Thursday, August 23, 2012

သတင်းလွတ်လပ်ခွင့်ကော်မတီ၏သတင်းထုတ်ပြန်ချက် ၃/ ၂၀၁၂

၁။ The Voice Weekly ၊ Envoy News ဂျာနယ် ၊ လျှပ်တပြက် ဂျာနယ်တို့ကို ပြန်လည်ထုတ်ဝေခွင့်ပေးခြင်းနှင့်စာပေစိစစ်ရေး မူဝါဒအချို့ကို ဖြေလျှော့ခြင်းများ အတွက် သတင်းလွတ်လပ်ခွင့်ကော်မတီက သတိကြီးစွာ ကြိုဆိုအပ်ပါသည်။၂။ဒီမိုကရေစီပြုပြင်ပြောင်းလဲခြင်းနှင့် အချိုးညီစွာ ပေါ်ပေါက်လာရမည့် သတင်းလွတ်လပ်ခွင့်အတွက် အတားအဆီးသဖွယ်ဖြစ်နေသော The Voice Weekly နှင့် လျှပ်တပြက် ဂျာနယ်တို့အား တရားစွဲဆိုထားခြင်းများကိုလည်း အမြန် ရုတ်သိမ်းသွားမည်ဟု မျှော်လင့်ယုံကြည်ပါသည်။

၃။ဆက်လက်၍ ကျင့်ဝတ်နဲ့အညီ ရေးသားဖော်ပြသည့် သတင်းမီဒီယာများ အပေါ် တရားစွဲဆိုခြင်းများနှင့် မီဒီယာလွတ်လပ်ခွင့်ကို ထိန်းချုပ်ထားသည့် ၁၉၆၂ ပုံနှိပ် အက်ဥပဒေ ၊ အီလက်ထရောနစ်အက်ဥပဒေကိုလည်း ဖျက်သိမ်းသွားရန် သတင်းလွတ်လပ်ခွင့်ကော်မတီက ဆက်လက်ကြိုးပမ်း အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။

၎။သြဂုတ်လ ၂၄ ရက်နေ့ တော်ဝင်နှင်းဆီတွင် ကျင်းပပြုလုပ်ရန် ကြေညာထားသည့် သတင်းလွတ်လပ်ခွင့်ကော်မတီ၏ သတင်းစာရှင်းလင်းပွဲကို ယာယီရွှေ့ဆိုင်းလိုက်ပါသည်။

(အထူးမှတ်မှတ်ချက်- သြဂုတ်လ ၂၃ ရက်နေ့ နံနက် ၁၀နာရီ၌ ဒဂုံမြို့နယ် တရားရုံးတွင် The Voice Weekly ဂျာနယ်တရားရုံးချိန်းနှင့် သြဂုတ်လ ၂၄ ရက်နေ့ နံနက် ၁၁နာရီ ပုဇွန်တောင်မြို့နယ် တရားရုံးတွင် လျှပ်တပြက်ဂျာနယ် တရားရုံးချိန်းသို့ သွားရောက်သတင်းယူကြမည့် သတင်းသမားများအနေဖြင့် တရားရုံးပရ၀ုဏ်အတွင်းသို့ လုံးဝ (လုံးဝ)၀င်ရောက်ခြင်းမပြုဘဲ တရားရုံးဧရိယာပြင်ပမှသာ သတင်းယူကြပါရန်။)

သတင်းလွတ်လပ်ခွင့်ကော်မတီ
ရန်ကုန်မြို့။

No comments:

Post a Comment

My Blog List