Monday, December 28, 2015

အမျိုးသမီးတွေ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဘယ်လောက်ထိ ပါဝင်နိုင်ပြီလဲ


မြန်မာနိုင်ငံအခြေစိုက် ဆွီဒင်သံရုံးနဲ့ တခြားမိတ်ဖက် အဖွဲ့အစည်းတွေဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်တွေမှာကျား ၊မ တန်းတူညီမျှမှု ပိုမိုဖြစ်ပေါ်လာနိုင်ဖို့အတွက် ဆွေးနွေးပွဲ တစ်ခုကို ပြုလုပ်သွားခဲ့ပါတယ်။လက်ရှိအခြေအနေမှာတော့ မြန်မာ့ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်တွေမှာ အမျိုးသမီးပါဝင်မှုနည်းပါးနေသေးပြီး အမျိုးသမီးတွေကိုယ်နှိုက်ကတော့ အဓိပ္ပါယ်ရှိတဲ့ ပါဝင်မှုမျိုးကိုလိုလားတယ်လို့ ဆိုပါတယ်။
မိကွန်ချမ်းနွန် - ဒုဥက္ကဌ ( မွန်အမျိုးသမီးအဖွဲ့အစည်း)

ငြိမ်းချမ်းရေး ဖြစ်စဉ် မှာ အမျိုးသမီးတွေ ပါဝင်ဖို့ ဆိုတာကလည်းအဓိပ္ပါယ်ရှိတဲ့ ပါဝင်မှုကိုကျမတို့ ဆိုလိုတာဖြစ်ပါတယ်။ အဓိပ္ပါယ်ရှိတဲ့ ပါဝင်မှုဆိုတာကဆုံးဖြတ်ချက် ချတဲ့နေရာမှာပါဝင်မှု ဆိုတော့ ခေါင်းဆောင် တစ်ယောက် အနေနဲ့ ပါဝင်ဖို့ ။ဆိုတော့ တစ်ဝက်သောလူဦးရေကိုကိုယ်စားပြုတဲ့ အမျိုးသမီးတွေရဲ့ပါဝင်မှုဟာဆိုရင် ရေရှည် တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ပိုပြီးတော့ ဖော်ဆောင်လာနိုင်မယ်လို့ ယုံကြည်ပါတယ်။ အဲဒီ့အပြင်ကိုကျမတို့ အမျိုးသမီးတွေကို နေရာပေးလာခြင်းအားဖြင့် ကျတို့ရှေ့အမျိုးသမီးခေါင်းဆောင်ပေါ့နော် စံပြအမျိုးသမီးခေါင်းဆောင်တွေကို တွေ့ရှိလာနိုင်မှာဖြစ်ပါတယ်။

ဒါကတော့ မွန်အမျိုးသမီးအဖွဲ့ရဲ့ ဒုဥက္ကဋ္ဌ မိကွန်ချမ်းနွန်က ထောက်ပြပြောဆိုလိုက်တာပါ။ ဒါ့အပြင် အလွှာအသီးသီးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ အမျိုးသမီးတွေကိုပါဝင်စေလိုက်ရင် အချိန်တိုတွင်းမှာပဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာ အောင်မြင်မှု ပိုရနိုင်တယ်လို့ ပြောထားပါသေးတယ်။

ဒေါ်ဒွဲဘူ - ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ( အင်ဂျားယန်မဲဆန္ဒနယ်)

တကယ်အမျိုးသမီးတွေလည်းဘက်ပေါင်းစုံမှာလှုပ်ရှားနေတဲ့သူတွေဖြစ်တယ်။ ဥပဒေပညာရှင်တွေရှိတယ် စီးပွားရေးပညာရှင်တွေရှိတယ်။ နောက်မှ တကယ် အောက်ခြေမှာဒီမငြိမ်းချမ်းတဲ့နေရာ မှာတကယ် ခံစားနေရတဲ့အတွေ့အကြုံ က လူတွေလည်းပါဝင်ဖို့လိုပါတယ်။ အဲတော့ အလွှာအသီးသီးကပါဝင်မှု ရှိမယ်ဆိုလို့ရှိရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆိုတာဒီမငြိမ်းချမ်းတဲ့ ကိစ္စရပ်တွေ ကိုဖြေရှင်းနိုင်တယ်ဆိုလို့ရှိရင် ငြိမ်းချမ်းရေးကဖြစ်သွားပါပီ။

ဒါပေမဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာပါဝင်မယ့်  အမျိုးသမီးတွေအနေနဲ့ အရင်ဆုံးမိမိကိုယ်ကိုယုံကြည်မှုတည်ဆောက်ဖို့ လိုအပ်ပြီးသတင်းအချက်အလက် နည်းပညာတွေ ရရှိဖို့အတွက်လည်း အရေးကြီးတယ် လို့ သိရပါတယ်။ ဒါ့ပြင် အဖွဲ့အစည်းအသီးသီးအနေနဲ့လည်းအမျိုးသမီးတွေ ပိုပြီးပါဝင်လာနိုင်ဖို့တရားဝင်တောင်းဆိုရမှာဖြစ်ပြီး တွေ့ဆုံညှိနှိုင်းမှုပြုလုပ် တာတွေ၊ ကြေညာချက် ထုတ်ပြန်တာတွေလည်း ပြုလုပ်သွားရမှာဖြစ်ကြောင်း ဆွေးနွေးပွဲမှာပြောကြားသွားပါတယ်ရှင်။

မဇ္ဈိမ

မြန်မာနိုင်ငံအခြေစိုက် ဆွီဒင်သံရုံးနဲ့ တခြားမိတ်ဖက် အဖွဲ့အစည်းတွေဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်တွေမှာကျား ၊မ တန်းတူညီမျှမှု ပိုမိုဖြစ်ပေါ်လာနိုင်ဖို့အတွက် ဆွေးနွေးပွဲ တစ်ခုကို ပြုလုပ်သွားခဲ့ပါတယ်။

လက်ရှိအခြေအနေမှာတော့ မြန်မာ့ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်တွေမှာ အမျိုးသမီးပါဝင်မှုနည်းပါးနေသေးပြီး အမျိုးသမီးတွေကိုယ်နှိုက်ကတော့ အဓိပ္ပါယ်ရှိတဲ့ ပါဝင်မှုမျိုးကိုလိုလားတယ်လို့ ဆိုပါတယ်။

မိကွန်ချမ်းနွန် - ဒုဥက္ကဌ ( မွန်အမျိုးသမီးအဖွဲ့အစည်း)

ငြိမ်းချမ်းရေး ဖြစ်စဉ် မှာ အမျိုးသမီးတွေ ပါဝင်ဖို့ ဆိုတာကလည်းအဓိပ္ပါယ်ရှိတဲ့ ပါဝင်မှုကိုကျမတို့ ဆိုလိုတာဖြစ်ပါတယ်။ အဓိပ္ပါယ်ရှိတဲ့ ပါဝင်မှုဆိုတာကဆုံးဖြတ်ချက် ချတဲ့နေရာမှာပါဝင်မှု ဆိုတော့ ခေါင်းဆောင် တစ်ယောက် အနေနဲ့ ပါဝင်ဖို့ ။ဆိုတော့ တစ်ဝက်သောလူဦးရေကိုကိုယ်စားပြုတဲ့ အမျိုးသမီးတွေရဲ့ပါဝင်မှုဟာဆိုရင် ရေရှည် တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကိုပိုပြီးတော့ ဖော်ဆောင်လာနိုင်မယ်လို့ ယုံကြည်ပါတယ်။ အဲဒီ့အပြင်ကိုကျမတို့ အမျိုးသမီးတွေကို နေရာပေးလာခြင်းအားဖြင့် ကျတို့ရှေ့အမျိုးသမီးခေါင်းဆောင်ပေါ့နော် စံပြအမျိုးသမီးခေါင်းဆောင်တွေကို တွေ့ရှိလာနိုင်မှာဖြစ်ပါတယ်။

ဒါကတော့ မွန်အမျိုးသမီးအဖွဲ့ရဲ့ ဒုဥက္ကဋ္ဌ မိကွန်ချမ်းနွန်က ထောက်ပြပြောဆိုလိုက်တာပါ။ ဒါ့အပြင် အလွှာအသီးသီးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ အမျိုးသမီးတွေကိုပါဝင်စေလိုက်ရင် အချိန်တိုတွင်းမှာပဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာ အောင်မြင်မှု ပိုရနိုင်တယ်လို့ ပြောထားပါသေးတယ်။

ဒေါ်ဒွဲဘူ - ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ( အင်ဂျားယန်မဲဆန္ဒနယ်)

တကယ်အမျိုးသမီးတွေလည်းဘက်ပေါင်းစုံမှာလှုပ်ရှားနေတဲ့သူတွေဖြစ်တယ်။ ဥပဒေပညာရှင်တွေရှိတယ် စီးပွားရေးပညာရှင်တွေရှိတယ်။ နောက်မှ တကယ် အောက်ခြေမှာဒီမငြိမ်းချမ်းတဲ့နေရာမှာတကယ် ခံစားနေရတဲ့အတွေ့အကြုံ က လူတွေလည်းပါဝင်ဖို့လိုပါတယ်။ အဲတော့ အလွှာအသီးသီးကပါဝင်မှု ရှိမယ်ဆိုလို့ရှိရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆိုတာဒီမငြိမ်းချမ်းတဲ့ ကိစ္စရပ်တွေကိုဖြေရှင်းနိုင်တယ်ဆိုလို့ရှိရင် ငြိမ်းချမ်းရေးကဖြစ်သွားပါပီ။

ဒါပေမဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာပါဝင်မယ့်  အမျိုးသမီးတွေအနေနဲ့ အရင်ဆုံးမိမိကိုယ်ကိုယုံကြည်မှုတည်ဆောက်ဖို့ လိုအပ်ပြီးသတင်းအချက်အလက် နည်းပညာတွေ ရရှိဖို့အတွက်လည်း အရေးကြီး တယ်လို့ သိရပါတယ်။ ဒါ့ပြင် အဖွဲ့အစည်းအသီးသီးအနေနဲ့လည်းအမျိုးသမီးတွေ ပိုပြီးပါဝင်လာနိုင်ဖို့တရားဝင်တောင်းဆိုရမှာဖြစ်ပြီး တွေ့ဆုံညှိနှိုင်းမှုပြုလုပ် တာတွေ၊ ကြေညာချက် ထုတ်ပြန်တာတွေ လည်းပြုလုပ်သွားရမှာဖြစ်ကြောင်း ဆွေးနွေးပွဲမှာပြောကြားသွားပါတယ်ရှင်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List