Saturday, August 25, 2012

လွှတ်တော်အစည်းအဝေး ပျက်တဲ့ကိစ္စ ဥက္ကဋ္ဌ ရှင်ရ

ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း

ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက ကြာသပတေးနေ့ မနက်ပိုင်း လွှတ်တော် အစည်း အဝေး တက်ရောက်ဖို့ ပျက်ကွက်ခဲ့တာနဲ့ ပတ်သက်ပြီး သောကြာနေ့ လွှတ်တော်မှာ ဖြေရှင်းချက် ပေးခဲ့ရ ပါတယ်။
ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနဲ့ အမျိုးသား လွှတ်တော် ဥက္ကဌနဲ့ ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်တို့ က သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံ ခဲ့ကြတဲ့ အတွက် ကြာသပတေးနေ့ မနက်ပိုင်း ကျင်းပမယ့် လွှတ်တော် အစည်းအဝေး တွေကို ရပ်နား ထားခဲ့ရ ပါတယ်။

သာပေါင်း မြို့နယ် မဲဆန္ဒနယ်က ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းသန်းက လွှတ်တော် ကိုယ်စားလှယ် တွေကို အသိ မပေးဘဲ ကြာသပတေးနေ့ တမနက်လုံး လွှတ်တော် ဥက္ကဌ ပျောက်နေတဲ့ ကိစ္စ၊ နဲ့ အခြေခံ ဥပဒေ ခုံရုံးကို စွပ်စွဲ ပစ်တင်ဖို့ တင်ပြ တောင်းဆို ထားတာကို လုပ်ထုံး လုပ်နည်း တွေနဲ့ အညီ ဆက်မလုပ်ဘဲ အစီအစဉ် ပြောင်းသွားတယ်လို့ ယူဆစရာ အဆို ဖြစ်တဲ့ ဆုံးဖြတ်ချက် မှားယွင်းကြောင်း ဝန်ခံတဲ့ ကြေညာချက် ထုတ်ပြန်ပေးဖို့ ပြည်ထောင်စု လွှတ်တော်မှာ တောင်းဆို ခဲ့တဲ့ ကိစ္စ စတဲ့ အချက် နှစ်ရပ်ကို မေးခွန်းထုတ် ခဲ့တာ ဖြစ်တယ်လို့ SNDP ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ သီပေါ မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောပါတယ်။
အစည်း အဝေး တက်ရောက်ဖို့ ပျက်ကွက်ရတဲ့ ကိစ္စကို ဦးရွှေမန်းက တောင်းပန် ခဲ့တယ်လို့ ပြည်သူ့ လွှတ်တော် အစည်း အဝေး တက်ရောက်ခဲ့သူ SNDP ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ သီပေါ မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောပါတယ်။
ဒုတိယ အမေးကို ဦးရွှေမန်းက ပြန်ဖြေရာမှာ သူ့ အနေနဲ့ လွှတ်တော် ကိုယ်စားလှယ် တွေက ဥပဒေနဲ့ အညီ တင်ပြလာတာ တွေကို ပယ်ဖျက်ခွင့်၊ ဟန့်တားခွင့် မရှိကြောင်းနဲ့ သူတို့ တင်ပြလာတာ တွေကို လွှတ်တော် ဥက္ကဌ တွေလုပ်နိုင် ခွင့် ရှိတဲ့ ဥပဒေ နည်းဥပဒေ တွေ နဲ့ အညီ ဆက်လက် လုပ်ဆောင်ရမယ့် ဝတ္တရား ရှိတယ်လို့ ဖြေခဲ့ကြောင်း ဦးရဲထွန်းက ပြန်ပြောပါတယ်။
အမျိုးသား လွှတ်တော် ဘက်မှာတော့ ဖွဲ့စည်းပုံ ခုံရုံးကို စွပ်စွဲ ပြစ်တင်တဲ့ အဆို ကို အရေးပေါ် တင်သွင်းခဲ့ ပါတယ်။
လွှတ်တော် အသီးသီးက ဖွဲ့စည်းထားတဲ့ ကော်မီတီ၊ ကော်မရှင်နဲ့ အဖွဲ့အစည်း တွေကို ပြည်ထောင်စု အဆင့် မသတ်မှတ် နိုင်ဘူးလို့ ဖွဲ့စည်းပုံ ဥပေဒ ဆိုင်ရာ ခုံရုံးရဲ့ ဆုံးဖြတ်ချက်ဟာ မှားယွင်းကြောင်း ဝန်ခံဖို့ တောင်းဆိုမယ့် အဆိုကို ဆွေးနွေးကြဖို့ ကြာသပတေးနေ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ သဘောတူ ဆုံးဖြတ် ခဲ့တာကြောင့် ခုံရုံး ဘက်က တုံ့ပြန်ချက် ရပြီမှသာ ဆက်လက် လုပ်ဆောင်ကြလိမ့်မယ်လို့ ယူဆ ချက်တွေ ရှိနေ ခဲ့ပါတယ်။
ဒါပေမဲ့ သောကြာနေ့ မှာပဲ အမျိုးသား လွှတ်တော် မှာ ဖွဲ့စည်းပုံ ခုံရုံးကို စွပ်စွဲ ပြစ်တင်တဲ့ အရေးပေါ် အဆို တင်သွင်းခဲ့ တာဟာ အတွင်းပိုင်းမှာ ညှိနှိုင်းမှုတွေ လုပ်တာ ပြေလည်ပုံ မရတဲ့ လက္ခဏာပဲလို့ အမတ်တွေက ပြောပါတယ်။
အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မြင့်ဖေရဲ့ အဆိုကို တပ်မတော်သား လွှတ်တော် အမတ်တွေကလွဲပြီး ကျန်တဲ့ အမတ် အားလုံးက တညီ တညွတ်တည်း ထောက်ခံ ခဲ့ကြတယ်လို့ အမျိုးသား လွှတ်တော် အမတ်တွေက ပြောပါတယ်။

No comments:

Post a Comment

My Blog List