Tuesday, December 29, 2015

ရွေးကောက်ပွဲ ကန့်ကွက်လွှာပေါင်း ၄၀ အထိရှိလာ


၂၀၁၅ ရွေးကောက်ပွဲအတွက် ကန့်ကွက်လွှာတွေ တင်သွင်းလာကြရာမှာ ဒီဇင်ဘာ ၂၈ ရက်နေ့အထိ အစောင်ပေါင်း ၄၀ အထိ ရှိလာတယ်လို့ ရွေးကောက်ပွဲခုံရုံးဌာန ညွှန်ကြားရေးမှူး ဦးညွန့်တင်က ပြောပါတယ်။ တင်သွင်းလာတဲ့ ကန့်ကွက်လွှာတွေကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှာ ခုံရုံးဖွဲ့ စစ်ဆေးနေတာပါ။
ဒီထဲမှာ အမှု ၃၃ မှုအတွက်ကတော့ လျှောက်ထားခံရသူကို အကြောင်းကြားထားပြီး ဖြစ်ပါတယ်။

၂၇ မှုအတွက် လာမယ့် ဇန်န၀ါရီ ၆ ရက်နေ့အထိ ရက်ချိန်းတွေပေးထားပြီး ကျန်အမှုတွေအတွက်ကတော့ မပေးရသေးပါဘူး။

ကန့်ကွက်လွှာတင်သွင်းတာ အများဆုံးကတော့ ပြည်ခိုင်ဖြိုးပါတီဖြစ်ပြီး ၁၇ မှု ရှိပါတယ်။

ပြီးတော့ အန်အယ်လ်ဒီပါတီက ၉ မှု၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ၂ မှု၊ ၀ အမျိုးသား စည်းလုံးညီညွတ်ရေးပါတီက ၃ မှု၊ ရခိုင်အမျိုးသားပါတီနဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်က ၁ မှုစီ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၂၈ ရက်အထိ အမှု ၅ မှုကို စတင်ကြားနာနိုင်ခဲ့ပြီးလည်း ဖြစ်ပါတယ်။

DVB

No comments:

Post a Comment

My Blog List