Wednesday, August 22, 2012

 တောင်ကိုရီးယား အခြေစိုက် ဆမ်ဆောင်းကုမ္ပဏီက မြန်မာပြည်ဈေးကွက်ချဲ့ထွင် AA Electronics Ltd အပြင် မိတ်ဖက်နှစ်ဦး ထပ်မံတိုးမြှင့်

sumsung
တောင်ကိုရီးယားနိုင်ငံ အခြေစိုက်နာမည်ကျော် နည်းပညာကုမ္ပဏီ တစ်ခုဖြစ်သော ဆမ်ဆောင်းကုမ္ပဏီ က မြန်မာနိုင်ငံအတွင်း ဈေးကွက်ချဲ့ထွင်နိုင်ရန် AA Electronics Ltd အပြင် Royal GK Pte Ltd နှင့် MT (Myo Thein)Electronic တို့ ကို မြန်မာနိုင်ငံဆိုင်ရာ တရားဝင် အရောင်းကိုယ်စားလှယ်အဖြစ် ထပ်မံတိုးမြှင့်ခဲ့ကြောင်း သိရပါသည်။
“လာမယ့် စက်တင်ဘာလကုန်မှာ အရောင်းပြခန်းတစ်ခု စတင်ဖွင့်လှစ် မှာပါ။ ဆမ်ဆောင်းရဲ့ ထုတ်ကုန် အားလုံးကို တစ်နေရာတည်းမှာ စုစည်း ၀ယ်ယူနိုင်မယ့်ပြခန်းမျိုးပါ။ အဓိက
ကတော့ နောက်ဆုံးပေါ်ထုတ်ကုန်တွေ ကို အဓိကထား ရောင်းချသွားမှာပါ” ဟွု Gunkul Engineering & FRESH Air Conditioners မှ ဒုတိယ အထွေထွေမန်နေဂျာ ဦးကျော်ကျော်စိုးက ပြောကြားပါသည်။
အဆိုပါ တရားဝင်အရောင်း ကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ခွင့်ရရှိသော လုပ်ငန်းနှစ်ခုသည် မြန်မာနိုင်ငံအတွင်း စီမံကိန်းကန်ထရိုက်များအား ရောင်းချခွင့် (B2B) နှင့် လက်လီရောင်းချခွင့်များ ရရှိမည်ဖြစ်သည်။ မြန်မာနိုင်ငံတစ်ဝန်း လက်ကားရောင်းချခွင့်ကို AA Electronics Ltd ကသာ ဆက်လက်ရရှိထားပြီး မိုဘိုင်းဖုန်းထုတ်ကုန်များတွင်မူ ထိုလုပ်ငန်း သုံးခုအပြင် Mobile King ဂဏန်းတွက်စက်နှင့် မိုဘိုင်းဖုန်း အရောင်းဆိုင်ကလည်း အရောင်းကိုယ်စားလှယ်အဖြစ်ရရှိထားကြောင်း ဆမ်ဆောင်းကုမ္ပဏီ ၏ သဘောတူညီချက်များအရ သိရပါသည်။
မြန်မာနိုင်ငံအတွင်း ဆမ်ဆောင်း ထုတ်ကုန်များဖြစ်သော မိုဘိုင်းဖုန်း၊ သင်ပုန်းကွန်ပျူတာ၊ တီဗီ၊ ဗီဒီယိုပြစက်၊ ရေခဲသေတ္တာစသည်တို့မှာ  ဈေးကွက်ဝေစုမြင့်မားသော်လည်း အခြားထုတ်ကုန်များဖြစ်သည့် လေ အေးပေးစက်၊ အ၀တ်လျှော်စက်၊ ဒီ ဂျစ်တယ်ကင်မရာနှင့် မိုက်ခရိုဝေ့ဖ် ဖိုကဲ့သို့ ကုန်ပစ္စည်းများမှာ ဈေးကွက်ဝေစု အနည်းငယ်သာရရှိထားကြောင်း ရန်ကုန်မြို့အခြေစိုက် အီလက်ထရောနစ်ဆိုင် အသိုင်းအ၀ိုင်း ထံမှ သိရပါသည်။
ယခု အရောင်းကိုယ်စားလှယ် ရယူထားသည့် လုပ်ငန်းများသည် ဆမ်ဆောင်း၏ ထုတ်ကုန်များ အလိုက် အနည်းဆုံး အရောင်းပမာဏ သတ်မှတ်ချက်များဖြင့် လုပ်ကိုင်သွားရမည် ဖြစ်ပါသည်။
ဆမ်ဆောင်း၏ မြန်မာပြည် တရားဝင် အရောင်းကိုယ်စားလှယ် သစ်လုပ်ငန်းတစ်ခုဖြစ်သော Royal GK Pte Ltd သည် စင်ကာပူနိုင်ငံတွင် မှတ်ပုံတင်ထားသည့် လုပ်ငန်း တစ်ခုဖြစ်ပြီး ထိုင်းနိုင်ငံ အခြေစိုက်  Gunkul Engineering Public Company Ltd ၊ ယင်းကုမ္ပဏီ၏ Exclusive Partner အဖြစ် မြန်မာနိုင်ငံတွင် ဖွင့်လှစ်ထားသည့် Gunkul Engineering  နှင့် Zeya & Associates Co., Ltd တို့နှင့် ဆက်စပ်မှုရှိကြောင်းနှင့် MT Electronic မှာ မူမန္တလေးမြို့နှင့် မြန်မာနိုင်ငံ အထက်ပိုင်းတွင် ဈေးကွက်ဝေစုများစွာရရှိထားသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး ရန်ကုန်မြို့တွင်လည်း ရုံးခန်းဖွင့်လှစ်ထားကြောင်း သတင်းရရှိပါသည်။

from-eleven

No comments:

Post a Comment

My Blog List