Wednesday, December 30, 2015

သေဒဏ်ကျ မြန်မာနှစ်ဦးအတွက် မဘသ ဆန္ဒထုတ်ဖော်စဉ် ဆန့်ကျင် ပြောသည့် အမျိုးသားတစ်ဦးကြောင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွား


သေဒဏ်ကျခံရသည့် မြန်မာနှစ်ဦး လွတ်မြောက်ရန် မဘသဆရာတော်များ ဦးဆောင်၍ ဗဟန်းမြို့နယ်ရှိ ဗိုလ်စိန်မှန်ကွင်းတွင် ဆန္ဒထုတ်ဖော်ပွဲပြုလုပ် နေစဉ် ဟောပြောချက်များအပေါ် အမျိုးသား တစ်ဦးကဆန့်ကျင်ဘက်များ ပြောဆိုသဖြင့် ပွဲအတွင်း ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း သတင်းရ ရှိသည်။
ဆန့်ကျင်ဘက်များ ပြောဆို နေသည့် အမျိုးသားအား လာရောက်နားထောင် နေသော အမျိုး သားများက ၀င်တား၊ ၀င်ဆွဲပြု လုပ်သဖြင့် ရုန်းရင်းဆန် ခတ်ဖြစ် ပွားခဲ့ပြီး ရပ်ကွက် တာဝန်ရှိသူ များနှင့် လုံခြုံရေးတာဝန်ယူထား သော ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့ သည်။

‘‘ဒီကောင်လေးက နားသိပ် မကောင်းဘူး။ ရပ်ကွက်က လူ တွေက ထိန်းသိမ်းလိုက်တာ။ သူ မေးကြည့်တဲ့အခါမှာ နားမကြား မှန်းသိတဲ့အတွက် ပြန်လွှတ်ပေး လိုက်တယ်။ ဖမ်းဆီးထားတာ မရှိ ဘူး။ ရဲစခန်းလည်း မခေါ်ထား ဘူး’’ဟု အနောက်ပိုင်းခရိုင်မှ ဒုရဲမှူးကြီး ကျော်ထွဋ်က 7Day Daily သတင်းစာအား ဖြေသည်။

သေဒဏ်ကျ မြန်မာနိုင်ငံ သား နှစ်ဦး လွတ်မြောက်ရေးအ တွက် မဘသ ဦးဆောင်ဆရာ တော်တစ်ပါးဖြစ်သူ မကွေးဆရာ တော် ဦးပါမောက္ခ ဦးဆောင်၍ ဗိုလ်စိန်မှန်အားကစားကွင်းတွင် ဆန္ဒထုတ်ဖော်ခဲ့ပြီးနောက် ထိုင်း သံရုံးအထိ လူနှစ်ရာခန့် ချီတက် ဆန္ဒပြခဲ့ကာ ထိုင်းသံရုံးတာဝန်ရှိ သူထံသို့ အိတ်ဖွင့်ပေးစာပေးပို့ခွင့်ရခဲ့သည်။

ဒီဇင်ဘာ ၂၉ ရက် နေ့လယ် ပိုင်းတွင် ထိုင်းသံရုံးသို့ မဘသ ဆရာတော် သုံးပါး၊ လူနှစ်ဦးက ထိုင်းတာဝန်ရှိသူအချို့နှင့် ငါးမိ နစ်ခန့် တွေ့ဆုံ ဆွေးနွေးခွင့်ရခဲ့သည်။ ထိုင်းဘုရင်မင်းမြတ်နှင့် ထိုင်းအစိုးရသို့ ပေးပို့သော အိတ်ဖွင့်ပေးစာကို ထိုင်းနိုင်ငံသို့ အမြန်ဆုံးပေးပို့မည်ဟု ထိုင်းသံရုံး က ကတိပေးခဲ့သည်။

ထိုင်းနိုင်ငံကို အိမ်နီးချင်း ကောင်းအဖြစ် နေထိုင်လိုပြီး ပြ ဿနာ တစ်စုံတစ်ရာ မဖြစ်လို ကြောင်း၊ နှစ်ထောင်ချီကြာဘာ သာချင်းတူ မေတ္တာတရားထား၍ အစဉ်လက်တွဲ နေသွားချင် ကြောင်း မဘသအား ပြောကြားခဲ့ သည်။

လူမျိုးကို ထိခိုက်လာလျှင် ကိုယ်လူမျိုးက ပြစ်မှုမကျူးလွန် ဘဲ သေဒဏ်ပေး ခံရမည့် ရဟန်းကို မဆိုထားနှင့် အဟိတ်တိ ရစ္ဆာန်ဖြစ်သော ကျီးကန်းတောင် အမျိုးကိုထိလျှင် ၀ိုင်းအာ ကြောင်း၊ မျက်ခွက်ကို အတောင် ဖြင့် ခတ်ကြောင်း မကွေးဆရာ တော် ဦးပါမောက္ခက မိန့်သည်။

‘‘သူတို့နှစ်ဦး မပြောကောင်း မဆိုကောင်း တစ်ခုခုလက်လွန် ခြေလွန်ဖြစ် မယ်ဆိုရင် သံဃာ ချွတ်ပြီး စစ်တိုက်ရမှာ အကြောင်း မဟုတ်ဘူး။ အဲဒီစကားက ခုလည်းအဲဒီလိုပဲပြောမယ်။ နောင် လည်း အဲလိုပဲပြောမယ်။ ဘုန်းကြီးလူမျိုးထိ သွားရင်တော့ ငါ့ရဟန်းပဲဆိုပြီး သည်းခံနေမှာ မဟုတ်ဘူး’’ ဟု ဆရာတော်က ထိုင်းသံရုံးနှင့် ညှိ နှိုင်းအပြီး ဖြေကြားသည်။

မဘသဆရာတော်များ ဦး ဆောင်၍ ထိုင်းနိုင်ငံတွင် သေဒဏ်ကျခံရသော မြန်မာနိုင်ငံသား နှစ် ဦး လွတ်မြောက်ရေးအတွက် ရန် ကုန်မြို့ ဗဟန်းမြို့ နယ် ဗိုလ်စိန် မှန်အားကစားကွင်းတွင် ဒီဇင်ဘာ ၂၉ ရက်နေ့လယ် ၁ နာရီ၌ ဆန္ဒပြခဲ့ကြသည်။ အဆိုပါဆန္ဒ ပြပွဲတွင် မကွေးဆရာတော် ဦး ပါမောက္ခမှ တိုင်းပြည်နှင့် လူမျိုး အတွက် လိုအပ်ပါက လူဝတ်လဲ ပြီး သေနတ်ကိုင် စစ်မှုထမ်းမည် ဟု မိန့်ကြားခဲ့သည်။

မဘသဆရာတော်များအ ပြင် မြန်မာအမျိုးသားရေးကွန် ရက်ဥက္ကဋ္ဌ ဦးဝင်းကိုကိုလတ်နှင့် အထွေထွေအတွင်းရေးမှူး နောင် တော်လေးတို့ ဦးဆောင်ပါဝင်ခဲ့ သည်။

7Day News Journal

No comments:

Post a Comment

My Blog List