Wednesday, August 22, 2012

မဇ္ဈိမ သတင်း လွဲမှားဖေါ်ပြမှု ရခိုင်လူမျိုးများ အကြား မကျေနပ်မှု တိုးပွား

သြဂတ်(စ်)လ ၁၉ရက်နေ့က ရန်ကုန်မြို့တွင် ရခိုင်လူငယ်များ UNနှင့် INGOs အဖွဲ့များအား ခွဲခြား ဆက်ဆံမူများ မပြုလုပ်ရန် ငြိမ်းချမ်းစွာ စီ တန်းလမ်းလျှောက် ဆန္ဒပြတောင်းဆိုပွဲအား အိန္ဒိယ အခြေစိုက် မဇ္ဈိမ သတင်းဌာနက ရခိုင် လူမျိုးများအား ကမ္ဘာအလယ်တွင် သိက္ခာ ကျ နာမည် ပျက်စေရန် ရည်ရွယ်ပြီး မဟုတ်မမှန် သတင်းရေးသား ထုတ်လွှင့်ခဲ့သည်ဟု သိရသည်။

မစ္ဈိမ သတင်းဌာမှ အဆိုပါ သတင်းအား အင်္ဂလိပ်လို “Anti-Rohingya demonstration held in Rangoon” ခေါင်းစည်းတပ်ကာ သြဂတ်စ်လ ၂၀ ရက်နေ့က ဖေါ်ပြရာတွင် ရခိုင်လူမျိုး ၅၀ ခန့်သည် မြန်မာပြည် အနောက် ပိုင်းက ပဋိပက္ခဖြစ်ပွားခဲ့သော ဒေသများတွင် နေထိုင်နေကြ သော ရိုဟင်ဂျာမွတ်ဆလင်များအား ကုလသမဂ္ဂမှ အကူအညီပေးနေမှု များ အား ရပ်တန့်ရန် ယူအန်နှင့် နိုင်ငံခြား အန်ဂျီအိုများကို တနင်္ဂ နွေနေ့က ဆန္ဒပြ တောင်းဆိုခဲ့ကြသည်ဟု မဟုတ်မမှန် သတင်းရေးသား ဖေါ်ပြခဲ့သည်။

“ကျွန်တော်တို့ ဆန္ဒပြတာက UNနဲ့ INGOs က ရိုဟင်ဂျာ ဘင်္ဂလီ ဆိုတဲ့သူတွေကို ကူညီပေးနေတာ ရပ်တန့်ဖို့ အတွက် ဆန္ဒပြတာ မဟုတ်ဘူး ဗျာ။ ပြည်တွင်းပြည်ပ တခြားမီဒီယာ ဆိုဒ်တွေနဲ့ ဆိုင်းဘုတ် တိုင်းမှာ ကျွန်တော်တို့ ရေးထားတဲ့ စာတန်းတွေကို ကြည့်လို့ သိနိုင်ပါ တယ်။ ကျွန် တော်တို့က ရခိုင် လူမျိုးတွေ အပေါ်မှာ UN နဲ့ INGOs ကခွဲခြားဆက်ဆံမူတွေ ရှိနေတဲ့ အတွက် ဒါကို ရပ်တန့်ဖို့ ဆန္ဒ ထုတ်ဖေါ်တာသာ ဖြစ် ပါတယ်။ ဒီလို မဟုတ်မက သတင်းကျင့်ဝတ်နဲ့ မကိုက်ညီဘဲ ဖေါ်ပြတဲ့ မဇ္ဈိမ ကို တော့ တရားဥပဒေ အရ တစ်ခုခု လုပ်ရပါလိမ့်မယ်” ဟု ဆန္ဒ ပြပွဲကို ဦးဆောင် ပြုလုပ်ခဲ့သူ ကိုစည် သူက နိရဉ္စရာသို့ ပြော သည်။

၎င်းပြင် ရန်ကုန် တာမွေမှ အရှင် သုန္ဒာရကလည်း မဇ္ဈိမမှ ရေးသား တင်ပြသောသတင်းနှင့် ပတ် သက်ပြီး “ မှတ်တမ်းမှတ်ရာ အထောက်အ ထားများ အလျှံပယ်ရှိပါလျှက်နှင့် ရခိုင်လူငယ်များက ရိုဟင်ဂျာဘင်္ဂလီများအား ထောက် ပံ့ခြင်းကို ရန်တန့်ရန် ဆန္ဒပြသည်ဟု မဇ္ဈိမသတင်း ဌာနမှ ပြောင် အတင်း လိမ်ညာဖော်ပြခြင်းမှာ အော့နှလုံးနာဖွယ် အတိပင် ဖြစ်သည်” ဟု ဖေါ်ပြသည်။

မဇ္ဈိမ အင်္ဂလိပ်ဝက်ဘ်ဆိုဒ်တွင် သြဂစ်လ ၂၀ရက်(တနင်္လလာ)နေ့ နေ့စွဲဖြင့် ရန်ကုန်ရောက် ရခိုင်လူ ငယ်များ ဆန္ဒပြသတင်းနှင့်ပတ် သက်ပြီး လွဲမှားစွာ ဖေါ်ပြမှုအပေါ် မလေးရှားရောက် ရခိုင်လူငယ် တဦး ဖြစ်သည့် ကိုမင်းထက်ကလည်း နိရဉ္စရာသို့ ယခုလိုပြောသည်။



“မဇ္ဈိမ သတင်းဌာနဟာ ဘာဘဲပြောပြော ပြည်တွင်းပြည်ပ လူအမြောက်အများ လာဖတ်တဲ့ ဆိုဒ်တ ခုဖြစ်ပါ တယ်။ လူတိုင်းအားပေး ကြတဲ့ ဆိုဒ်ပါ။ ခုလို မီဒီယာကျင့်ဝတ်ကို ချိုးဖေါက်ပြီးတော့ ရေးထား တာက ရခိုင်လူမျိုး ကိုစော်ကား လိုက် တာဖြစ်ပါတယ်။ ဒါတမင်သက်သက်လူ မျိုး နှစ်ခု အကြားမှာ ရန်တိုက်ပေးနေတာဘဲ။ ပြောရမယ် ဆိုရင် ရခိုင်ပြည်ကို ဆူပူအောင် သွေးထိုးလှုံ့ဆော် ပေးနေ တာပါ” ဟုပြောသည်။

မဇ္ဈိမ အင်္ဂလိပ်ဆိုဒ်တွင် တင်ပြထားသော အဆိုပါ သတင်းမှားကို တခြားနိုင်ငံ သတင်းတချို့မှာလဲ ကူးပြီး ဖေါ်ပြတာတွေ့ရကြောင်း၊ အင် ဒိုနီး ရှား သတင်းမီဒီယာကြီး ဂျာကာတာပို့၊ အေအက်ပီ၊ Dailystar နှင့် တ ခြားဆိုဒ်တွေမှာ တွေ့ခဲ့ရကြောင်း၊ ယခုကဲ့သို့ လုပ်ဆောင်ခြင်း မှာရ ခိုင် လူမျိုးများ အပေါ် နိုင်ငံတကာက လူဆိုးအဖြစ် မြင်လာအောင် အကွက်ချစီစဉ် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ကိုမင်းထက် က ဆက်ပြော ပြ သည်။

သြဂတ်စ်လ ၁၉ ရက်နေ့က ရခိုင် လူငယ် ၁၀၀ ခန့်သည် တီရှပ် အကျီင်္များကို တူညီ ၀တ်ဆင်ပြီး ပိုစ တာများ၊ဆိုင်းဘုတ်များကိုကိုင် ဆောင် ကာ ယူအန်နှင့် နိုင်ငံခြားမှ အန်ဂျီအိုများကို ခွဲခြား ဆက်ဆံမူ ကို ရပ်တန့်ရန် န္ဒပြတောင်းဆိုခဲ့ကြသည်။ ဆန္ဒပြပွဲတွင် တောင်းဆို ခဲ့ သော အ ချက်များမှာ အောက်ပါ အတိုင်းသာ ဖြစ်သည်။

၁။ “Stop Being Unfair” (တရားမမျှတမှုကို ရပ်တန့်ပါ)

၂။ “Respect the President’s Decision on Illegal Migrant Issue” (သမ္မတကြီး၏ တရားမ၀င် လာရောက် နေထိုင်မှု ကိစ္စရပ်နှင့်ပတ် သက်သော ဆုံးဖြတ်ချက်ကို လေးစားပါ)

၃။ “Stop Creating Conflicts in Arakan”, (ရခိုင်ပြည်အတွင်း ပဋိပက္ခဖန်တီးမှုများကို ရပ်တန့်ပါ။)

၎။ “UN Itself the Human Rights Violator” (ကုလသမဂ္ဂသည်လည်း လူ့အခွင့်အရေးချိုးဖောက်သူသာ ဖြစ်သည်)

၅။ “Don’t Bring Terrorism to Our Land” (ကျွန်ုပ်တို့မြေသို့ အကြမ်းဖက်မှု မသယ်ယူလာနှင့်)

၆။ “We love Justice UN/INGOS, Stop Discriminating Against Arakanese” (တရားမျှတမှုကို မြတ်နိုးသည်။ UN/INGOS များ ရခိုင်ပြည် သူများအား ခွဲခြားဆက်ဆံခြင်း ရပ်)

၇။ “Stop Abusing Citizens’ Rights” (နိုင်ငံသားအခွင့်အရေးကို အလွဲသုံးစား မလုပ်ပါနှင့်)

၈။ “Respect the Sovereignty of Myanmar” (မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားပါ။)

မဇ္ဈိမ သတင်းဌာနသည် ယခင်ကလည်း ရခိုင် လူပ်ရှားတက်ကြွသူများ၏ လူပ်ရှားမူ သတင်းများအား တမင်သေးသိမ်အောင် ရေးသားခဲ့ မူများ ရှိခဲ့ပြီး မောင်တောမြို့တွင် မစ္စတာ ကင်တေးနား လာရောက် လည်ပတ်စဉ် ရခိုင်အမျိုးသား ၂၀၀ ကျော်ခန့်က ဆန္ဒပြခဲ့သည်ကို လူ ၂၀ သာ ဆန္ဒပြသည်ဟု အလိုတော်ပြည့် ဆရာတော် မဏိသာရအား တစ်စုံတစ်ရာ အင်တာဗျူး မပြုလုပ်ဘဲ ဆရာတော် က ပြော သည်ဟု ဆိုကာ နာ မည်အလွဲသုံးစားလုပ်ပြီး သတင်း ဖေါ်ပြခဲ့သည်။

အလားတူ ရဟန်းတော်များနှင့် မြန်နိုင်ငံသားများက လွန်ခဲ့သည့်လက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့တွင် သမ္မတကြီး ဦး သိန်း စိန်၏ ရခိုင်အရေးနှင့် ပတ် သက်ပြီး ပြောကြားချက်အား ထောက်ခံ ဆန္ဒပြပွဲကို ကချင်စစ် ရပ်စဲရန် ရဟန်းတော်များ ဆန္ဒပြသည် ဟု သတင်း အမှန်ကို ထိန်ချန် ရေးသား ဖေါ်ပြခဲ့သည်။
 
from-news collection

No comments:

Post a Comment

My Blog List