Tuesday, December 29, 2015

သမ္မတဦးသိန်းစိန်အား DKBA ဒုတိယစစ်ဦးစီးချုပ် ချီးကျူးပြောဆို


၂၀၁၆ တွင်ကျင်းပမည့် နိုင်ငံရေး ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ပဋိပက္ခမရှိပါက အကောင်းဆုံးဖြစ်ကြောင်း DKBA ကလိုထူယဘောတပ်ဖွဲ့မှ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ် စောမိုရှေးမှပြောကြားသည်။ "လာမယ့်အစိုးရကလည်း နိုင်ငံအတွက် လုပ်နိုင်မယ်လို့ ထင်တယ်။ ဘယ်အစိုးရ တက်တက် ကိုယ်တွေအစိုးရဘဲလေ။ NCA နဲ့ပတ်သက်ရင် တချို့တွေက ကျေနပ်ချင်မှ ကျေနပ်မယ်။ ဦးသိန်းစိန် သမ္မတဖြစ်လာတာ ကိုက ပြောရရင် ခေါတ်ပျက်သူကြီး အခြေအနေမှာ ဖြစ်လာတာ။
ဒါကို ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဒီလောက် လုပ်နိုင်ခဲ့တာ တော်တော် အဆင်ပြေတယ် ပြောရမယ်။ တပ်ဖွဲ့တော် တော်များများ ပါအောင် လုပ်နိုင်တာကိုလည်း ချီးကျူးတယ်။ NCA မရှိရင် နိုင်ငံရေး ဆွေးနွေးပွဲ၊ နိုင်ငံရေး မူဘောင်သတ်မှတ်ရေးမှာ ခလုတ်ကန်သင်း ရှိတယ်။ နိုင်ငံရေး ဆွေးနွေးပွဲမှာ နှစ်ဖက်ပဋိပက္ခ မရှိရင်တော့ အကောင်းဆုံးဘဲ" ဟု ဒုတိယ
စစ်ဦးစီးချုပ်မှ ပြောပြသည်။

အစိုးရအနေဖြင့် နိုင်ငံရေးဆွေးနွေးပွဲအား ၂၀၁၆ ခုနှစ် ဇန်နဝါရီလအတွင်း၌
ကျင်းပသွားမည် ဖြစ်ကြောင်း တရားဝင် သတ်မှတ်ထားသည်။ ဒီကေဘီအေ တပ်ဖွဲ့ အနေဖြင့် နိုင်ငံရေး ဆွေးနွေးပွဲတွင် ကိုယ်စားလှယ်ဦးရေ ၂၂ ဦးတက်ရောက်မည် ဖြစ်ကာ ယင်းဦးရေ၏ ၃၀ ရာခိုင်နှုန်းမှာ အမျိုးသမီး ကိုယ်စားလှယ်များ ထည့်သွင်း စေလွှတ်မည်ဟု သိရှိရသည်။

တိုင်းရင်းသား လက်နက်ကိုင် အားလုံးပါဝင်သော ငြိမ်းချမ်းရေးနှင့် စပ်လျဉ်း၍ လည်း လာမည့် အစိုးရ လက်ထက်တွင် ဖြစ်လာ နိုင်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

"နိုင်ငံတစ်ခုရဲ့ Reform ဆိုတာက ဆယ်နှစ်၊ ဆယ်နှစ်ကျော်မှ ရှိလာမှာ ပေါ့နော်။ အကျိုးသက်ရောက်မှုက ရှိလာမှာပေါ့။ ဒီမှာ လက်နက်ကိုင် တပ်ဖွဲ့က ၂၁ ဖွဲ့ဆိုတော့ နောင်အစိုးရ လောက်ဆို ဖြစ်လာမှာပါ" ဟု ဗိုလ်ချုပ်စောမိုရှေးက ဆက်လက် ပြောပြခဲ့သည်။

သတင်း - မင်းဝသ၁န်
The Ladies News Journal

No comments:

Post a Comment

My Blog List