Tuesday, August 21, 2012

မန်ယူအသင်းက ချီလီ တိုက်စစ် မှုး Angelo Henriqu ezကိုပေါင်၎ သန်းဖြ င့် ခေါ်ယူ

တောင်အမေရိကတွင် အလားအလာရှိသော ကစားသမားတစ်ဦးအဖြစ်သတ်မှတ် ခံရသူ အသက် ၁၈ နှစ်အရွယ်ရှိ Angelo Henriquez ကို မန်ယူအသင်းမှ ခေါ်ယူလိုက်ပြီဖြစ်ကြောင်းသိရသည်။ ကစားသမားသည် မန်ယူအသင်းတွင် ဆေးစစ်မှုခံယူနေပြီဖြစ်သည်။
ပြီးခဲ့သည့်နှစ်တွင် ချီလီကလပ် Universidad အသင်းတွင် ပြိုင်ပွဲပေါင်း ၁၇ ပွဲမှာ ၁၁ ဂိုးသွင်းယူနိုင်ခဲ့သည်။ မန်ယူအသင်းသည် ကစားသမား အား စောင့်ကြည့်နေသည်မှာ ကြာမြင့်နေပြီဖြစ်ပြီး ပြီးခဲ့သည့်
တစ်ပါတ်တွင်မှ မန်စီးတီးမှပါ ခေါ်ယူရန် လှုပ်ရှားလာသောကြောင့် ဖာဂူဆန်မှ အလျှင်အမြန် ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အပြောင်းအရွှေ့သည် နောက် ၂၄ နာရီအတွင်း အပြီးသတ်မည်ဟုသိရသည်။ သို့ရာတွင် ကစားသမားသည် အလုပ်လုပ်ခွင့် Work Permit အတွက် ပြသနာရှိနိုင်ပြိး အငှားထွက်ကစားရမည့် အခြေအနေတွင် ရှိနေပေသည်။ အသင်းသို့ ရောက်ရှိလျှင်လည်း အသင်းတွင်ရှိသည့် တိုက်စစ်မှုးများစွာဖြစ်နေသည့်အတွက် နေရာရရန် မလွယ်လှပေ။
မန်ယူအသင်းသည် ကစားသမားအား လွန်စွာစိတ်ဝင်စားခဲ့ပြိး လွန်ခဲ့သော ကာလများအတွင် အိုးထရက်ဖို့ဒ်သို့ပင် လာရောက် အလည်အပတ် ခေါ်ယူခဲ့ကြောင်းသိရသည်။ ထိုကစားသမားလေးအား မန်ယူအသင်း၏ တိုက်စစ်မှုး ဗန်နစ္စတယ် ရွိင်းနှင့် ကစားပုံခြင်းဆင်သည် ဟု ပြောဆိုနှိုင်းယှဉ်မှုများ ရှိကြောင်း သိရသည်။ ချီလီအသင်း၏ လူငယ် အဆင့်များတွင် အမြဲတမ်း ကစားခဲ့ပြီး ဂိုးများလည်း သွင်းယူနိုင်ခဲ့ကြောင်း သိရသည်။ ပထမအသင်းတွင် လောလောဆယ် နေရာရဦးမည့် အခြေအနေ မဟုတ်သော်လည်း မန်ယူအသင်းသည် အသင်း အနာဂတ်အတွက်အလားအလာကောင်းသည့်အရည်အချင်းရှိလူငယ်လေးအား ခေါ်ယူနိုင်လိုက်ခြင်းပင်ဖြစ်ကြောင်း သိရှိရပါသည်

No comments:

Post a Comment

My Blog List