Tuesday, December 29, 2015

ဦးလှဆွေကအနိုင်ရ NLD အမတ်လောင်းဦးပြူးလွင်ကို ဂုဏ်သိက္ခာချပြီး မဲဆွယ်သည်ဟုဆိုကာ တိုင်ကြား



မကွေးတိုင်းအမှတ် ၁၂ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် နေရာအတွတ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သောပြည်ခိုင်ဖြိုးပါတီမှဦးလှဆွေကထောက်ခံမဲတသိန်းကျော်ဖြင့် အပြတ်အသတ်အနိုင်ရခဲ့သော NLD မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်ဦးပြူးလွင်ကဂုဏ်သိက္ခာချပြီးမဲဆွယ်ခဲ့သည်ဟုဆိုကာ နေပြည်တော်ရွေးကောက် ပွဲကော်မရှင်သို့ တိုင်ကြားထားသောကြောင့် လာမည့်ဇန်န၀ါရီလ ၁ ရက်နေ့တွင် သွားရောက်ဖြေရှင်းရမည်ဖြစ် ကြောင်း တိုင်ကြားခံရသူအနိုင်ရလွှတ်တော်ကိုယ်စားလှယ်က ဒီဇင်ဘာ၂၈ ရက်နေ့ တွင် ပြောကြားသည်။
အနိုင်ရအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးပြူးလွင်မှာလွန်ခဲ့သောသုံးနှစ်က NLD ပါတီ၏ ဒေသဆိုင်ရာ လယ်ယာမြေစီမံခန့်မှုကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး သိမ်းဆည်းခံလယ်သမားများ၏ အရေးကိစ္စ များကို အခမဲ့ကူညီဆောင်ရွက်ပေးခဲ့သည်ဟုဆိုသည်။

ယင်းကဲ့သို့ ဆောင်ရွက်ခြင်းများမှာ ကြိုတင်မဲဆွယ်သလို ဖြစ်ပြီးမဲဆွယ်စည်း ရုံးရာတွင် ဦးလှဆွေ၏ဂုဏ်သိက္ခာကို ကျဆင်းစေရန် ပြောဆိုခဲ့သည်ဟုဆို ကာ တိုင်ကြား ထားကြောင်း NLD ကိုယ်စားပြု အနိုင်ရတိုင်းဒေသကြီး အမှတ်၁မဲဆန္ဒနယ်မှ ဦးမြင့်ဇော်က စွပ်စွဲချက်ကို ပြော ပြသည်။

ယင်းကဲ့သို့ စွပ်စွဲတိုင်ကြားထားမှုကိုဖြေရှင်းရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ဥပဒေရေးရာအဖွဲ့နှင့် မိမိနှင့် ၂၉ ရက်နေ့တွင် တွေ့ဆုံမည်ဖြစ် ကြောင်း ဦးလှဆွေက နေပြည်တော်တွင် တိုင်ကြားထားသည့်အတွက် နေပြည် တော်ရွေးကောက်ပွဲကော်မရှင်ရုံးတွင် ဇန်န၀ါရီလ ၁ ရက်နေ့ သွားရောက် ဖြေရှင်းသွားမည်ဖြစ်ကြောင်း ဦးပြူးလွင်က ပြောပြသည်။



ထိုကိစ္စနှင့်ပတ်သတ်ပြီး ဦးလှဆွေထံသို့ ၂၈-၁၂-၂၀၁၅ ရက်နေ့တွင် တနေကုန်ဖုန်းခေါ်ခဲ့သော်လည်းဖုန်းပိတ်ထားကြောင်းသာ ဖြေဆိုနေသည်။

စောကျော်ဝင်း
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment

My Blog List