Monday, August 20, 2012
လုပ်ကြံဖေါ်ပြထားတဲ့ ဗွီဒီယို၊ ဓာတ်ပုံများ ပါကစ္စတန်မှ လာကြောင်း အိန္ဒိယ တွေ့ရှိ
မြန်မာနိုင်ငံနဲ့အိန္ဒိယအရှေ့မြောက်ဒေသ အာသံပြည်နယ်မှာ မူဆလင်တွေကို နှိပ်စက် သတ်ဖြတ်နေပါတယ် ဆိုပြီး အင်တာနက် စာမျက်နှာတွေပေါ်မှာ လုပ်ကြံဖေါ်ပြထားတဲ့ ဗွီဒီယို နဲ့ ဓာတ်ပုံတွေကို ပါကစ္စတန်နိုင်ငံထဲ ကနေ ပြုလုပ် ဖြန့်ချိနေတာ ဖြစ်တယ်လို့ အိန္ဒိယ အစိုးရက ပြောဆိုလိုက် ပါတယ်။
နည်းပညာကျွမ်းကျင်သူတွေရဲ့ စစ်ဆေးချက်အရ အဲဒီ လုပ်ကြံဖေါ်ပြထားတဲ့ ပုံတွေကို ပါကစ္စတန် နိုင်ငံအတွင်းက အင်တာနက် ဘလော့ စာမျက်နှာတစ်ခုမှာ စတင်ဖေါ်ပြခဲ့တာလို့ အိန္ဒိယ ပြည်ထဲရေး ၀န်ကြီး က ပြောပါတယ်။
ဒီကိစ္စကို ပါကစ္စတန် အစိုးရနဲ့ဆွေးနွေးသွားမှာ ဖြစ်ကြောင်း၊ ပါကစ္စတန်နိုင်ငံထဲကနေ အခုလို လုပ်ကြံ ၀ါဒဖြန့်တဲ့ ပုံတွေ စတင်ခဲ့တာနဲ့ ပတ်သက်တဲ့ နည်းပညာဆိုင်ရာ အထောက်အထားတွေ ရှိကြောင်းလည်း အိန္ဒိယ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။
အဲဒီ လုပ်ကြံဖေါ်ပြထားတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို ဖြန်ချိတဲ့ ၀က်ဆိုဒ်ပေါင်း အနည်းဆုံး ၁၁၀ ကျော် ပါဝင်နေတာ တွေ့ရပြီး၊ အဲဒီထဲက ၇၆ ခုကို အိန္ဒိယအစိုးရက ပိတ်ပင်လိုက်ပါတယ်။လုပ်ကြံထားတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေထဲမှာ ဆိုင်ကလုံး မုန်တိုင်းဒဏ်ကြောင့် သေဆုံးနေတဲ့ အလောင်းတွေကို အာသံပြည်နယ်ထဲမှာ မူဆလင်တွေကို နှိပ်စက် သတ်ဖြတ်ထားတဲ့ပုံတွေ အဖြစ် ဖေါ်ပြထားပြီး၊ ငလျင်ဒဏ်ကြောင့် သေဆုံး သူတွေရဲ့ပုံတွေကို မြန်မာနိုင်ငံအတွင်း ဗုဒ္ဓဘာသာဝင်တွေက မူဆလင်တွေ ကို သတ်ဖြတ်ထားတဲ့ပုံတွေ အဖြစ် ဖေါ်ပြထားလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်းက အာသံပြည်နယ်မှာ မူဆလင်တွေကို သတ်ဖြတ်ခဲ့တဲ့ အတွက် လက်စားချေ တိုက်ခိုက်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ အင်တာနက် နဲ့မိုဘိုင်းဖုန်းတွေမှာ ပျံ့နှံ့ခဲ့ တာကြောင့် ထောင်သောင်း ချီတဲ့ အာသံနယ်သူနယ်သား တွေ မွန်ဘိုင်း အပါအ၀င် မြို့ကြီးတွေ ကနေ နေရပ်ကို ပြန်သွားခဲ့ကြပါတယ်။
ဒီလိုခြိမ်းခြောက်တဲ့ တယ်လီဖုန်း သတင်းတွေ၊ အင်တာနက် စာမျက်နှာတွေပေါ်က ပုံတွေကို ပါကစ္စတန်နိုင်ငံထဲကနေ စတင်ခဲ့တာလို့ အိန္ဒိယပြည်ထဲရေး ၀န်ကြီး က ပြောဆိုခဲ့တာပါ။
ဒီကိစ္စနဲ့ပတ်သက်ပြီး ပါကစ္စတန် အစိုးရကတော့ မဟုတ်မမှန်ကြောင်း ငြင်းဆိုပါတယ်။
RFA
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment