Monday, December 28, 2015

လိပ်ကျွန်းအမှုအတွက်ဆန္ဒပြသူများကို ထိုင်းဝန်ကြိးချုပ် ဒေါသတကြိးဝေဖန်


ခိုတောင်ကျွန်းလူသတ်မှုနှင့် ပတ်သတ်၍ မြန်မာနိုင်ငံအတွင်း ဆန္ဒပြနေသူများကို ထိုင်းဝန်ကြီးချုပ် ပယာယွတ် ချန်အိုချာက ဝေဖန်တိုက်ခိုက် ပြောကြားလိုက်သည်။ ဝန်ကြီးချုပ်က ဆန္ဒပြသူများအနေဖြင့် တရားရုံးဆုံးဖြတ်ချက်နှင့် ထိုင်းတရား ရေးစနစ်ကို လေးစားသင့်သည်ဟု ပြောကြားသည်။ဒေါသထွက်နေပုံပေါ် သည့် ဝန်ကြီးချုပ်က ဆူရက်ဌာနီအသွား လေယာဉ်ပေါ်မတက်မီတွင် "သူတို့ အယူခံဝင်ခွင့်ရှိတယ်၊ ဟုတ်လား။ တစ်ကမ္ဘာလုံးက ဥပဒေတွေမှာ ဒီလိုပဲ ရှိတယ်။
ထိုင်းဥပဒေမှာ မရှိရဘူးလား။ ဖိအားပေးခံရတာနဲ့ အကုန်လွှတ်ပေးရမှာလား " ဟု မီဒီယာများကို ပြောကြားခဲ့သည်။

တရားရေးစနစ်ကို လေးစားသင့်ကြောင်းနှင့် လူထုက ဖိအားပေးသည်ကို လက်ခံမည် မဟုတ်ကြောင်း ထိုင်းစစ်တပ် အာဏာသိမ်းခေါင်းဆောင် ၀န်ကြီးချုပ် ပရာယုချန်အိုချာက ပြောသည်။

ကျန်တော်တို့က ဆန္ဒပြဖိအားပေးတာလည်း ပေးကြပေါ့ဗျာ ဒါပေမဲ့လည်း စည်းလွတ်ဝါးလွတ်ပြောဆိုလုပ်ကိုင်နေတာတွေက မကောင်းဘူး။အမှုက ကမ္ဘာကသိတယ် အယူခံအဆင့်လည်း ရှိသေးတာပဲ။ အခုဆိုရင်ပဲ ထိုင်း ၀န်ကြိးချုပ်က ပြောလာပြီလေ။ ဟု ထိုင်းနိုင်ငံတွင် နှစ်ပေါင်းများစွာနေထိုင် ခဲ့ပြီး ထိုင်းရေးရာကျွမ်းကျင်သူတဦးဖြစ်သည့် ကိုကျော်လင်းဥိးက မှတ်ချက်ပြုပြောဆိုသည်

The Ladies News Journal

No comments:

Post a Comment

My Blog List