Wednesday, December 30, 2015

ကျောက်ဖြူအထူးစီးပွားရေးဇုန် သတ်မှတ်ရေး သမ္မတအမိန့်ထုတ်ပြန်မည်


ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူအထူးစီးပွားရေးဇုန်အတွက် မြေနေရာ (၄၂၈၉.၃၂) ဧရိယာဧကအတိ အကျသတ်မှတ်ပြီး ယင်းနေရာကို ကျောက်ဖြူ အထူးစီးပွားရေးဇုန်အဖြစ် လွှတ်တော်က သဘောတူသည့်အတွက် သမ္မတမှ တရားဝင် အမိန့် ထုတ်ပြန်ကြေညာသွားမည်သည်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန်အဖြစ် သတ်မှတ်ပေးဖို့အတွက် ဒီဇင်ဘာလ(၂၉) ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲများသည့်အတွက် ကျောက်ဖြူအထူးစီးပွားရေးဇုန်အဖြစ် သမ္မတမှ အမိန့်ထုတ်ပြန်သွားနိုင်မည်ဖြစ်သည်။

ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူအထူးစီးပွားရေဇုန်မြေနေရာအတိကျနှင့် အထူးစီးပွားရေးဇုန်အဖြစ် သမ္မတ မှ အမိန့်ထုတ်ပြန်ရေးအတွက် လွှတ်တော်၏ သဘောထားရယူပြီး စက်ခလုပ်နှိပ် မဲခွဲဆုံးဖြတ်ကြရာ ထောက်ခံမဲ (၄၂၄)မဲ၊ကန့်ကွက်မဲ ( ၂၃)မဲ၊ ကြားနေမဲ(၂) ရှိခဲ့သည်။

ဧရိယာနယ်နမိတ်အတိကျနှင့် အထူးရေးဇုန်အဖြစ် သမ္မတက ၎င်း၏ အစိုးရ သက်တမ်းကုန်ခါးနီးအချိန်တွင် လွှတ်တော်၏ သဘောတူညီချက်ရယူပြီး အမိန့်ထုတ်ပြန်ဖို့ ဆောင်ရွက်ခဲ့ခြင်းကို ရခိုင်းတိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များ ထောက်ပြဆွေးနွေးခဲ့ကြောင်းနှင့် ယင်းအပေါ်တွင်လည်း ပြည်သူများက စိုးရိမ်စိတ်နှင့် သံသယစိတ် ရှိခဲ့ကြောင်း မဲခွဲ ဆုံးဖြတ်မှုမလုပ်ခင် လွှတ်တော် နာယကက ပြောကြားခဲ့သည်။

“သက်တမ်း ကုန်ဆုံးခံနီးအချိန်မှာမှ ကျောက်ဖြူအထူး စီးပွားရေးဇုန်အဖြစ် သတ်မှတ်ဖို့ တင်ပြ အတည်ပြုချက်အပေါ်နဲ့ အစိုးရရဲ့ ကျန်တဲ့ သက်တမ်း အတိုအတွင်းမှာ ဒီလို တင်ပြလာခြင်းဟာ လွှတ်တော်ကိုယ်စားလှယ်များရော ပြည်သူများ သံသယစိတ်နဲ့ စိုးရိမ်စိတ် ရှိတာတော့ အမှန်ပါပဲ" ဟု ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက လွှတ်တော်တွင် ပြောကြားခဲ့သည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်အဖြစ် တရားဝင် အမိန့်ထုတ်ပြန်နိုင်ရန် အတွက် ပြည်ထောင်စုလွှတ်တော်တွင် နှစ်ရက်တာ ဆွေးနွေးခဲ့ပြီး ဆွေးခဲ့မှုအရ အထူးစီးပွားရေဇုန်တည်ထောင်မှုကို ကိုယ်စားလှယ်များ နှစ်သက်ပေမယ့်လည်း ယင်းအထူးစီးပွားရေးဇုန်နှင့် ပါတ်သက်ပြီး အလျင်စလို ဆောင်ရွက်မည်ကို စိုးရိမ်ကြောင်းလည်း သူရ ဦရွှေမန်းက လွှတ်တော်တွင် ပြောကြားခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List