Monday, August 20, 2012

လက်ရှိ ကမ္ဘာ့အမြန်ဆုံး စူပါကွန်ပျူတာ


 

နိုင်ငံတကာမှာ စူပါ ကွန်ပျူတာတွေ ပုံမှန် တည်ဆောက် နေကြတဲ့ အတူ အရည်အသွေး စစ်ဆေးတဲ့ အဖွဲ့အစည်းတွေ အနေနဲ့လည်း တစ်နှစ်ကို နှစ်ကြိမ် ဘယ်စူပါ ကွန်ပျူတာက အမြန်ဆုံးလဲဆိုတာနဲ့ ပတ်သက်ပြီး လေ့လာ သုတေသနပြုကြပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ ခြောက်လအတွင်း သုတေသနပြုချက်မှာတော့ ကမ္ဘာ့အမြန်ဆုံး စူပါကွန်ပျူတာအဖြစ် Titan စူပါကွန်ပျူတာက နေရာယူနေပါတယ်။
အဲဒီမတိုင်ခင်မှာတော့ ဂျပန်နိုင်ငံရဲ့ K စူပါကွန်ပျူတာက အမြန်ဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး Titan ဟာ Cray အဖွဲ့အစည်းက ဖန်တီးထားတဲ့ Jaguar စူပါကွန်ပျူတာကို အဆင့်မြင့်တင် တည်ဆောက်ခဲ့တာပဲ ဖြစ်ပါတယ်။
၂၀၀၉၊ ၂၀၁၀ ခုနှစ်တွေမှာ Jaguar စူပါကွန်ပျူတာဟာ ကမ္ဘာ့ နံပါတ်တစ် အမြန်ဆုံးလို့ သတ်မှတ်ခံခဲ့ရပေမယ့် ၂၀၁၀ အောက်တိုဘာမှာ တရုတ်နိုင်ငံရဲ့ Tianhe-1A က 2.5 Petaflop မြန်နှုန်းနဲ့ စံချိန်တင်နိုင်ခဲ့လို့ ကမ္ဘာ့အမြန်ဆုံး အဆင့်ကနေ နောက်ရောက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက်မှာ K စူပါကွန်ပျူတာက Tiahe-1A ထက် သုံးဆနီးပါး မြန်နှုန်းနဲ့ စံချိန်ထပ်တင်နိုင်ခဲ့တာဖြစ်ပြီး Clay အဖွဲ့အစည်းက CPU နဲ့ GPU အသစ်တွေ ပြန်လည်ဖြည့်ဆည်းပြီး Jaguar ကိုTitan အဖြစ် ပြန်လည် တည်ဆောက်လိုက်ချိန်မှာတော့ 20 Petafop မြန်နှုန်းရှိတဲ့ ကမ္ဘာ့အမြန်ဆုံး စူပါကွန်ပျူတာ ဖြစ်လာခဲ့ပါတယ်။ အဲဒီလို အဆင့်မြှင့်တင် ဖန်တီးခြင်းအတွက် ဒေါ်လာ ၉၇ သန်းလောက် အကုန်အကျခံခဲ့ရပါတယ်။ Cray အဖွဲ့အစည်းဟာ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်မှာ အခြေစိုက်ထားပါတယ်။

No comments:

Post a Comment

My Blog List