Thursday, August 23, 2012

ရိုးရိုး BE ဘွဲ့အတွက် စာသင်နှစ်ခုနစ်နှစ်နှင့် အဆင့်မြင့် BE ဘွဲ့ အတွက် ခြောက်နှစ် သတ်မှတ်

 
ရိုးရိုး BE ဘွဲ့အတွက် စာသင်နှစ်ခုနစ်နှစ်နှင့် အဆင့်မြင့် BEဘွဲ့အတွက် စာသင်နှစ်ခြောက်နှစ် သတ်မှတ် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ် BE ဘွဲ့အတွက် နည်းပညာ တက္ကသိုလ်နှင့် ကောလိပ် များတွင် ရိုးရိုးနည်းပညာ တက္ကသိုလ် BE ဘွဲ့အတွက် ခုနစ်နှစ် သတ်မှတ်ကာ အဆင့်မြင့်နည်း ပညာ ခြောက်နှစ် သတ်မှတ် လိုက်ကြောင်း သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ သိရသည်။ 

“ကျွန်တော်တို့ လုပ်ကိုင်တဲ့ စနစ်အရ ဆိုရင် Technician နဲ့ BE ကိုခွဲထုတ်လိုက်တာပေါ့နော်။ အဲဒီ တော့ AGTI ကသုံးနှစ်ဖြစ်သွားတယ်။ AGTI အောင်တဲ့ သူတွေက တက္ကသိုလ်နှစ်မျိုးရှိနိုင်တယ်။ တစ် မျိုးက BE ဘွဲ့ပေးတဲ့တက္ကသိုလ်နဲ့ နောက်တစ်မျိုးက BT (Bechalar Techonlogy ) ဘွဲ့ကိုပေးမယ့် တက္ကသိုလ်ပေါ့နော်။ AGTI သုံးနှစ်အောင်မြင်တဲ့အခါထူးချွန်လို့တော် တယ်ဆိုရင် BE တက်ခွင့်ပေးသွား မှာပါ” ဟု သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်ကျော်မြတ်ကပြောသည်။ 

ရိုးရိုးနည်းပညာ တက္ကသိုလ်များအနေဖြင့် AGTI သင်တန်း သုံးနှစ်အောင်မြင်၍ BE ဘွဲ့အဆင့် မီသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ BE ဘွဲ့အပ်နှင်း မည့်သက်ဆိုင်ရာ နည်းပညာတက္ကသိုလ်များ၌ Technician ပုံစံမှအင်ဂျင်နီယာပုံစံဘက်သို့ အသွင်ပြောင်း နိုင်ရန်အတွက် Orientation တစ်နှစ် သင်တန်းသို့ တက်ရောက်ရမည်ဖြစ်ပြီး ယင်း သင်တန်းအောင်မြင်ပါက စတုတ္ထနှစ် BE သင်တန်းကို အဆင့်မြင့်နည်းပညာတက္ကသိုလ်များ၏ သင်ရိုးညွှန်းတမ်းအတိုင်း မိမိတို့တက် ရောက်လျက်ရှိသည့် နည်းပညာတက္ကသိုလ်၌ ဆက်လက်တက်ရောက် ဆက်လက်တက်ရောက်ရမည်ဖြစ်ပြီး AGTI အောင်မြင်ပြီး BE ဘွဲ့ရရှိရန်အတွက် အဆင့်မီသည့် ကျောင်းသားကျောင်းသူများအနေဖြင့် BE ဘွဲ့ရရှိရန်အတွက် ခုနစ်နှစ်သင်ကြားရမည်ဖြစ်ကြောင်းလည်း သိရသည်။
 “အဆင့်မြင့်နည်းပညာ တက္ကသိုလ်ကတော့ တိုက်ရိုက် ၆ နှစ်တက်ရမှာပါ။ သူကျတော့ BE ဘွဲ့တိုက် ရိုက်ပေးအပ်မှာပါ။ ရည်ရွယ်ချက်ကတော့ လက်တွေ့ပိုင်းတွေ ဓာတ်ခွဲမှုလုပ်ငန်းတွေကို အဆင့်အတန်းမီမီ၊ အဆင့်တန်း မြင့်မြင့်သင်ကြားနိုင်အောင် ရည်ရွယ်တယ်။ နောက်တစ်ခုက စက်ရုံအလုပ်ရုံတွေ ပြည်ပက လက်တွေ့လုပ်ငန်းတွေကိုနည်းပညာတက္ကသိုလ်တွေနဲ့ပေါင်းကူးပေးချင်တဲ့သဘောပါ”ဟုအဆိုပါညွှန်ကြား
 ရေးမှူးချုပ်ကဆက်လက်ပြောကြားသည်။ 

 အဆင့်မြင့် နည်းပညာ တက္ကသိုလ်သို့ တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် တက္ကသိုလ်ဝင်တန်းအမှတ် အနိမ့်ဆုံး ၄၅၀ ရရှိမည်ဖြစ်ပြီး ရိုးရိုးနည်းပညာ တက္ကသိုလ်ဝင်ခွင့်အတွက်ကိုတော့ မှုအနိမ့်ဆုံးအမှတ် ၃၆၀ သတ်မှတ်ထားကြောင်းလည်းသိရသည်။ 

Venus News Journal

No comments:

Post a Comment

My Blog List