Wednesday, August 22, 2012

တင်/ထုတ် လည်း မလိုချင်ဖူး၊ ထုတ်/တင် လည်း မလိုချင်ဖူး။

အခုတစ်လော မီဒီယာလွတ်လပ်ခွင့်ပေးလိုက်ပြီ၊ ဆင်ဆာတင်စရာ မလိုတော့ဖူးဆိုပြီး ပြောနေကြရဲ့ ။




















သြဂုတ်လ (၂၀) ရက်နေ့  နေ့ စွဲနဲ့  ထွက်လာတဲ့ ပြန်ကြားရေးဝန်ကြီးဌာန ညွှန်ကြားချက် အမှတ် (၅၁) အရ - မြန်မာနိုင်ငံမှ သတင်းဂျာနယ်၊ စာပေ၊ မဂ္ဂဇင်း များအနေဖြင့် စာပေစိစစ်ရေးသို့ တင်ပြစိစစ်ခံပြီးမှသာ ထုတ်ဝေခွင့်ရရှိနေခြင်းအား ယနေ့ သြဂုတ်လ ၂၀ ရက်မှ စတင်ကာ အလုံးစုံရပ်ဆိုင်းလိုက်ကြောင်း၊ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနခွဲက ထုတ်ဝေစာအားလုံးကို ယနေ့က စပြီး ထုတ်/တင်စနစ်ပြောင်းလဲကျင့်သုံးလိုက်ကြောင်း ကြေညာလိုက်တာနဲ့  တကယ်ကိုဘဲ စာပေစိစစ်ရေးကနေ ကင်းလွတ်ပြီး မီဒီယာလွတ်လပ်ခွင့်ရပြီဆိုပြီး ပြည်တွင်းမှာသာမက ပြည်ပမှာလည်း ဟိုးလေးတကျော် အားရပါးရ ပြောဆိုဖေါ်ပြနေကြရဲ့ ။



































ယခင် တင်/ထုတ် စနစ် (စာပေစိစစ်ရေးသို့ တင်ပြစိစစ်ခံပြီးမှသာ ထုတ်ဝေခွင့်ရရှိတဲ့ စနစ်) ကနေ ထုတ်/တင် စနစ် (စာစောင်ထုတ်ဝေပြီးနောက် စာပေစိစစ်ရေးသို့ စိစစ်ရန် တင်ပြခြင်းစနစ်) ကို ဟိုဘက်နဲ့  ဒီဘက် ပြောင်းလိုက်တာလေးကို အဟုတ်မှတ်ပြီး နားလှည့်ပါးရိုက်မှာ မသိကြလေရဲ့ လား။ပေါ်တင်ပြောရရင် တင်/ထုတ် စနစ် (ကြိုတင်စိစစ်ပြီး အရေးယူတာ) နဲ့  ထုတ်/တင် စနစ် (ထုတ်ဝေပြီးမှ အရေးယူမှာ) နဲ့  အရေးယူမှာချင်း အတူတူဖြစ်သလို ဘယ်ဟာက မလှုပ်နိုင် မရုန်းနိုင် အချည်ခံရမလည်းဆိုတာ သိကြဖို့  သတိထားကြဖို့  လိုပါတယ်။

လည်ပင်းကြိုးကွင်း အပီစွပ်မှာကို ငါးစာသာမြင်ပြီး ငါးမျှားချိတ်မမြင်ရင်တော့ လှည့်ဖြားယုတ်မာတွေအောက်က ပျားရည်လိုချိုတဲ့ စကားလုံးများ ကောက်ကျစ်သော အပြုံးများကို ရင်ဆိုင်ရမှာ အာဏာရှင်လက်အောက် ခေတ်အဆက်ဆက်ကတည်းက ယခုထိ အမျိုးမျိုးသောနည်းများနဲ့  ဖိနှိပ်ခံနေရ အရေးယူခံနေရဆဲပါဘဲ။




























သတင်းလွတ်လပ်ခွင့်ဆိုတာ စာပေ ဂီတ ဖြော်ဖြေမှုအပါအ၀င် လက်ရှိခေတ်ရဲ့  အိုင်တီအသုံးပြုမှုထိအပါ မှန်ကန်သော သတင်းဖေါ်ပြရေးတင်ဆက်မှုအားလုံးမှာ တားမြစ် ပိတ်ပင် စိစစ် ပယ်ဖျက်တာတွေ မပါတဲ့ မီဒီယာလွတ်လပ်ခွင့်ရှိရမှာ ဖြစ်ပါတယ်။ ပြောရရင် တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ သမ္မတကစလို့  အောက်ခြေ သာမန်ပြည်သူပြည်သားတစ်ဦးအထိ လုပ်ဆောင်မှုတွေ မှန်ရင် မှန်သလို မှားရင် မှားသလို ပြောပိုင်ခွင့် ရေးသားဖေါ်ပြပိုင်ခွင့် ရှိရမှာသာလျှင် မီဒီယာလွတ်လပ်ခွင့် ရတယ်လို့  ဆိုရမှာ ဖြစ်ပါတယ်။

မီဒီယာလွတ်လပ်ခွင့်ဆိုတာ ယနေ့ ယခု လက်ရှိရှိနေတဲ့ တင်/ထုတ် စနစ်ရော၊ ထုတ်/တင် စနစ်ရော နှစ်ခုစလုံး မဟုတ်ပါကြောင်း ပြောကြားလိုပါတယ်။

No comments:

Post a Comment

My Blog List