Thursday, August 23, 2012

နှလုံး ရောဂါဖြစ်နိုင်ခြေ များသော AB သွေး ပိုင်ရှင်များ

 

AB သွေး အမျိုးအစား ပိုင်ရှင် များသည် O သွေး အမျိုးအစား ပိုင်ရှင် များထက် နှလုံး ရောဂါဖြစ်နိုင်ခြေ ပိုများကြောင်း သုတေသီ များကတွေ့ ရှိခဲ့ကြ ပါတယ်။ သုတေသီများသည် လူပေါင်း ၉ သောင်းကျော်ကို နှစ် ပေါင်း ၂၀ နီးပါးလေ့လာခဲ့ရာ ဥ သွေးပိုင်ရှင်များသည် နှလုံးသွေး ကြောရောဂါ ခံစားရနိုင်ခြေ အနည်း ဆုံးဖြစ်ပြီး AB သွေးပိုင်ရှင်များက တော့ ဥ သွေးပိုင်ရှင်များထက် နှလုံး သွေးကြောရောဂါဖြစ်နိုင်ခြေ ၂၃ ရာ ခိုင်နှုန်းပိုများနေသည်ကို တွေ့ရှိခဲ့ ကြရသည်။
ထို့အပြင် B သွေးပိုင်ရှင် များက O သွေးပိုင်ရှင်များနှင့် နှိုင်း ယှဉ်လျှင် ရောဂါဖြစ်နိုင်ခြေ ၁၁ ရာ ခိုင်နှုန်း ပိုများပြီး A သွေးပိုင်ရှင်များ ကတော့ ၅ ရာခိုင်နှုန်းပိုများကြောင်း တွေ့ရှိထားပါတယ်။ သွေးအမျိုး အတွက် ဆရာဝန်များအနေနဲ့ သွေး အမျိုးအစားကို ထည့်သွင်းစဉ်းစား ခြင်းဖြင့် လူနာများကို နှလုံးသွေး ကြောရောဂါ ရှိ၊ မရှိ ရောဂါရှာဖွေ စစ်ဆေးရာတွင် အထောက်အကူ ဖြစ်နိုင်မှာဖြစ်ကြောင်း သိရှိရပါတယ်။ လူများအနေဖြင့် မိမိသည် နှလုံး သွေးကြောရောဂါဖြစ်နိုင်ခြေများသော သူဖြစ်ကြောင်း သိရှိပြီး ကျန်းမာရေး နှင့် ညီညွတ်စွာနေထိုင်သွားကြရန် မျှော်လင့်ကြောင်း သုတေသီများက ပြောဆိုကြပါတယ်။
အမေရိကန်နိုင် ငံတွင် O သွေးပိုင်ရှင်မှာ ၄၅ ရာခိုင် နှုန်း၊ AB သွေးပိုင်ရှင်မှာ ၄ ရာခိုင် နှုန်း၊ A သွေးပိုင်ရှင်မှာ ၄၀ ရာခိုင် နှုန်းနှင့် B သွေးပိုင်ရှင်မှာ ၁၁ ရာ ခိုင်နှုန်း ပမာဏရှိကြောင်း သိရှိရပါ တယ်။

No comments:

Post a Comment

My Blog List