပ၏ စီးပွားရေး အကျပ်အတည်းအတွက် ဖြေရှင်းမှုတစ်ခု ဖြစ်လာစေမည်ဟု မှတ်ချက်ပြုခဲ့ဖူးသည်။ "Hiriko မော်တော်ကား စီမံကိန်းလို ပရောဂျက်တွေဟာ အကျပ်အတည်း ကာလမှာ တကယ့်ကို အရေး ပါတဲ့ ဖြေရှင်းမှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒါဟာ စီးပွားရေး လုပ်ငန်းသစ်တွေအတွက် အခွင့် အလမ်းကောင်း ဖြစ်သလို အလုပ်အကိုင် နေရာတွေလည်း တိုးပွားလာစေမှာပါ။ နောက်ပြီး Hirikoဟာ မြို့ပြ ကူးသန်းသွားလာရေး နယ်ပယ်မှာလည်း အများကြီး အကျိုးဖြစ်ထွန်းစေ မယ့် ခြေလှမ်း သစ်လို့ ပြောနိုင်ပါတယ်"ဟု ဘာရိုဆိုက ပြောကြားသွားသည်။

No comments:

Post a Comment

My Blog List