Tuesday, December 29, 2015

ဆန္ဒပြမှုနောက်ကွယ်က ကြိုးကိုင်သူကို ရှာဖွေဖို့ ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲအမိန့်ထုတ်


လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်ပြီး ဆန္ဒပြ မြန်မာများ၏ နောက်ကွယ်မှ သွေးထိုးလှုံဆော် ကြိုးကိုင်နေသည့် အုပ်စုကို ရှာဖွေဖို့ ထိုင်းရဲတပ်ဖွဲ့က ပြုလုပ်နေတယ်လို့ ရဲတပ်ဖွဲ့ အကြီးအကဲ Chakthip Chaijinda က ပြော လိုက်ပါတယ်။ မြန်မာလူငယ် ၂ဦး သေဒဏ်ချမှုမှာ ဆန္ဒပြပွဲတွေဖြစ်လာစေဖို့ အုပ်စုတစုက နိုင်ငံရေးရည်ရွယ် ချက်နဲ့ မီးထိုးပေးနေတယ်လို့လည်း စွပ်စွဲလိုက်ပါတယ်။
ဆန္ဒပြသူတွေဟာ ကြာသပတေးနေ့ကတည်းက ရန်ကုန်က ထိုင်းသံရုံး၊ တာချီလိတ်၊ ဘုရားသုံးဆူ စတဲ့ နေရာ တွေမှာ ဆန္ဒပြဖို့ နေရာယူထားတာဖြစ်ပြီး၊ ဂျပန်က ထိုင်းသံရုံးရှေ့မှာ ဆန္ဒပြသလို သီရိလင်္ကာက ဘုန်းကြီးတွေ နဲ့ ချိတ်ပြီး ထိုင်းသံရုံးရှေမှာ ဆန္ဒပြခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရေးဝန်ကြီးဌာနကတော့ ဆန္ဒပြပွဲများ နောက်ကွယ်တွင် မည်သည့် အုပ်စုကမှရှိမနေဘူးလို့ ဆိုလိုက်ပါတယ်။

အရင်ကလည်း မြန်မာ ၁၂၆ဦးကို လူသတ်မှုနဲ့ အရေးယူခဲ့ပေမယ့် အခုလို ဆန္ဒပြတာတွေမဖြစ်ခဲ့ဘူး၊ ဒီအမှုမှာတော့ တချို့အုပ်စုတွေဟာ တရားရုံးဆုံးဖြတ်ချက်ကို အတိုက်အခံလုပ်ဖို့ ပြုလုပ်နေတဲ့အတွက် ထိုင်းရဲတပ်ဖွဲအနေနဲ့ ဒါတွေကို တားဆီးသွားမယ်လို့ ဆိုပါတယ်။

အထူးသဖြင့် ရဲအထူးစုံစမ်းရေး အဖွဲ့တွေအနေဲ့ မြန်မာလူထုကို သွေးထိုးလှုံဆော်သူကို ရှာဖွေနေဖို့ အမိန့်ပေး ထားတယ်လို့ ရဲတပ်ဖွဲ့ အကြီးအကဲ Chakthip Chaijinda ကပြောလိုက်ပါတယ်။

ဧရာဝတီ

No comments:

Post a Comment

My Blog List